မိဘတွေဆီက အမွေဆက်ခံရနိုင်တဲ့ ဆိုးရွားတဲ့ဗီဇလက္ခဏာ ၆ ခုအကြောင်း

rebcenter-moscow/Pixabay

မိဘတွေဆီကနေ ပစ္စည်းဥစ္စာ၊ ပညာအမွေစတာတွေသာမကဘဲ လူတစ်ယောက်ရဲ့ပုံပန်းသွင်ပြင်၊ အရပ်အမောင်း၊ ခန္ဓာကိုယ်အချိုးအစားနဲ့ စိတ်နေစိတ်ထားတို့ပါ ကျွန်တော်တို့ အမွေရလေ့ရှိကြပါတယ်။ အဖေနဲ့အမေက အရပ်ရှည်လို့ သားသမီးက လိုက်အရပ်ရှည်တာတို့၊ အသားဖြူလို့ လိုက်ဖြူတာတို့၊ စိတ်ကောင်းရှိလို့ ထက်မြက်လို့ သားသမီးတွေကပါ အဲဒီလိုလေးတွေ လိုက်ဖြစ်တာတို့ဆိုတာ ကောင်းမွန်တဲ့ ဗီဇလက္ခဏာတွေကို ကျွန်တော်တို့ အမွေရခဲ့ကြတာပါ။ ဒီလိုမျိုးကောင်းမွန်တဲ့ ဗီဇစရိုက်တွေ ရနိုင်ပေမယ့်လည်း တစ်ဖက်မှာလည်း ဗီဇဆိုးတွေ ရတတ်ပါသေးတယ်။ ဒီအကြောင်းကိုတော့ Awareness Act ကနေ ကိုးကားထားပါတယ်။

(၁) သေကြောင်းကြံစည်ခြင်း

RGS2 လို့ခေါ်တဲ့ သေကြောင်းကြံစည်ဖို့ ရာခိုင်နှုန်းပိုများတတ်တဲ့ ဗီဇတစ်ခုလည်းရှိပါတယ်။

rebcenter-moscow/Pixabay

(၂) ဖောက်ပြန်ခြင်း

ဖခင် သို့မဟုတ် မိခင်ဟာ အိမ်ထောင်ရေးဖောက်ပြန်ဖူးသူဖြစ်ခဲ့ရင်လည်း သားသမီးဆီမှာ အဲဒီဗီဇကြီးဟာ အိမ်ထောင်ရေးအထိ မရောက်တောင်မှ ချစ်သူရည်းစားဘဝမှာလည်း ဖြစ်ပေါ်လေ့ရှီပါတယ်။ ဒါကိုတော့ DED4 ဗီဇလို့ခေါ်ပြီး လိင်ဆက်ဆံတဲ့အခါ ဒါမှမဟုတ် တစ်ခုခုကိုအောင်မြင်သွားတဲ့အခါမျိုးမှာ ထုတ်လွှတ်ပေးတဲ့ dopamine ဓာတ်ဟာ ဒီလိုဗီဇရှိသူတွေဖို့ ဖောက်ပြန်တဲ့အခါမျိုးမှာ ပိုထုတ်လွှတ်ပေးတတ်တာကြောင့် ဖြစ်တတ်တာပါ။

READ
ဘဝကိုပိုမိုလွယ်ကူစေမယ့် ၂၁ရာစု၏တိုးတက်လာသော အသုံးဝင်နည်းပညာများ
ravipat/Shutterstock

(၃) ပေါင်းသင်းဆက်ဆံရေး

ပေါင်းသင်းဆက်ဆံရေးမကောင်းတဲ့ မိဘတွေ၊ မိသားစုတွင်းမှာ ကြင်ကြင်နာနာမရှိတတ်တဲ့အခါမျိုးတွေမှာဆိုရင်တော့ သားသမီးတွေဟာ တော်ရုံပေါင်းသင်းဆက်ဆံရေး မကောင်းတတ်ကြပါဘူး။

StockSnap/Pixabay

(၄) ပိုက်ဆံဖြုန်းခြင်း

Rebecca Brown ဆိုတဲ့ ဘဏ္ဍာရေးနဲ့ပတ်သက်တဲ့ တတ်ကျွမ်းသူတစ်ယောက်ကတော့ လူတစ်ယောက်ရဲ့ ငွေဖြုန်းမှု၊ မဖြုန်းမှုဟာ မိဘတွေနဲ့သက်ဆိုင်ပြီး လူတစ်ယောက်ရဲ့ အသက်၈နှစ်အရွယ်မှာ အဲဒီအလေ့အထက စပြီး သံမှိုစွဲသွားတတ်ပါတယ်တဲ့။

gonghuimin468/Pixabay

(၅) အိပ်စက်ခြင်းအလေ့အထများ

မိဘတွေထဲမှာ တစ်ယောက်ယောက်ကဖြစ်စေ၊ နှစ်ယောက်စလုံးကဖြစ်စေ ညဥ့်နက်မှအိပ်တတ်တာမျိုး၊ အိပ်မပျော်တဲ့ရောဂါရှိတာမျိုး၊ အိပ်ပျော်ပါရက်နဲ့ နှစ်နှစ်ခြိုက်ခြို့အိပ်မရတာမျိုးတွေ ရှိနေပြန်ရင်လည်း သားသမီးတွေဆီမှာ ဗီဇသွားမပါတတ်ပါတယ်။

Free-Photos/Pixabay

(၆) အစားရွေးခြင်း

ဘယ်အစားရဲ့အနံ့ကိုမကြိုက်ဘူး၊ ပျော့တာ၊ မာတာနဲ့အရသာတွေအားလုံးရဲ့ အကြိုက်တူတာတွေဟာလည်း မျိုးရိုးဗီဇနဲ့သက်ဆိုင်နေပါတယ်။

rawpixel/Pixabay

Penny

SHARE