လူအသေပျောက်များတဲ့ ဂက်စ်ပေါက်ကွဲမှုထဲမှာ အံ့ဖွယ် အသက်ရှင်ခဲ့တဲ့ ကလေးငယ်

ရုရှားနိုင်ငံ မက်နီတိုဂိုရက်စ်မြို့က (၁၀)ထပ်တိုက် ပြိုကျပျက်စီးမှုထဲမှာ ကလေးမလေးတစ်ဦးဟာ အုတ်အကျိုးအပဲ့ အပျက်အစီးပုံထဲ (၂) ရက်နီးနီး ပိတ်မိနေခဲ့ရာမှ အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပါတယ်။ ၄င်း(၁၀) ထပ်တိုက်ဟာ ဂက်စ်ပေါက်ကွဲမှုကြောင့် ပြိုကျခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ လူ(၇)ဦးသေဆုံးပြီး ဒါဇင်ပေါင်းများစွာ ပျောက်ဆုံးနေပါတယ်။ အဆေက်ာအဦးပြိုကျအပြီး (၃၅) နာရီအကြာမှာတော့ ကယ်ဆယ်ရေးတွေ ရောက်လာခဲ့ပါတယ်။

Metro

ကံကြီးလှတဲ့ ကလေးငယ်ကိုတော့ အပျက်အစီးပုံထဲမှာ အော်ငိုနေသံကို ကြားရတာကြောင့် ကယ်ဆယ်ရေးတွေက ကယ်တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ တာဝန်ရှိသူတစ်ဦးက “ကလေးက ပုခက်လေးထဲမှာ နွေးနွေးထွေးထွေးနဲ့ ရှိနေခဲ့တာပါ။” လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ အင်္ဂါနေ့ကတော့ အဆောက်အဦးနေထိုင်သူ (၃၇) ဦးခန့် ပျောက်ဆုံးနေတယ်လို့ မှတ်တမ်းထွက်လာပါသေးတယ်။

(Picture: Xinhua/REX)

လက်ရှိမှာ အဆောက်အဦးဟာ ထပ်မံပြိုကျပျက်စီးနိုင်ခြေရှိတာကြောင့် ကယ်ဆယ်ရေးအလုပ်တွေ ရပ်နားထားပြီး အပျက်အစီးတွေကို အရင်ဖယ်ဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။ ရာသီဥတုကလည်း အေးခဲပြီး ညဘက်တွေမှာ အနုတ်(၁၈) ဖြစ်နေပါတယ်။ ဒါကြောင့် အပျက်အစီးပုံအတွင်းမှာ အသက်ရှင်လျက်ရှိသူတွေကို ရှာဖွေတွေ့ရှိနိုင်မယ့် အခွင့်အရေးကတော့ စိတ်ပျက်ဖွယ်ကောင်းလောက်အောင် နည်းပါးလျက်ရှိနေပါတယ်။

READ
အလှပြင်သုံး Brush တွေ အင်စတာဂရမ်မှာ ရောင်းချရင်း ပေါင် 8 သန်းပိုင်ဆိုင်ခဲ့တဲ့ ညီအစ်မ

ကယ်ဆယ်ရေးတွေဟာ လူ(၇) ဦးရဲ့ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိထားပြီး ထိခိုက်ဒဏ်ရာရရှိသူ(၅) ဦးကိုတော့ ဆေးရုံကို ပို့ဆောင်ထားကြောင်း သိရပါတယ်။ မက်နီတိုဂိုရက်စ်မြို့ဟာ လူဦးရေ (၄) သိန်းရှိပြီး မော်စကိုမြို့တော်ရဲ့ အရှေ့တောင်ဘက် မိုင်(၈၇၀) လောက်မှာ ရှိပါတယ်။

လင်းလင်း (ShweMom)

Ref: metro

SHARE