စပါးကြီးမြွေကြီးနဲ့အတူ မကြောက်မရွံ့ ဓာတ်ပုံတွဲရိုက်ခဲ့တဲ့ ဘေဘီမောင်

မော်ဒယ်၊ မင်းသမီးတစ်ေ်ယာက်အဖြစ် ပရိသတ်တွေရဲ့ ကြားမှာ လူသိများတဲ့သူတစ်ယောက်ဖြစ်တဲ့ ဘေဘီမောင်ကတော့ အနုပညာအလုပ်တွေကို အမြဲကြိုးစားနေသူတစ်ယောက်ပါ။ ဘေဘီမောင်ကတော့ ဖေစ်ဘုတ်ပေါ်မှာလည်း ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်တဲ့သူတစ်ယောက်ဖြစ်ပြီး သူမရဲ့ နေ့စဉ်ဘဝပုံရိပ်တွေကို အမြဲမျှဝေပေးနေတဲ့သူတစ်ယောက်ဖြစ်ပါတယ်။

ဒီကနေ့မှာလည်း ဘေဘီမောင်ကတော့ သူမရဲ့ ဘုရားဖူးပုံရိပ်တွေကို ဖေစ်ဘုတ်ပေါ်မှာ တင်ပေးလိုက်ပြန်တာဖြစ်ပါတယ်။ဘေဘီမောင်ကတော့ စပါးကြီးမြွေကြီးကို သူမရဲ့ ခန္ဓာကိုယ်မှာ ပတ်ပြီး ရိုက်ထားတဲ့ ဓါတ်ပုံတွေကို “မြွေကြောက်တတ်တယ် ဒါပေမဲ့ဘုရားတရားအရိပ်မှာခိုလှုံနေတဲ့မြွေတော့မကြောက်ပါဘူး ချစ်စရာကောင်းတယ်လိမ္မာတယ်☺️မြွေလေးကိုမေတ္တာပို့ပီးဘုရားစာရွှတ်ပီးမှကိုင်ရဲတာ🙏🏻ခုနှစ်ရက်သားသမီးအားလုံးလည်းမေတ္တာပို့သပါတယ်ရှင့်” လို့ရေးထားပြီး တင်ပေးထားတာဖြစ်ပါတယ်။

ဘေဘီမောင်ရဲ့ ပရိသတ်တွေအတွက် ဓါတ်ပုံတွေကို တင်ဆက်ပေးလိုက်ပါတယ်။

Source: Baby maung

SHARE