သင့်အောင်မြင်ရေးလမ်းကြောင်းကို ပိတ်ဆို့နေတဲ့ အမူအကျင့်ဆိုးများ

pexels/JESHOOTS.com

သမိုင်းပညာရှင်တစ်ယောက်ဖြစ်တဲ့ ဝီလ်ဒူရန့်က အရစ္စတိုတယ်ရဲ့အိုင်ဒီယာကို ကိုးကားပြီး အောင်မြင်မှုဆိုတာ ထပ်တလဲလဲပြုလုပ်တဲ့အလေ့အကျင့်ပေါ် မူတည်တယ်ဆိုပြီးပြောခဲ့ပါတယ်။ နေ့စဉ်လုပ်နေတဲ့ အလေ့အကျင့်တွေကပဲ အောင်မြင်မှုကိုပိတ်ဆို့ထားနိုင်ပြီး ဒီအလေ့အကျင်တွေကပဲ သင့်ကို အောင်မြင်မှုဆီတွန်းပို့နိုင်ပါတယ်။ အခုကတော့ inc သတင်းစာမျက်နှာကတဆင့် သင့်အောင်မြင်မှုကို ပိတ်ဆို့ထားတာ ဘယ်လိုအမူအကျင့်တွေလဲဆိုတာ ဖော်ပြပေးသွားမှာပါ။

သူများဆန္ဒကိုအလိုလိုက်ခြင်း

သင့်ဘဝကိုသင်ပိုင်ပါတယ်။ ဒါကြောင့် တခြားလူတွေက သင်ဘာဖြစ်ရမယ် ဘာတွေလုပ်သင့်တယ်ဆိုပြီး ဆုံးဖြတ်ပေးတာလက်မခံပါနဲ့။ ကိုယ့်ဆုံးဖြတ်ချက်ကို ကိုယ်ဘာသာကိုယ်ချပါ။ ကိုယ့်ဘဝကိုယ်လျှောက်ပါ။

Pexels/Anna Shvets

စွန့်စားရမှာကြောက်ခြင်း

သင်ဟာ အနာဂတ်ကိုတွေးကြောက်နေတာဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ရှိနေတဲ့အနေအထားလေး ပျက်စီးမှာစိုးလို့ ဘာမှမလုပ်ဘဲနေတာထက်စာရင် အမှားတွေကိုလက်ခံပြီး အရှုံးထဲမှာပျော်မွေ့နိုင်အောင် ကြိုးစားသင့်ပါတယ်။ သင့်အတွေ့အကြုံတွေကို ဘယ်သူမှဓာပြတိုက်လို့မရပါဘူး။

အဆိုးမြင်စိတ်များခြင်း

အကောင်းမြင်စိတ်မွေးဖို့ခက်ပေမယ့် အဆိုးမြင်စိတ်က အလွယ်တကူဝင်ရောက်နိုင်ပါတယ်။ တတ်နိုင်သလောက် အဆိုးမြင်စိတ်တွေကိုလျော့ချကြည့်ပါ။ ကောင်းတဲ့စွမ်းအင်တွေအစားထိုးဝင်လာမှာပါ။

pexels/Valeria Ushakova

အတိတ်ထဲမှာနေထိုင်ခြင်း

အတိတ်ကိုပြန်တွေးပြီး သင်ခန်းစာယူတာကောင်းပေမယ့် အတိတ်ထဲမှာနေတာများရင် ရှေ့ကိုဆက်မတွေးဖြစ်တော့ပါဘူး။ ဒါကြောင့် ပစ္စုပ္ပန်မှာပဲ ဘယ်လိုနည်းနဲ့ ပိုကောင်းတာတွေလုပ်မလဲတွေးသင့်ပါတယ်။

READ
တပည့်တွေရဲ့ ရေခဲသေတ္တာကို တောလမ်းကနေ (၈)နာရီကြာကျောပိုးပြီး သယ်ခဲ့တဲ့ဆရာ

အချိန်ဆွဲခြင်း

မိနစ်တိုင်း မိနစ်တိုင်းကို ဘယ်လိုဖြတ်သန်းသွားမလဲဆိုတဲ့ ရွေးချယ်ပိုင်ခွင့်ကိုယ့်မှာရှိပါတယ်။ တစ်ခါတစ်လေ ကိုယ်လုပ်မယ့်အလုပ်တွေအကြောင်း တွေးပြီး စိတ်ကူးယဉ်နေတာတော့ ကောင်းပါတယ်။ ဒါပေမဲ့ စိတ်ကူးတွေကို လက်တွေ့ဖော်ဖို့ ထိထိရောက်ရောက်ကြိုးစားလိုက်တာ ပိုတန်ဖိုးရှိပါတယ်။

လင်းလင်း (ShweMom)

SHARE