မဂ္ဂဇင်းတစ်ခုမှာ အတူတွဲပြီး တွေ့ရတော့မယ့် ဘေဘီမောင်နဲ့ သားဂန်းတို့စုံတွဲ

ဖေစ်ဘုတ် ပရိသတ်တွေကြားမှာ နာမည်ကြီးတဲ့ သူတစ်ယောက်ဖြစ်ပြီး သရုပ်ဆောင်တစ်ယောက်အဖြစ် အနုပညာလှုပ်ရှားမှုတွေ ပြုလုပ်နေတဲ့သူ တစ်ယောက်ဖြစ်တဲ့ ဘေဘီမောင်နဲ့ နာမည်ကျော် အဆိုတော် သားဂန်းတို့ကတော့ သူတို့ရဲ့ နှစ်ယောက်ရဲ့ အချစ်ရေးကို ပရိသတ်တွေကို အတိအလင်း ထုတ်ပြောထားတာဖြစ်ပြီး ပရိသတ်တွေရဲ့ ချစ်ခင်မှုတွေကို ရရှိနေတဲ့ အနုပညာရှင်စုံတွဲ ဖြစ်ပါတယ်။

သူတို့နှစ်ယောက်ကတော့ လတ်တလောမှာ အနုပညာလှုပ်ရှားမှု တစ်ခုကိုလည်း အတူတွဲပြီး ပြုလုပ်နေတာဖြစ်ပါတယ်။ ဘေဘီမောင်နဲ့ သားဂန်းတို့ကတော့ မဂ္ဂဇင်းတစ်ခုအတွက် ကာဗာဓါတ်ပုံတွေကို ရိုက်ကူးပေးနေတာ ဖြစ်ပါတယ်။ လိုက်ဖက်တဲ့ စုံတွဲလေးဖြစ်တဲ့ ဘေဘီမောင်နဲ့ သားဂန်းတို့စုံတွဲရဲ့ မဂ္ဂဇင်းဓါတ်ပုံ ရိုက်ကွင်းက ဓါတ်ပုံတွေကိုတော့ ဘေဘီမောင်က သူမရဲ့ ဖေစ်ဘုတ်ပေါ်မှာ တင်ပေးထားတာ ဖြစ်ပါတယ်။

ဘေဘီမောင်နဲ့ သားဂန်းတို့ရဲ့ ဓါတ်ပုံလေးတွေကို ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ အနုပညာလှုပ်ရှားမှုတွေကိုလည်း အားပေးလိုက်ပါဦးနော် ပရိသတ်ကြီးရေ။

READ
IG မှာ ပုံအလန်းတွေ တင်လိုက်တဲ့ Jacqueline Fernandez

Source: Baby Maung

SHARE