အမေရိကန်ဗားရှင်းအဖြစ် မြင်တွေ့ရတော့မယ့် ထိုင်းဇာတ်ကား ‘Bad Genius’

‘Bad Genius’ ဆိုတဲ့ ဇာတ်ကားကတော့ အရမ်းကို နာမည်ကြီးတဲ့ ထိုင်းဇာတ်ကားတစ်ကားပါ။ထိုင်းနိုင်ငံငံ တစ်နိုင်ငံ တည်းတင်မကပဲ အာရှတစ်လွှားမှာ ပါ အရမ်းကို အောင်မြင်ခဲ့တဲ့ ဇာတ်ကားကောင်းလေးပါ။နာမည်ကြီး ထိုင်း ကျောင်း ဇာတ်ကားဖြစ်ပြီး အဲ့ဒီဇာတ်ကားကိုတော့ မကြာခင်မှာ အမေရိကန်ဗားရှင်းနဲ့ တွေ့မြင်ရတော့မှာပါ။နာမည်ကြီး ဒါရိုက် တာတွေ ဖြစ်တဲ့ Erik Feig နဲ့ Patrick Wachsberger တို့ က ထိုင်းဇာတ်ကားကို ဟောလိဝုဒ် ဇာတ်ကားအဖြစ် Remake လုပ် ရိုက်ကူးကြမှာပါ။

pinterest
pinterest
pinterest

Erik Feig ကတော့ တကယ့်ကို နာမည်ကြီးတဲ့ ကမ္ဘာကျော်ဒါရိုက်တာကြီးပါ။ ‘La La Land’, ‘Now You See Me’, ‘The Hunger Game’ တို့လို ကမ္ဘာကျော် ဇာတ်ကားကြီးတွေကို ရိုက်ကူးပုံဖော်ခဲ့သူပါ။Patrick Wasch sberger ကတော့  ‘Step Up’, ‘Mr. and Mrs. Smith’ တို့လို ဇာတ်ကား ကောင်း တွေ အများကြီး ကို ရိုက် ကူးခဲ့သူပါ။ပရိသတ်အရမ်းကို ကြိုက်ခဲ့တဲ့ ဒီဇာတ်ကားက အမေရိကန်ဗားရှင်းနဲ့ ဘယ်လို ပုံစံ ထပ်ပြီး တွေ့မြင်ရ အုံးမလဲ ဆိုတာကိုတော့ အားလုံးက စိတ်ဝင်စားနေကြပါတယ်။

READ
ဝေဖန်တိုက်ခိုက်လာတဲ့ Comment ကို စုလှိုင်ဝင်း ပြန်တုံ့ပြန်
pinterest

 

pinterest

‘Bad Genius’ ကတော့ (၂၀၁၇)တုန်းက အရမ်းကို နာမည်ကြီးခဲ့တဲ့ ဇာတ်ကားပါ။ဒီဇာတ်ကားမှာတော့ သရုပ်ဆောင် တွေ အဖြစ် Non Chanon, Aobbab Chutimon, Oom Eisaya, James Theeradon တို့ ပါဝင်ထားပါတယ်။ ဒီဇာတ်ကားကနေ ၀င်ငွေ အမေရိကန်ဒေါ်လာ (၄၂.၃၅)သန်း ၀င်ငွေရခဲ့ပါတယ်။ဆုတွေ အများကြီးရတဲ့ အထိ အရမ်းကို အောင်မြင်ခဲ့တဲ့ ဇာတ်ကားပါ။

Source thaiupdate

SHARE