ရုပ်ရှင်ရုံထဲက အာရုံနောက်ဖို့ ကောင်းလွန်းတဲ့ ကြမ်းပိုးများ

ရုပ်ရှင်ရုံထဲက ကြမ်းပိုးဆိုလို့ တကယ့်ကြမ်းပိုး စစ်စစ်ကြီးတွေလို့ မထင်လိုက်ကြပါနဲ့။ ဒီနေ့ခေတ်မှာတော့ ရုပ်ရှင်ရုံတွေမှာ ကြမ်းပိုးဆိုတာ မရှိတော့ပါဘူး။ ဒါပေမယ့် ကြမ်းပိုးနဲ့တူတဲ့ လူတွေတော့ ရှိတယ်နော်။ တခြား ရုပ်ရှင်ကြည့်တဲ့သူတွေကို စိတ်ကသိကအောင့်ဖြစ်အောင် လုပ်တဲ့သူတွေပေါ့။ သင်လည်း ကြုံဖူးမှာပါ။ ရုပ်ရှင်ကားကောင်းပြီဆိုရင် တစ်ယောက်ယောက်ကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရတာမျိုး။ ဘယ်လိုလူမျိုးတွေကို ကြမ်းပိုးတွေလို့ ခေါ်သင့်လဲဆိုတာသိဖို့ အောက်မှာပါတဲ့ အချက်လေးတွေကို ဖတ်ကြည့်လိုက်ပါနော်။

Rice University

(၁) အာကျယ် အာကျယ် စကားပြောတဲ့သူ

အေးဆေး ရုပ်ရှင်ကြည့်ချင်လို့ လာပါတယ်ဆိုမှ ဒီဇာတ်လမ်းကို ဒီလိုမရိုက်သင့်ဘူး၊ မင်းသားက ဒီလိုမလုပ်သင့်ဘူး၊ ဒါကြီးက ယုတ္တိမရှိဘူး စသဖြင့် ရုပ်ရှင်ရုံထဲ ထိုင်ပြီး ဝေဖန်ရေးလုပ်တဲ့သူမျိုးကို ကြုံဖူးမှာပါ။ သူ့ဘာသာသူ၊ သူ့ပါးစပ်နဲ့သူ လုပ်တာ ပြဿနာမရှိပေမယ့် ကိုယ်ကြားရလောက်တဲ့ အကွာအဝေးကနေ ပြောနေတယ်ဆိုရင်တော့ တကယ့်ကို စိတ်ရှုပ်စရာကြီးပါ။ ရုပ်ရှင်ကို ကောင်းကောင်း အာရုံစိုက်ဖို့ ခက်သလို၊ သူပြောနေတဲ့ ပေါက်ကရ ဝေဖန်ရေးတွေကြောင့် ရုပ်ရှင်ကြည့်ချင်စိတ်ပါ ကုန်သွားနိုင်ပါတယ်။

READ
အချစ်ဟာ ကောင်းသောပြောင်းလဲခြင်းကို ဖြစ်စေနိုင်ကြောင်း သက်သေပြခဲ့ကြတဲ့ စုံတွဲများ

(၂) ဖုန်းသုံးတဲ့သူ

များသောအားဖြင့် 3D ရုပ်ရှင်တွေ ကြည့်တဲ့အခါ ဒီလိုလူမျိုး ပါလာပြီဆိုရင် ဂွမ်းပေတော့ပဲ။ ကိုယ်က နောက်ဆုံးနားလောက်မှာ ထိုင်ပြီး ကိုယ့်ရှေ့ကလူ ဖုန်းသုံးနေတဲ့အခါ သူ့ဖုန်းရဲ့ အလင်းရောင်က မျက်မှန်ကို လာဟပ်မှာပါ။ 3D မျက်မှန်တွေက ရောင်ပြန်ဟပ်တဲ့အခါ ကြည့်လို့မကောင်းတော့ပဲ ပိတ်ကားကို အာရုံစိုက်ဖို့ စိတ်အနှောင့်အယှက် ဖြစ်ရပါတယ်။ တချို့က ခဏတဖြုတ်ပဲ သုံးကြတာ ဖြစ်ပေမယ့် တချို့ကတော့ ရုပ်ရှင်က (၂) နာရီလောက်ကြာရင် နာရီဝက်လောက် ဖုန်းပွတ်တတ်ကြတာပါ။ ရုပ်ရှင်လက်မှတ်ဖိုးပေးပြီး ဖုန်းလာသုံးကြတဲ့ သူဌေးတွေပေါ့။

Little White Lies

(၃) ဂိမ်းသမားတွေ

တကယ့် ကြမ်းပိုးအကြီးစားတွေပါ။ များသောအားဖြင့် ဒီလိုမျိုး ရုပ်ရှင်ရုံထဲမှာ ဂိမ်းဆော့တတ်တဲ့ သူတွေက အသက်(၂၅)နှစ်အောက် အရွယ်တွေ များပါတယ်။ Admin ကတော့ တစ်ခါ ကြုံဖူးတယ်။ 3D ရုပ်ရှင်ရုံတစ်ခုမှာ ကိုယ့်ရှေ့တန်းက ကောင်လေး(၅)ယောက်လောက် တန်းစီပြီး ဂိမ်းဆော့နေကြတာ။ ကြည့်ရတာ သူတို့အပြင်မှာ ဆော့လာတဲ့ပွဲက မပြီးဘူး ထင်ပါတယ်။ ဒါပေမယ့် အသံတွေကလည်းထွက်၊ ဖုန်းထဲက အလင်းကလည်း ပြန်။ အချင်းချင်းလဲ ဆဲကြဆိုကြဆိုတော့ ဘေးလူတွေ တကယ်အနှောင့်အယှက် ဖြစ်ရတာပါ။ နောက်ဆုံး မခံစားနိုင်တော့လို့ ရုပ်ရှင်ရုံက ၀န်ထမ်းကို ခေါ်ပြောရတဲ့ အထိပါပဲ။ အဲဒီလိုလူမျိုးနဲ့ တွေ့ပြီဆိုရင် သည်းခံပြီး သူတို့ဘယ်အချိန် ရပ်သွားမလဲ စောင့်နေမယ့်အစား ရုပ်ရှင်ရုံဝန်ထမ်းကို ပြေးခေါ်လိုက်ပါ။ အဲဒါက အကောင်းဆုံး နည်းလမ်းပါပဲ။

READ
အပေါ်ယံပေါင်းသင်း၍ ဟန်ဆောင်တတ်သော သူငယ်ချင်းတစ်ယောက်၏ လက္ခဏာများ
The Digital Newsroom

(၄)။ ခြေထောက် အငြိမ်မနေတဲ့သူ

အနောက်ခုံက လူရဲ့ခြေထောက် အငြိမ်မနေမှုကြောင့် ရုပ်ရှင်ကြည့်ရတာ စိတ်ပျက်သလို ဖြစ်ဖူးလား။ သူတို့က တမင်လုပ်တာ မဟုတ်ပေမယ့် ဒူးခေါင်းလှုပ်တာ အကျင့်ပါနေတော့ ကိုယ့်ရဲ့ခုံကပါ လှုပ်နေတာလေ။ အဲဒီတော့ စိတ်အနှောင့်အယှက် ဖြစ်ရရော။ အဆင်မပြေလို့ သူတို့ကို ထ ပြောရင်လည်း အေးဆေးလက်ခံရင် ကောင်းပါရဲ့။ အဲလိုမှ မဟုတ်ပဲ ပိုပြီးအရွဲ့တိုက်ရင် ရန်ဖြစ်ရမယ့် ကိန်းပဲလေ။

Linn

SHARE