သေဆုံးခါနီးသတိလစ်နေတဲ့ မိခင်ဆင်မကြီးကို ပြန်နိုးလာမလားလို့ လှုပ်နှိုးနေတဲ့ ဆင်ပေါက်လေး

အကောင်တစ်ရာခန့်ရှိ ဆင်အုပ်ကြီးတစ်အုပ်ဟာ အိန္ဒိယနိုင်ငံ Tezpur ဒေသက ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုကို
ဖြတ်ပြီး မနီးမဝေးမှာရှိတဲ့ တောအုပ်ထဲကို ၀င်ရောက်သွားခဲ့ကြပါတယ်။ ဒီဖြစ်စဉ်မှာ ကံဆိုးတဲ့ ဆင်မကြီးတစ်ကောင်က
တော့ ဆောက်လုပ်ရေး လုပ်ငန်းခွင်က ပေ(၂၀)အနက် တွင်းကြီးထဲကို ပြုတ်ကျကာ သတိလစ်မေ့မျော့သွားခဲ့ပါတယ်။

မိခင်ဆင်မကြီး ကျရောက်ရာနောက်ကို ဆင်ပေါက်ကလေးလည်း ပါသွားခဲ့ပေမယ့် ၎င်းကတော့ ဒဏ်ရာမရခဲ့ပါဘူး။ သူဟာ မိခင်ဆင်မကြီး အိပ်ပျော်နေတယ်အထင်နဲ့ နှိုးနေခဲ့တာကို မြင်တွေ့ရလိုက်တဲ့ ခဏမှာတော့ တော်တော်လေး ရင်နာ
ဖွယ်ပါဘဲ။ တိရစ္ဆာန်ပေမယ့် မိခင်ကို တွယ်တာတဲ့ စိတ်ဟာ လက်ရှိ လူ့လောကမှာ ဖြစ်ပျက်နေတဲ့ တစ်ချို့သောအဖြစ်အပျက်တွေနဲ့ နှိုင်းယှဉ်တဲ့အခါ သာလွန်နေပါတယ်။

ဆင်ပေါက်ကလေးဟာ မိခင်ဆင်မကြီးကို နှာမောင်းနဲ့ ပွေ့ထူလိုက်၊ ကိုယ်ချင်းတိုက်လိုက်၊ ကျီကနဲ့ အသံပြုလိုက်နဲ့ အိပ်
စက်နေတယ်အထင်နဲ့ ရအောင် နှိုးနေရှာပါသေးတယ်။ ဒီဆင်ပေါက်ကလေးသာ လူစကား ပြောတတ်မယ်ဆိုရင် ” အမေ ထထ … အဖော်ဆင်တွေက ကျွန်တော်တို့ကို ထားခဲ့ပြီ “လို့ ကြားရလောက်မယ် ထင်ပါတယ်။

READ
ငွေလှည့်မှုတွေနဲ့အဖမ်းခံနေရတဲ့ ဂျာမန်အထက်တန်းလွှာမိသားစုကဆိုတဲ့မိန်းကလေး

ဆင်မကြီးဟာ ပြုတ်ကျတဲ့ ဒဏ်ကြောင့် ခြေထောက်ကျိုးခဲ့ရသလို၊ သတိလစ်မေ့မျော့မှုကနေ မနိုးထနိုင်သေးပါဘူး။ ၎င်းတို့ ပြုတ်ကျနေတဲ့နေရာကို ရွာသူရွာသားတွေနဲ့ ကယ်ဆယ်ရေးလုပ်သားတွေက ၀ိုင်းဝန်းပြီး ဆင်မကြီးကို တွင်းအပေါ်
ရောက်အောင် ဆင်ယဉ်တစ်ကောင်ရဲ့ အကူအညီနဲ့ တင်ခဲ့ပါတယ်။

ဆင်ပေါက်ကလေးအတွက် လိုအပ်တဲ့ နို့နဲ့၊ အစားအစာတွေကိုလည်း ရှာဖွေကျွေးမွေးခဲ့ကြပါတယ်။ သစ်တောဦးစီးဌာက လက်ရှိအချိန်မှာ ဆင်မကြီးကို ကုသပေးလျှက်ရှိနေပြီး နဂိုကျန်းမာရေးအခြေအနေ ပြန်ရောက်ဖို့ အနီးကပ်စောင့်ကြည့်နေ
ကြောင်း ထုတ်ပြန်ကြေငြာခဲ့ပါတယ်။

နတ်စည်တော် (Shwemom)

source : thesun.co.uk

SHARE