လူကြမ်းမင်းသား ဦးဇော်ကြီးကို ငွေကြေး လှူဒါန်းမယ့် ဘေဘီမောင်

Image:fb/Baby Maung

လူကြမ်းသရုပ်ဆောင်တွေ၊ဇာတ်ပို့ ဇာတ်ရံတွေရဲ့ ဘ၀အကြောင်းကို ရိုက်ကူးဖော်ပြပေး နေတဲ့ Myanmar Celeb rity ရဲ့ အစီအစဉ်လေးကတော့ ပရိသတ်တွေကြားမှာ အရမ်းကို ရေပန်းစားနေပါတယ်။ဒီလိုရိုက်ကူးပြီး ပြသပေး တဲ့ အတတွက်လည်း ဇာတ်ပို့ဇာတ်ရံတွေရဲ့ ဘ၀ကို ပရိသတ်တွေက သိရှိခွင့်ရပြီး ကူညီပေးခွင့်ရနေတာမို့ တကယ့်ကို မွန် မြတ် တဲ့ အစီအစဉ်လေးပါ။မကြာသေးခင်ကတော့ လူကြမ်းမင်းသားကြီး ဦးဇော်ကြီးရဲ့ လက်ရှိဘ၀ အကြောင်းကို ရိုက် ထားတဲ့ ဗီဒီယိုဖိုင်လေးတစ်ခု ထွက်လာခဲ့ပါတယ်။လူကြမ်းတစ်ယောက်ရဲ့ ခက်ခဲကြမ်းတမ်းတဲ့ ဘ၀ကို ကြည့်ပြီး  ပရိသတ်တွေက ဂရုဏာ သက်ခဲ့ကြပါတယ်။မင်းသမီးချောလေး ဘေဘီမောင်ကလည်း အဲ့ဒီဗီဒီယိုဖိုင်လေး ကို ကြည့် ဖြစ်ပြီး အခုဆိုရင်တော့ ဦးဇော်ကြီးကို သူမတက်နိုင်သမျှ လေး ကူညီပေးမယ်လို့ ပြောလိုက်ပါတယ်။

Image:fb/Baby Maung
Image:fb/Baby Maung

ဗီဒီယိုဖိုင်လေးကိုတော့ သူမရဲ့ အကောင့်မှာရှယ်ပြီး ….

READ
အော်စကာရမယ့်နှစ်မှာ ပွဲမတက်ခဲ့တဲ့ ဟောလိဝုဒ်က နာမည်ကြီး အနုပညာရှင်များ

“တော်တော်စိတ်မကောင်းဖြစ်တယ် ကြည့်နေရင်းငိုချင်လာပီ
ဘေဘီတတ်နိုင်သလောက်သွားလှူမယ်😢……………………..” ဆိုပြီး အရင်ဆုံး တင်ခဲ့တာပါ။ အဲ့ဒီ နောက် မှာတော့ သူမကိုယ်တိုင်လည်း အောက်ခြေဘ၀ကနေ လာတဲ့ သူမို့ စာနာစိတ်ထားပြီး ငွေ နှစ်သိန်း လှူဒါန်း ပေးမယ်လို့ အကောင့်ကနေ ပြောလိုက်ပါတယ်။

Image:fb/Baby Maung
Image:fb/Baby Maung

“ကိုယ့်စေတနာကိုယ့်အကျိုးပေးမှာပါ
ဒုက္ခရောက်နေတဲ့ခုနှစ်ရက်သားသမီးတွေဆို ကိုယ့်ဘက်ကတတ်နိုင်သလောက်လေးတော့ကူညီသင့်ပါတယ်လေ
ခု လူကြမ်းသရုပ်ဆောင်ဖိုက်တင် ဦးဇော်ကြီးဆို ဘေဘီတို့ရုပ်ရှင်နယ်ပယ်ကလည်းဖြစ်တယ် တော်တ်ာအဆင်မပြေဘူးဆိုတာလည်း Hiso Myanmar page မှာကြည့်ရင်တွေ့ကြမှာပါ 😔 ဘေဘီလည်းအောက်ခြေဘဝကလာခဲ့တဲ့သူမို့ စာနာစိတ်ထားပီး ဘေဘီတတ်နိုင်တဲ့ငွေလေး၂သိန်းလောက်သွားရောက်လှူမှာပါရှင့်🙏🏻😔……………..” ဆိုပြီး ဘေဘီ မောင်က တင်ခဲ့ပါတယ်။

Image:fb/Baby Maung
Image:fb/Baby Maung

ဘေဘီမောင်ကတော့ သူမရဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ သူတွေကို ကြုံရင်ကြုံသလို အခုလိုလေး ကူညီပေးတတ်သူပါ။ အရင် တုန်းကလည်း ပေါင်မုန့်ရောင်းနေတဲ့ အဖွားကို ဂရုဏာသက်ပြီး ငွေတစ်သိန်း လှူပေးခဲ့ပါသေးတယ်။ပေါင်မုန့် လေးတွေ ၀ယ်ပြီး အဖွားကို အားပေးကြဖို့ကိုလည်း တခြားသူတွေကိုပါ လှုံ့ဆော်ပေးခဲ့ပါသေးတယ်။

READ
Myanmar Idol Season 3 ရဲ့ Top 2 ဘယ်သူဖြစ်လာမလဲ..?
Image:fb/Baby Maung

ဒီနေ့ဒါနကုသိုလ်လေးပါရှင့်🙏🏻အသက်၇၈ပေါင်မုန့်ရောင်းတဲ့ဖွားဖွားကိုပေါင်မုန့်လေးတွေအားလုံးအားပေးဝယ်ရင်ရင်ငွေတစ်သိန်းလှူခဲ့ပါတယ်ရှင့်☺️ဖွားဖွားအလှူမခံပါဘူး ပေါင်မုန့်လေးပဲအားပေးစေချင်တာပါရှင့်☺️အဲဒါကြောင့် မြို့ထဲဗိုလ်ဆွန်ပက်လမ်းနားကဖွားဖွားဆီမှာပေါင်မုန့်လေးတွေဝယ်ယူအားပေးရင်ကုသိုလ်ယူကြရအောင်နော်🙏🏻☺️

စေတနာသေချာပေါက် အကျိုးပေးမှာပါ ဘေဘီရေ..ဒီ့ထက်လည်း အများကြီး ပိုအောင်မြင်ပါစေ……..

Image:fb/Baby Maung

Source ဘေဘီမောင်

SHARE