ဗိုက်ထဲရောက်နေတဲ့ပလတ်စတစ်တွေကြောင့် ကျင်ကြီးစွန့်ဖို့ခက်ခဲနေတဲ့လိပ်ပေါက်ကလေး

သြစတေးလျတိရစ္ဆာန်ရုံတစ်ရုံဟာ လိပ်သားပေါက်လေးတစ်ကောင်က မြိုချထားခဲ့တဲ့ပလတ်စတစ်အပုံလိုက်ကို ဗီဒီယိုရိုက်ကူးပြခဲ့ပါတယ်။ ပလတ်စတစ်ကိုမြိုမိတာကြောင့် လိပ်ကလေးဟာအပြင်းအထန်နေမကောင်းဖြစ်နေခဲ့တာဖြစ်ပါတယ်။ ပူနွေးတဲ့ပင်လယ်ပြင်တွေမှာကျက်စားလေ့ရှိတဲ့ ရှားပါးနီညိုရောင်ခေါင်းကြီးမျိုး အဆိုပါလော့ဂါဟတ်ဒ်လိပ်ကလေးကို ပြီးခဲ့တဲ့ရက်သတ္တပတ်အနည်းငယ်လောက်ကမှ ဥယျာဉ်နဲ့တောတွင်းဌာနကနေ ကယ်တင်လာခဲ့တာဖြစ်ပါတယ်။ လိပ်ကလေးဟာ မကျန်းမာတာကြောင့် သြစတေးလျပါ့သ်တိရစ္ဆာန်ရုံက တိမွေးကုဆရာဝန်တွေနဲ့ကုသခဲ့ရပါတယ်။

(Picture: Perth Zoo/ Twitter/ PA)

လိပ်ကလေးကိုစောင့်ရှောက်နေစဉ်အတောအတွင်းမှာပဲ ဆရာဝန်တွေက လိပ်ကလေးရဲ့ကျင်ကြီးထဲမှာ ပလတ်စတစ်တွေကိုတွေ့ခဲ့ရပါတယ်။ ဒါကြောင့်ပလတ်စတစ်တွေရဲ့ ဆိုးကျိုးက ရေနေသတ္တ၀ါတွေကိုဘယ်လိုထိခိုက်စေတယ်ဆိုတာသတိပြုမိစေချင်ပြီး ပလတ်စတစ်အသုံးပြုမှုကို လျော့ချစေလိုတဲ့အတွက် လိပ်ကလေးကို သူစွန့်ခဲ့တဲ့ပလတ်စတစ်စတွေနဲ့အတူ ဓာတ်ပုံရိုက်ပြခဲ့တာဖြစ်ပါတယ်။

လိပ်ကလေးဟာ (၁)နှစ်အောက်ပဲရှိသေးတဲ့ လိပ်ငယ်လေးဖြစ်ပေမယ့် သူ့ရဲ့အခြားမျိုးနွယ်တူလိပ်တွေလိုပဲ ခက်ခက်ခဲခဲနဲ့ဘ၀ကိုစတင်ခဲ့ရပါတယ်။  သြစတေးလျမှာ ရေနေလိပ်အမျိုးအစား(၆)မျိုးရှိပါတယ်။ ငါးဖမ်းပိုက်တွေရဲ့ ဒဏ်၊ ပလတ်စတစ်တွေစားသုံးမိမှု၊ အစာရေစာရှားပါးမှု၊ သင်္ဘောတွေကြောင့် ဒဏ်ရာအနာတရဖြစ်မှု၊ လိပ်သားပေါက်ဖို့ကမ်းရိုးတန်းမြေတွေကျဉ်းလာမှုနဲ့ လိပ်ဥတွေကို မြေခွေးနဲ့ခွေးလိုတိရစ္ဆာန်တွေက ခိုးယူမှုတွေကြောင့် လိပ်ကောင်ရေအများကြီးကျဆင်းလာရပါတယ်။

အခုဆိုရင် ရေနေလိပ်တွေဟာ အပြည်ပြည်ဆိုင်ရာက မျိုးသုဉ်းဖို့အလားအလာရှိနေတဲ့ ရေနေသတ္တ၀ါများစာရင်းထဲပါဝင်နေပြီးဖြစ်ပါတယ်။ သြစတေးလျမှာတော့ လော့ဂါဟတ်ဒ်လိပ်ကလေးတွေကို ရှားပါးရေနေသတ္တ၀ါတွေလို့သတ်မှတ်ထားကြကြောင်းသိရပါတယ်။

READ
ပြောင်းလဲတတ်တဲ့ သဘာဝရဲ့အလှကို ရိုက်ပြခဲ့တဲ့ ဖင်လန်နိုင်ငံက ဓာတ်ပုံဆရာ

လင်းလင်း (ShweMom)

Source: Metro

SHARE