ကားလမ်းမပေါ် ရောက်နေတဲ့မြွေကြီးကို အထာကျကျဖယ်ပစ်ခဲ့တဲ့ ခပ်မိုက်မိုက်အမျိုးသမီး

၁၀၀ မှာ ၉၀ လောက်ဟာ မြွေကို ကိုင်ဖို့မပြောနဲ့ ထိကြည့်တာတောင် မထိရဲတဲ့လူတွေပါ။ မြွေကို ကယ်ဖို့အတွက် ကိုင် မ ရမယ်ဆိုရင်တော့ အသက်မကယ်ဘဲ ဒီအတိုင်း ပစ်သွားကြမှာပဲမဟုတ်လား။ သို့ပေမယ့် ဒီအမျိုးသမီးကတော့ အသက်တစ်ချောင်းကို ကယ်တင်ခဲ့ပါတယ်။

အခုဖော်ပြမှာကတော့ ၂၀၁၇ က အဖြစ်လေးပါ။ အဝေးပြေးလမ်းမပေါ်မှာ စပါးကြီးမြွေတစ်ကောင် ရောက်နေခဲ့ပါတယ်။ အဝေးပြေးလမ်းမဟာ ကားအသွားအလာတွေများလွန်းတာကြောင့် မြွေကြီး ဒီအတိုင်းရှိနေမယ်ဆိုရင် မကြာခင်မှာပဲ ကားတက်ကြိတ်ကာ သေသွားနိုင်ပါတယ်။

သို့ပေမယ့် မြင်သမျှလူတိုင်း မြွေကို မဖယ်ပေးဘဲ မဆိုင်သလို ကျော်သွားကြပါတယ်။ အမျိုးသမီးတစ်ဦးကတော့ အန္တရာယ်တွင်းထဲ ကျနေတဲ့ သက်ရှိတစ်ကောင်ကို လျစ်လျူမရှုနိုင်ခဲ့ပါဘူး။ သူမဟာ ကားလမ်းမထက်ကို တက်ပြီး မြွေကြီးကို အရင်ကြည့်ပါတယ်။ ပြီးကာမှ တွန့်ဆုတ်မနေဘဲ မကြောက်မရွံ့ရနဲ့ မြွေကို ကောက်မခဲ့ပါတယ်။

JunkieVideo

အေးအေးဆေးဆေးပဲ မြွေလည်ပင်းကို ကိုင်ကာ ခန္ဓာကိုယ်မှာပတ်ပြီး ကားလမ်းဘေးကို ပြန်လာခဲ့ပါတယ်။ သူနဲ့အတူပါလာတဲ့ မိတ်ဆွေကတော့ သူမ မြွေအကိုက်ခံရမှာဆိုးလို့ သတိပေးနေခဲ့ပေမယ့် သူမကတော့ လျစ်လျူရှုကာ ကယ်ဆယ်ခဲ့တာပါ။

READ
ဘူဆန်က တံတားကြီးတစ်စင်းကို တည့်တည့်ကြီးဝင်တိုက်ခဲ့တဲ့ ရုရှားသင်္ဘောကပ္ပတိန်
JunkieVideo

ကားလမ်းဘေးရောက်တော့လည်း မြွေကို လက်ကနေ မချသေးဘဲ မိတ်ဆွေနဲ့ စကားပြောနေသေးပါတယ်။ ဗီဒီယိုနဲ့ဓာတ်ပုံတွေကိုတော့ လမ်းသွားလမ်းလာတစ်ဦးမှ ရိုက်ကူးထားတာဖြစ်ပါတယ်။

JunkieVideo

Source: Elite Readers

Penny

SHARE