ဆန်အိတ် (၂၀)အလှူပေးခဲ့တဲ့ ဘေဘီမောင်နဲ့ သူငယ်ချင်းတစ်စု

Image:Fb/Baby Maung

မြန်မာနိုင်ငံမှာတော့ COVID-19 ကူးစက်ခံရသူ ကတော့အ ခုဆိုရင် (၁၄)ဦးအထိ ရှိသွားပါပြီ။ အလွန် အကျွံ ကူးစက်ပြန့်ပွား Outbreak မဖြစ် ရေး အတွက် ပြည်သူတစ်ရပ်လုံး ၀ိုင်းဝန်းကူညီပေးဖို့ ကျန်းမာရေးဝန်ကြီး ဌာနကလည်း တိုက်တွန်း နေပါတယ်။အနုပညာရှင်တွေ၊ပုဂ္ဂိလက စီးပွားရေးလုပ်ငန်းရှင်တွေ နဲ့ တခြား ကူညီ လိုစိတ် ရှိသူတွေ ကလည်း COVID-19 ကာကွယ်ကုသ ရေး အတွက် တက်နိုင်သမျှ ၀ိုင်းဝန်းကူညီပေးနေပါတယ်။

ကျန်းမာရေးဝန်ထမ်းတွေ ကို လှူဒါန်း ကူညီပေးနေတဲ့သူတွေ ရှိသလို COVID-19 ရဲ့ နောက်ဆက်တွဲ ဂယက် ကြောင့် ဖြစ် ပေါ်လာရတဲ့ စီးပွားရေးရိုက်ခတ်မှုတွေ ကြောင့် ဒုက္ခရောက်နေကြတဲ့ သူတွေကို ကူညီပေးနေတဲ့သူတွေ လည်း ရှိပါတယ်။ဘေဘီ မောင်နဲ့ သူငယ်ချင်းတစ်စု ကလည်း အခြေခံ လူတန်းစားတွေ အတွက် ဆန်အိတ် (၂၀) လှူဒါန်း ပေးခဲ့ကြပါတယ်။

Image:Fb/Baby Maung

“ချစ်ရတဲ့ကျမရဲ့ဒုတိယမိသားစုနဲ့မနက်ဖြန်ကျရင် ဆန်လှူမယ့် မိသားစုလေးနဲ့ပါ ဆန်အိတ်တွေ လာပို့ရင်းညေ့်ခံကျွေးမွေး☺️ဆန်အိတ်၂၀ ပါရှင့် မနက်ဖြန်ညနေ၆နာရီလောက်ပါရှင့် ☺️…” ဆိုပြီး ဘေဘီ မောင်က သူမရဲ့ အလှူ အတွက် အသိပေး ခဲ့ပါတယ်။သူမရဲ့ သူငယ်ချင်း မေပန်းချီ ကလည်း Fb မှာ ….

Image:Fb/May Pan Che

“ဒီနေ့ ညနေ(၅)နာရီ အရှေ့ဒဂုံ ဦးမြူ လမ်းပေါ်မှာပန်းချီ ရယ်ဘေဘီမောင် နဲ့သူငယ်ချင်းတစ်စု ဆန်အိတ်(၂၀)အလှူ ရှိပါတယ် ရှင်လူစုလူဝေး မဖြစ်အောင်လဲ (၃)ပေအကွာ ကနေ စနစ်တကျ လှူတဲ့ သူရော လာသမျှ့ လူပါစနစ်တကျဖြစ်အောင် ပြင်ဆင်ထားပါတယ် ရှင် အားလုံး ကပ်ဆိုးကြီးမှအမြန်ကျော်လွှာနူိင်ကျပါစေ..” ဆုိၿပီး မေပန်းချီ ရဲ့ Fb မှာ တင်ထားပါတယ်။

Image:Fb/Baby Maung

တတ်နိုင်သလောက်အလှူဒါနလေးတော့အောင်မြင်ခဲ့ပီ☺️ဘေဘီနဲ့အတူသဒ္ဒါတရားထက်သန်စွာနဲ့ဝိုင်းဝန်းကူညီလှူဒါန်းပေးခဲ့သောဘေဘီရဲ့ချစ်ရတဲ့မိတ်ဆွေသူငယ်ချင်းအပေါင်းများနဲ့အတူဒိုင်ဇိုင်နာမမစုမြတ်နိုးတို့ကိုလည်းကျေးဇူးတင်ပါတယ်ရှင့်☺️

Posted by Baby Maung on Monday, March 30, 2020

Source:Fb/Baby Maung & May Panche

READ
အားပေးကြမ်းတဲ့ ပရိသတ်တွေထိခိုက်မှာစိုးလို့ လက်မှတ်ထိုးပွဲကို ရပ်လိုက်ရတဲ့ ရွှေရွှေစုံတွဲ

 

SHARE