ကလေးကို သားအိမ်ထဲက ထုတ်၊ ဆေးကုပြီး မိခင်ဝမ်းထဲ ပြန်ထည့်ပေးခဲ့တဲ့ ဖြစ်ရပ်

တစ်ခါတစ်လေမှာ ကြားရတဲ့ ဆေးသိပ္ပံအကြောင်းအရာတွေဟာ မယုံကြည်နိုင်လောက်အောင် ထူးဆန်းနေပြီး အနာဂတ်အတွက် မျှော်လင့်ချက်ရောင်ခြည်တွေ သန်းလျက်ရှိနေပါတယ်။ အသက်(၂၅) နှစ်အရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးဖြစ်တဲ့ ဘီသန်စင်ပ်ဆန်ဟာ ကိုယ်ဝန် ရက်သတ္တပတ်(၂၀) လောက်မှာ သတင်းတစ်ခုကို ကြားလိုက်ရပါတယ်။ အဲဒါကတော့ သူမကိုယ်ဝန်ဆောင်ထားတဲ့ ကလေးရဲ့ ဦးခေါင်းဟာ အတိုင်းအတာ မမှန်မကန်ဖြစ်နေတယ်ဆိုတာကိုပါ။

facebook

ကလေးဟာ spina bifida လို့ခေါ်တဲ့ ကျောရိုးနာ့ဗ်ကြောက အမြှေးပါးတွေနဲ့ ကျောရိုးကြားထဲမှာ မွေးရာပါ ဟ,နေတဲ့ ရောဂါ ဖြစ်နေပါတယ်။ တကယ်လို့ ကလေးရဲ့ ချို့ယွင်းချက်ကို မပြုပြင်ပဲ ဒီတိုင်းထားလိုက်ရင် မွေးလာတဲ့အခါ ကလေးက လမ်းကောင်းကောင်း လျှောက်နိုင်မှာ မဟုတ်ပါဘူး။ ဘီသန်နဲ့ သူမရဲ့ အမျိုးသားတို့ကို ဆေးရုံက ရွေးချယ်စရာ နည်းလမ်းသုံးခုပေးပါတယ်။ အဲဒါတွေကတော့ ကိုယ်ဝန်ကို ဖျက်ချမလား၊ ဒီတိုင်းပဲ မွေးမလား၊ ဒါမှမဟုတ်ရင် သန္ဓေသားကို ခွဲစိတ်ကုသမလား ဆိုပြီးတော့ပါ။

READ
မသေခင်မှာ ကမ္ဘာပျက်မယ့်အကြောင်း သုတေသနစာတမ်း,တင်သွင်းခဲ့တဲ့ စတီဖင်န်ဟော့ကင်း

နောက်ဆုံးမှာတော့ ဘီသန်ဟာ ကလေးရဲ့ ကျောရိုးနာ့ဗ်ကြောတွေကို ပြန်လည်ပြုပြင်ဖို့အတွက် ခွဲစိတ်ဖို့ သဘောတူခဲ့ပါတယ်။ ခွဲစိတ်မှုကတော့ ထူးထူးခြားခြား ခွဲစိတ်မှုလို့ ဆိုလို့ရပါတယ်။ သန္ဓေသားကလေးကို ဘီသန်ရဲ့ သားအိမ်ထဲက ထုတ်၊ ပြီးတဲ့အခါ ကလေးရဲ့ ကျောရိုးကို ပြုပြင်၊ ပြီးနောက်မှ ဘီသန်ရဲ့ သားအိမ်ထဲကို ပြန်ထည့်ခဲ့တာ ဖြစ်ပါတယ်။ ဘီသန်တို့ ဇနီးမောင်နှံဟာ ကိုယ်ဝန်ရက်သတ္တပတ်(၂၄) ပတ်မှာ သန္ဓေသား ခွဲစိတ်ကုသမှုကို ခံယူခဲ့တာ ဖြစ်ပါတယ်။

Facebook

သိရတာက ဘီသန်ဟာ အင်္ဂလန်မှာ အခုလို ခေတ်ရှေ့ပြေးတဲ့ သန္ဓေသားခွဲစိတ်မှုမျိုး ပြုလုပ်ခဲ့တဲ့ (၄) ယောက်မြောက် အမျိုးသမီးဖြစ်တယ်လို့ ဆိုပါတယ်။ ဖေ့စ်ဘုတ်ပေါ်မှာတော့ ဘီသန်က သူမရဲ့ သန္ဓေသားခွဲစိတ်မှုဟာ အောင်မြင်ခဲ့ကြောင်း ပို့စ်ရေးသားတင်ခဲ့ပါသေးတယ်။ စိတ်မကောင်းစရာကတော့ အရင်တုန်းက အင်္ဂလန်မှာ spina bifida အခြေအနေမျိုး ကလေးမှာ ပါလာခဲ့ရင် ကလေးဖျက်ချလေ့ရှိကြတယ်လို့ ဆိုပါတယ်။

READ
ရောင်စုံစက္ကူလေးတွေနဲ့ ဖန်တီးထားတဲ့ လက်ရာမြောက်ပန်းချီကားလေးများ

လင်းလင်း (ShweMom)

Ref: unilad, ibtimes

SHARE