ပုရိသတွေသိထားသင့်တဲ့ လိင်အင်္ဂါနဲ့ပတ်သက်သောအမှားများ

လူတစ်ဦးချင်းဆီမှာပါတဲ့ မျိုးပွားအင်္ဂါရပ်တွေဟာ ကာယကံရှင်တွေရဲ့ ကျန်းမာရေး၊ လူမှုဘဝ၊ ပျော်ရွှင်စိတ်ချမ်းသာရမှုတွေနဲ့ တိုက်ရိုက်ဆက်စပ်နေပါတယ်။ ဒီအထဲမှာ မျိုးပွားအင်္ဂါနဲ့ပတ်သက်ပြီး တလွဲလုပ်မိနေတဲ့ အမှားတွေ၊ ဆေးမြှီးတိုတွေနဲ့ စမ်းသပ်နေတဲ့သူတွေ အခုထက်တိုင် ရှိနေပါသေးတယ်။ အခု Shwemom ရဲ့ အမျိုးသားပရိသတ်ကြီးအတွက် လိင်အင်္ဂါနဲ့ပတ်သတ်ပြီး ပုရိသတွေ လုပ်မိနေတဲ့ အမှားတွေကို ဆင်ခြင်နိုင်စေဖို့၊ ပြင်ဆင်နိုင်စေဖို့ ဖော်ပြပေးလိုက်ပါတယ်။

(၁) အဖုအပိန့်တွေကို မသိကျိုးကျွန်ပြုခြင်း

လိင်အင်္ဂါမှာ အဖုအပိန့်တွေ၊ ကြွက်နို့ကဲ့သို့သော အသားပိုတွေ ပေါ်လာတဲ့အခါ အမျိုးသားတော်တော်များများက မသိကျိုးကျွန်ပြုမှာတော့ မဟုတ်ပေမယ့် ထိရောက်တဲ့ ကာကွယ်ကုသမှုလည်း မလုပ်ကြပါဘူး။ အချိန်တန်ရင် ပျောက်သွားမှာပဲလို့ သဘောထားတတ်ခြင်းဟာ မသိကျိုးကျွန်ပြုခြင်းပဲ ဖြစ်ပါတယ်။ အထူုးသဖြင့် ပြည်တည်နာ၊ ယင်းနာ၊ နာကျင်နေတဲ့ အဖု့အပိမ့်တွေ ရှိနေရင် မပေါ့ဆသင့်ပါဘူး။ ဆရာဝန်နဲ့ တိုင်ပင်ကုသဖို့ လိုပါတယ်။

(၂) လုံလောက်သော တစ်ကိုယ်ရေသန့်ရှင်းမှုမရှိခြင်း

အများအားဖြင့် တော်တော်များများဟာ ကိုယ့်လိင်အင်္ဂါကို သန့်ရှင်းရေးလုပ်မှု နည်းပါးပါတယ်။ ဒီအထဲမှာမှ ရေးချိုးတဲ့အခါ သာမန်အားဖြင့် သန့်ရှင်းရေးလုပ်တဲ့သူတွေတော့ ရှိပါတယ်။ ဒါပေမယ့် ဒီတစ်ကြိမ်တည်းသာ သန့်ရှင်းရေးလုပ်ရမယ်လို့ ဘယ်ဆေးကျမ်းကမှ ညွှန်းဆိုမထားပါဘူး။ တကယ်တော့ ဆီးသွားပြီးချိန်၊ ချစ်တင်းနှောပြီး (မိနစ်အနည်းငယ်အကြာ)ချိန်တို့မှာလည်း သန့်ရှင်းရေး လုပ်ရပါမယ်။ ဆီးနဲ့ အမျိုးသမီးဆီက ထွက်တဲ့ အရည်အရွှဲတွေထဲမှာ ဘက်တီးရီယားပိုးတွေ ပါလာတတ်လို့ ဖြစ်ပါတယ်။

(၃) (သို့မဟုတ်) အရေပြားခွံအတွင်းကို သန့်ရှင်းရေးမလုပ်ခြင်း

သန့်ရှင်းရေးလုပ်တဲ့အခါမှာလည်း နှိုက်နှိုက်ချွပ်ချွပ် လုပ်တဲ့အကျင့်လေး ရှိဖို့လိုပါတယ်။ အရေပြားအောက်မှာ ကိန်းအောင်းနေတဲ့ အညစ်အကြေးနဲ့ ဘက်တီးရီယားတွေကို သန့်ရှင်းအောင်လုပ်ဖို့ လိုပါတယ်။ အညစ်အကြေးဟာ ဘက်တီးရီးယားတို့ မွေ့လျှော်ရာဖြစ်ပြီး၊ ရောဂါတွေရဲ့ အစလည်းဖြစ်ပါတယ်။ သတိထားသင့်တဲ့ သန့်ရှင်းမှုလေးပါ။

(၄) ချွေးသိပ်ချိန် မထားဘဲ၊ အလုံအကြပ်ဘောင်းဘီများကိုသာ ဝတ်ဆင်ခြင်း

 

READ
အမျိုးသမီးအနေဖြင့်မွေးဖွားလာခဲ့တဲ့ ခန့်ညားတဲ့အမျိုးသားများ

Underwear GIF - Find & Share on GIPHY

အမျိုးသားတော်တော်များများက အတင်းအကြပ်ဘောင်းဘီအတိုတွေကိုသာ ဝတ်ဆင်တတ်ကြပါတယ်။ အများအားဖြင့် ခရီးသွားချိန်တွေမှာပါ။ တစ်ချို့က အိမ်မှာနေရင်းနဲ့တောင် အတွင်းခံဘောင်းဘီဝတ်ဆင်ကြပါတယ်။ ဒါဟာ လိင်အင်္ဂါကျန်းမာရေးအတွက် ရေရှည်မကောင်းနိုင်ပါဘူး။ သူ့ကိုလည်း လွတ်လွတ်လပ်လပ် နေတဲ့အချိန်လေး ပေးရပါမယ်။ လိုအပ်တဲ့ အပူချိန်ထက် ပိုသွားရင် ဆီးကြိတ်ကင်ဆာသာမက၊ မျိုးသုဉ်းခြင်းပါ ဖြစ်သွားနိုင်ပါတယ်။ အိမ်မှာနေတဲ့အခါ ပေါ့ပေါ့ပါးပါး နေတတ်ပါစေ။

(၅) အားကစားလုပ်ချိန်မှာ လိုက်နာရန်

အားကစားလုပ်တဲ့အခါမှာ စောစောကပြောသလို စမတ်ကျကျ ဘောင်းဘီအကပ်တွေ ဝတ်ဆင်တာကို မှားတယ်လို့ မဆိုလိုပေမယ့် မှန်တယ်လို့လည်း ပြောလို့မရပါဘူုး။ ကောင်းတာကတော့ ကြွက်သားတွေကို တင်းစည်းမထားတဲ့ ဘောင်းဘီမျိုးဆို သင့်တော်ကောင်းမွန်ပါတယ်။ ဒါ့အပြင် ဘောင်းဘီအကြပ်ကြီးတွေနဲ့ ကြာရှည်ထိုင်ခြင်းကလည်း လိင်အင်္ဂါအတွက် လှောင်ပိတ်ထားသလို ဖြစ်စေလို့ မကောင်းပါဘူး။

(၆) ပိုကြီး/ပိုရှည်လာအောင် လုပ်ခြင်းအမှားများ

အခုအချိန်ထိ အမျိုးသားတော်တော်များများက ကြီးလေရှည်လေ ကောင်းလေ ကောင်မလေးက သဘောကျလေဆိုတဲ့ တလွဲအမှားကြီးကို လက်ခံနေကြဆဲပါ။ ဆရာပီမိုးနင်းရေးခဲ့သလို၊ အဓိကက အဓိကသာ ဖြစ်ပါတယ်။ ကြီးတယ်ရှည်ဆိုတာ မကောင်းဘူးလားဆိုတော့လည်း မဟုတ်ပြန်ပါဘူး။ သူ့သဘာဝနဲ့သူဆို အကုန်ကောင်းပါတယ်။ မကောင်းတာက ဟိုဆေးပွတ်လိုက်၊ သည်ဆေးပွတ်လိုက်၊ ဂျယ်တွေ ထိုးသွင်းလိုက်၊ Ball တွေထည့်လိုက် လုပ်ရင်တော့ အသက်ရှည်ဖို့ မလွယ်ပါဘူး။

(၇) ကြာရှည်ဆေး သုံးစွဲခြင်းအမှားများ

 

9 12 Weeks GIF - Find & Share on GIPHY

တစ်ချို့က ဇနီးမယားနဲ့ အတူမနေခင်မှာ ကြာရှည်ထောင်မက်ဆေးနဲ့ ဆက်ဆံချိန်ကြာတဲ့ဆေးတွေ သုံးကြပါတယ်။ ဒါကတော့ လုံးဝအမှားကြီးတစ်ခုပါ။ တစ်ချို့က စိတ်အားနည်းနေလို့ သုံးတာလို့ အကြောင်းပြပြီး၊ တစ်ချို့က ကြာကြာဆက်ဆံချင်လို့ တကူးတက ဆေးဝယ်ပြီးသုံးကြတာပါ။ မျိုသုဉ်းမယ့်အန္တရာယ်၊ ဆီးကြိတ်ကင်ဆာ၊ ပန်းသေရောဂါတွေက ဒီလူတွေကို စောင့်ဆိုင်းနေပါတယ်။

(၈) ဆီး/သုတ်တွေထဲမှာ သွေးစသွေးနပါလာတာကို ဂရုမထားခြင်း

သွေးဆိုတာ ဒဏ်ရာမရှိဘဲ သူ့အလိုလို ထွက်လာတာ မဟုတ်ဘူးဆိုတာ သတိချပ်ဖို့ လိုပါတယ်။ ဆီးသွားတဲ့အခါတိုင်း အောင့်ပြီး သွေးစသွေးနပါလာရင် အထူးသတိထားရမယ့် အချိန်ပါ။ ဒါ့မှမဟုတ် အနံ့ပြင်းပြင်းနဲ့ ပြည်ကဲ့သို့သော ဝါညစ်ညစ်အရည်တွေ ပါလာရင် ဆေးရုံကိုသာ တန်းပြေးပေတော့။ ဒီလိုပဲ သုတ်ရည်ထဲမှာ မသင်္ကာစရာ အရည်တွေ ရောယှက်ပါလာရင် ဆရာဝန်နဲ့ အမြန်ဆုံးတိုင်ပင်ပါ။ အတွင်းမှာ ရောဂါတစ်ခုခု၊ ချို့ယွင်းချက်တစ်ခုခု ဖြစ်နေတဲ့ သဘောပါ။

READ
မိန်းကလေးတွေပြောတဲ့ ယောက်ျားလေးတွေရဲ့ ဆွဲဆောင်မှုရှိသောအရာများ

(၉) အားကစားလုပ်ချိန်မှာ အကာအကွယ်မဝတ်ဆင်တဲ့အခါ

Underwear GIF - Find & Share on GIPHY

အားကစားလုပ်ချိန်မှာတော့ လုံလောက်တဲ့ အကာအကွယ်ဘောင်းဘီ၊ ဖော့ခံဘောင်းဘီတွေ ဝတ်ဆင်သင့်ပါတယ်။ ဘောလုံးကန်တဲ့အခါမျိုး၊ လက်ဝှေ့ထိုးတဲ့အခါမျိုးမှာ ငယ်ပါကို မတော်တဆ ထိခိုက်နိုင်လို့ပါ။ ထိခိုက်သွားရင်လည်း အနည်းနဲ့အများ အန္တရာယ်ရှိပါတယ်။ တစ်ခါတလ အသက်အန္တရာယ်တောင် ရှိနိုင်လို့ အရေးကြီးတဲ့ အလေ့အကျင့်လို့ ဆိုပါရစေ။

(၁၀) မသန့်ရှင်းတဲ့ အိမ်သာစက္ကူတွေ သုံးခြင်း

Man Vs GIF - Find & Share on GIPHY

 

ဆီးသွားပြီးတဲ့အခါ၊ ချစ်တင်းနှောပြီးတဲ့အခါ နံပတ်(၂)အချက်မှာ ဖော်ပြထားသလို လုံလောက်တဲ့ သန့်ရှင်းရေးတွေ လုပ်ဖို့လိုကိုလိုအပ်ပါတယ်။ အလွယ်တကူ တစ်ရှူးတွေ၊ အဝတ်တွေနဲ့ သုတ်သင်သန့်ရှင်းခြင်း မပြုလုပ်ပါနဲ့။ တစ်ချို့က အိမ်သာထဲသွားပြီး အိမ်သာသုံးစက္ကူနဲ့ ပြီးစလွယ်သုတ်ပစ်လိုက်တာမျိုး ရှိပါတယ်။ စက္ကူဆိုတာ ဓာတ်ပေါင်းတွေနဲ့ပြုလုပ်ထားတဲ့ လူသုံးပစ္စည်းပါ။ သာမန်ရေလောက် ကျန်းမာရေးနဲ့ မညီညွတ်ပါဘူး။

(၁၁) မသန့်ရှင်းတဲ့ ဘလိတ်ဓားနဲ့ ဟောင်းနွမ်းနေတဲ့ ဂျုတ်တွေ အသုံးပြုခြင်း

တစ်ကိုယ်ရေသန့်ရှင်းရေးလုပ်တဲ့အထဲမှာ အမွှေးအမျှင်တွေ ရိတ်သင်ဖယ်ရှားခြင်းလည်း ပါဝင်ပါတယ်။ မသန့်ရှင်းတဲ့ ဘလိတ်ဓားနဲ့ဂျုပ်တွေ မသုံးမိဖို့လိုအပ်ပြီး အသုံးမပြုခင်မှာ ရေနွေးပွက်ပွက်ဆူနဲ့ ပြုတ်ခြင်းက ဘက်တီးရိယားပိုးတွေကို သေစေပါတယ်။ တစ်ခါသုံး ဘလိတ်ဓားကိုသာ သုံးဖို့လိုအပ်ပြီး အသုံးပြုတဲ့ဆပ်ပြာ/ဆပ်ပြာရည်ကလည်း အရည်အသွေးကောင်းဖို့ လိုပါတယ်။ ဒီအချက်တွေဟာ တိတိကျကျလိုက်နာခဲ့ရင် လိင်ပိုင်းဆိုင်ရာ ရောဂါတွေသာမက၊ ဆီးကြိတ်ကင်ဆာကဲ့သို့သော ဆိုးကျိုးများစေတဲ့ ရောဂါတွေကိုပါ ကာကွယ်ပြီးသား ရောက်မှာဖြစ်ကြောင်းပါ။

နတ်စည်တော် (Shwemom)

SHARE