သေပြီထင်နေရာမှ အသုဘအခမ်းအနားမှာ အံ့သြဖွယ် သတိပြန်လည်လာတဲ့ ကလေးမလေး

ဟွန်ဒူရပ်စ်မှာ ကြေကွဲဝမ်းနည်းနေရှာတဲ့မိခင်တစ်ဦးဟာ (၇)သားအရွယ်သမီးကလေး သေဆုံးသွားတာကြောင့် အသုဘအခမ်းအနားကျင်းပနေတုန်းမှာ ရုတ်တရက် သမီးဖြစ်သူက အသက်ပြန်ရှူလာတာကို ၀မ်းမြောက်ဖွယ် သိခဲ့ရပါတယ်။ သြဂုတ်လ(၃)ရက်နေ့တုန်းက ကိုင်လင်းအမည်ရတဲ့ ကလေးမလေးဟာ ဘက်တီးရီးယားပိုး ကူးစက်ခံရတာကြောင့် ကလေးရဲ့အရေပြားဟာ ဖူးယောင်လာခဲ့ပါတယ်။ ဒါ့အပြင် ကလေးက ၀မ်းပျက်ဝမ်းလျောနဲ့ ပြင်းပြင်းထန်ထန် ရေဓာတ်ခန်းခြောက်တာတွေပါ ဖြစ်ပွားခဲ့ပါတယ်။

CENTRAL EUROPEAN NEWS

ကလေးကို ရီဗာဆေးရုံက ကလေးအထူးကုဆောင်တင်ခဲ့ပြီး (၄)ရက်ကြာတဲ့အခါမှာတော့ ဆရာဝန်တွေက သေဆုံးပြီဆိုပြီး လက်လျော့လိုက်ကြပါတယ်။ ဒါကြောင့် ကိုင်လင်းရဲ့ မိခင်နဲ့ အဒေါ်တို့က အသုဘအခမ်းအနားကျင်းပဖို့အတွက် ပြင်ဆင်ပြီး ကလေးကို ဘုရားရှိခိုးကျောင်းဆီ ခေါ်လာခဲ့ကြပါတယ်။

CENTRAL EUROPEAN NEWS

မိခင်ဖြစ်သူ အိဗ်က်ဟာ နွမ်းပါးရှာတဲ့အတွက် ကလေးခေါင်းတလားတစ်ခုတောင် မ၀ယ်နိုင်ခဲ့ပါဘူး။ ဒါကြောင့် ကလေးရဲ့ အလောင်းကို ထိုင်ခုံတစ်ခုံပေါ်မှာပဲ တင်ထားခဲ့ပါတယ်။ ထိုစဉ်မှာပဲ အိဗ်က ကိုင်လင်းလေးဟာ အသက်ရှူနေသေးတာကို အံ့သြဖွယ် သိရှိရပါတော့တယ်။ အိဗ်ဟာ ချက်ခြင်းပဲ ဒေသဆေးခန်းကိုပြေးပြီး ဆရာဝန်တွေကို အကူအညီတောင်းခဲ့တာကြောင့် ကလေးကို အထူးကြပ်မတ်ဆောင်ဆီ ပြန်ပို့ပေးထားပါတယ်။ ဆေးရုံနဲ့ ကလေးအထူးကုဌာနက ဆရာဝန်ကြီးကတော့ ကလေးကို ဆက်လက်ကုသနေဆဲဖြစ်ပြီး မှတ်ချက်ပေးလို့ မရသေးကြောင်း ပြောပြခဲ့ပါတယ်။

READ
လက်သည်းကိုက်တတ်တဲ့ အကျင့်ကြောင့် အသက်အန္တရာယ် ကြုံခဲ့ရသူတစ်ဦး
CENTRAL EUROPEAN NEWS

လင်းလင်း (ShweMom)

Ref: Sun

SHARE