အရမ်းကိုလိုက်ဖက်လွန်းတဲ့ ပုံစံနဲ့ ပွဲတက်လာခဲ့တဲ့ သားဂန်းနဲ့ ဘေဘီမောင်တို့စုံတွဲ

နာမည်ကျော် အဆိုတော်တစ်ယောက်အဖြစ် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိနေတဲ့ သူတစ်ယောက်ဖြစ်တဲ့ သားဂန်းနဲ့ မင်းသမီးတစ်ယောက်ဖြစ်တဲ့ ဘေဘီမောင်တို့စုံတွဲကတော့ မကြာသေးခင်အချိန်ကမှ ပရိသတ်တွေကို သူတို့ရဲ့ အချစ်ရေးကို ဖွင့်ဟပြောဆိုလာခဲ့တာဖြစ်ပါတယ်။ သာယာအေးချမ်းတဲ့အချစ်ရေးကို ပိုင်ဆိုင်ထားတဲ့ စုံတွဲလေးဖြစ်တာကြောင့် ပရိသတ်တွေရဲ့ အားပေးမှုတွေကိုလည်း ရရှိထားတဲ့ အနုပညာစုံတွဲဖြစ်ပါတယ်။

ဘေဘီမောင်ကတော့ ပြီးခဲ့တဲ့ နေ့မှာလည်း သူတို့ရဲ့ စုံတွဲဓါတ်ပုံလေးတွေကိုပရိသတ်တွေကိုမျှဝေပေးထားပါတယ်။ အနက်ရောင်ဖက်ရှင်လေးကို လိုက်ဖက်ညီအောင်ဝတ်ဆင်ထားတဲ့ သားဂန်းနဲ့ ဘေဘီမောင်တို့စုံတွဲရဲ့ ဓါတ်ပုံတွေကိုတော့ ပရိသတ်တွေကလည်း အရမ်းကို သဘောကျနေကြပါတယ်။

ဘေဘီမောင်နဲ့ သားဂန်းတို့ စုံတွဲကို ချစ်ကြတဲ့ ပရိသတ်တွေအတွက် ဓါတ်ပုံတွေကိုတင်ဆက်ပေးလိုက်ပါတယ်။ သူတို့ရဲ့ အနုပညာလှုပ်ရှားမှုတွေကိုလည်း အားပေးလိုက်ပါဦးနော် ပရိသတ်ကြီးရေ။

Source: baby maung

SHARE