အမိုက်စား ဘော်ဒီကောက်ကြောင်းလေးကို ပြသလိုက်တဲ့ ဘေဘီမောင်

မော်ဒယ်၊ မင်းသမီးတစ်ယောက်အဖြစ် အနုပညာလှုပ်ရှားမှုတွေကို ပြုလုပ်နေပြီး ပျော်ရွှင်သာယာတဲ့ အချစ်ရေးကို ပိုင်ဆိုင်ထားတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ ဘေဘီမောင်ကတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ ဘေဘီမောင်ကတော့ ဖေ့စ်ဘုတ်ပေါ်မှာလည်း ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်တဲ့ သူတစ်ယောက်ဖြစ်ပါတယ်။

သူမကတော့ ဒီကနေ့မှာလည်း ဖေ့စ်ဘုတ်ပေါ်မှာ ဓါတ်ပုံ အသစ်လေးတွေကို တင်ပေးထားပါသေးတယ်။ ဘေဘီမောင်ကတော့ “ဒီရက်ပိုင်းbodyလေးကိုပြန်ပီးထိန်းသိမ်းဖြစ်တယ်😬 Gymဆော့ ရေချိုးပီးသကာလ မိတ်ကပ်မပါသောမျက်နှာပြောင်လေးနဲ့ပဲ📷ချလပ်” လို့ ရေးထားပြီး ဓါတ်ပုံတွေကို တင်ပေးထားတာဖြစ်ပါတယ်။

ဘေဘီမောင်ရဲ့ အမိုက်စား ဘော်ဒီကောက်ကြောင်းအလှကိုတော့ ပရိသတ်တွေတိုင်းက သဘောကျနေကြပါတယ်။ ဘေဘီမောင်ရဲ့ ပရိသတ်တွေအတွက် ဓါတ်ပုံတွေကိုတင်ဆက်ပေးလိုက်ပါတယ်။

Source: baby maung

SHARE