အာရှရော့ခ်ဘန်တွေထဲ Billboard မှာ ပထမဆုံးနံပါတ် ၁ ချိတ်နိုင်ခဲ့တဲ့ ဂျပန်မလးနှစ်ယောက်

[email protected]_official

Rock ဂီတရဲ့အခွဲတစ်ခုဖြစ်တဲ့ Metal အဆိုရှင်တွေထဲမှာ အများစုက အမျိုးသားတွေပဲကြီးစိုးနေကြတာကိုတွေ့ရမှာပါ။ အသံအိုးကောင်းမှုတို့၊ အော်ရတာတို့ကြောင့် အမျိုးသားတွေနဲ့ ပိုလိုက်ဖက်မယ်လို့ ထင်ကြလို့နဲ့တူပါရဲ့။ ဒါပေမဲ့လေ အဲဒီလို အမျိုးသမီးရှားတဲ့ ဂီတတစ်ခုမှာ အမျိုးသမီးအဆိုရှင်တွေရှိခဲ့မယ်ဆိုရင်လည်း လုံးဝအပေါက်ပါပဲ။

[email protected]_official

ဂျပန်မှာ နာမည်ကြီးနေတဲ့ metal band လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Babymatel ပါတဲ့။ Babymatel မှာဆိုရင်တော့ အဖွဲ့ဝင် ၂ ယောက်နဲ့ဖွဲ့စည်းထားပြီး နှစ်ယောက်စလုံးက ဂျပန်မလေးတွေပါ။ Suzuka Nakamoto နဲ့ Moa Kikuchi ပါတဲ့။ ဂျပန်မလေးတွေဆိုရင် ချစ်ဖို့ကောင်းတဲ့ပုံစံမျိုးလေးတွေနဲ့ နုနုယွယွလေးတွေလို့ ထင်ထားခဲ့ကြမှာပါ။ ဒါပေမဲ့ သူတို့လေး ၂ ယောက်ကတော့ ကြမ်းပေါ့ရမ်းပေ့ဆိုတဲ့ metal ဂီတကိုမှ ရူးသွပ်ပြီး သီဆိုနေကြသူလေးတွေပေါ့။

[email protected]_official
[email protected]_official

Next Shark မှာ ဖော်ပြထားတာဆိုရင်တော့ Babymetal အနေနဲ့ ဒီအပတ် Billboard ရဲ့ ရော့ခ်ဂီတအပိုင်းမှာ နံပါတ်တစ်နေရာ ချိတ်သွားနိုင်ခဲ့ပါပြီတဲ့လေ။ Billboard ရဲ့ Hard Rock Albums မှာရော၊ Top Rock Albums မှာပါ နံပါတ် (၁) ချိတ်နေခဲ့တဲ့ album ကတော့ Metal Galaxy ပါတဲ့။

ဒါဟာ အာရှရဲ့ Rock ဂီတသမိုင်းမှာတော့ Billboard ရဲ့ Rock ဂီတစာရင်းထဲ ထိပ်ဆုံးရောက်ခဲ့တယ်ဆိုတာ ပထမဆုံးဖြစ်ပါတယ်တဲ့။ Billboard သမိုင်းမှာတော့ အာရှဖက်မှ နံပါတ် (၁) မချိန်ခဲ့တာ ၁၃ နှစ်တောင်ကြာခဲ့ပါပြီတဲ့။ Metal Galaxy ဟာ Babymatel ရဲ့ တတိယမြောက် album တစ်ခုဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးအတိုင်းအတာနေနဲ့ အောက်တိုဘာ ၁၁ ရက်နေ့တုန်းက ထွက်ခဲ့ပေမယ့်လို့ ယနေ့အချိန်အထိ album အချပ်ရေပေါင်း ၂၇,၀၀၀ တောင်ရောင်းရနေခဲ့ပါပြီတဲ့လေ။ အခွေအပြင် app တွေကပါအပါဆိုရင်တော့ ၂၈,၀၀၀ လောက်ရှိနေပါပြီတဲ့။

READ
မူကြိုမှာ ကလေးတွေနဲ့ အတူတူစာသင်ရင်း ပျော်နေတဲ့ ကြောင်လေး တွန်ဘီ
Billboard
Billboard

၂၀၁၆ ခုနှစ်တုန်းကထွက်ခဲ့တဲ့ Metal Resistance album ဟာဆိုရင်လည်း Billboard ရဲ့ Top Rock album တွေထဲ အဆင့် ၆ နေရာ ချိတ်ခဲ့ဖူးပါသေးတယ်။

Penny

SHARE