Youtube မှာ ကြည့်ရှုသူ တစ်ဘီလီယံ ပြည့်သွားတဲ့ ‘Bad Guy’ MV

Image:IG/Billie Eilish

အသက်(၁၈)နှစ်အရွယ် အမေရိကန် အဆိုတော် မလေး Billie Eilish က တော့ သူမရဲ့ ဂီတလမ်း ကြော င်းမှာ မှတ်တိုင် သစ် စိုက် ထူနိုင်ခဲ့ပါပြီ။ပရိသတ်တွေ ကြား အရမ်းပေါက်ခဲ့တဲ့ ‘Bad Guy’ သီချင်းရဲ့ MV က တော့ နိုဝင်ဘာ (၁၁)ရက်နေ့က Youtube မှာ ကြည့်ရှု သူ တစ်ဘီယံ ပြည့် သွားခဲ့ပါတယ်။မနှစ်တုန်းက Billb oard Hot 100 မှာ ထိပ်ဆုံး နေရာ ရခဲ့တဲ့ “Old Town Road” ရဲ့ အောင်မြင် သရဖူ ကို Billie Eilish က လွှဲ ပြောင်းယူလိုက်တာပါ။ဒီအ ကြောင်းကိုတော့ variety မှာ ဖော်ပြထားတာပါ။

 

View this post on Instagram

 

@teenvogue

A post shared by BILLIE EILISH (@billieeilish) on

billion views club ထဲကို ၀င်ရောက် လာတဲ့ နောက်ဆုံး သီချင်းပါ။MV ထွက်ရှိပြီး တစ်နှစ် ခွဲ အကြာမှာ တစ်ဘီလီယံ View ရ ခဲ့တာပါ။ “Bad Guy” က တော့ billion views club ထဲကို ရောက်လာတဲ့ သူမရဲ့ ပထမဆုံး သီချင်းပါ။Fet. အနေနဲ့ Khalid ပါဝင် ပေးထားတဲ့ “Lovely” က တော့ View သန်း (၉၀၀)နီးပါးအထိ ရ နေပါပြီ။

 

View this post on Instagram

 

billie bout to make a billion off of all these bruises!

A post shared by BILLIE EILISH (@billieeilish) on

“Bad Guy” က တော့ Dave Meyers  ရိုက်ကူးပေးထားတာပါ။Dave Meyers  ရိုက်တဲ့ Shawn Mendes နဲ့ Camila Cabello ရဲ့  “Señorita” MV လည်း ဒီနှစ် အစောပိုင်းကမှ ကြည့်ရှုသူ တစ်ဘီလီယံ  ပြည့်သွားခဲ့ ပါသေးတယ်။ Meyers က တော့ နာမည်ကြီး ဆယ်လီတွေ ရဲ့ MV တွေ အများကြီး ရိုက်ပေး ခဲ့ဖူးပြီး ကြည့်တဲ့  သူ သန်း ပေါင်း များစွာ ရ  လာခဲ့သူပါ။Meyers ရဲ့ လက်ရာ တွေထဲမှာတော့ Taylor Swift ရဲ့ “ME!,” Ariana Grande ရဲ့  “God Is a Woman” ၊ Kendrick Lamar ရဲ့  “HUMBLE.” တို့ လည်း ပါပါတယ်။

READ
ချိုင်းမွှေးတွေကို အရှိအတိုင်းချပြလိုက်တဲ့ Gigi Hadid

Billie Eilish က တော့ “Therefore I Am” ဆိုတဲ့ single song နိုဝင်ဘာ (၁၂)မှာ ထွက်မယ်လို့ လည်း ဒီတစ်ပတ် အစ ပိုင်း တည်းက ကြေညာထားပါတယ်။James Bond သီချင်း “No Time to Die” က ဖေဖော်ဝါရီ၊“my future” က ဇူလိုင် မှာ ထွက်ထားပါတယ်။Therefore I Am က တော့ (၂၀၂၀)မှာ ထွက်တဲ့ သူမရဲ့ တတိယ မြောက် Single Song ပါ။

#SHWEMOM

SHARE