ကမ္ဘာ့အကြီးဆုံး ပင်လယ်ရေအောက်ဥယျာဉ်ကြီးကို ဖွင့်လှစ်တော့မယ့် ဘာရိန်းနိုင်ငံ

@divebahrain/Instagram

ပါးရှန်းပင်လယ်ကွေ့မှာ ကျွန်းတိုင်းပြည်အဖြစ် တည်ရှိနေတဲ့ ဘာရိန်ကတော့ ကမ္ဘာ့အကြီးဆုံး ပင်လယ်ရေအောက် ဥယျာဉ်ကြီးဖြစ်ဖို့ တည်ဆောက်နေခဲ့တာ တော်တော်လေးတောင် ပြီးစီးနေခဲ့ပါပြီ။

ဥယျာဉ်နာမည်ကိုတော့ Dive Bahrain လို့ နာမည်ပေးထားခဲ့ပြီး ၂၀၁၉ ခုနှစ် သြဂုတ်လထဲမှာ ဖွင့်မယ်ဆိုပြီး ရည်မှန်းထားကြပါတယ်။ ပြာလဲ့လဲ့ပင်လယ်ကြီးမှာ လူသားတွေလုံးဝရှာဖွေလို့ မရနိုင်သေးတဲ့ လျှို့ဝှက်မှုတွေရှိနေပါသေးတယ်။ လှပသလောက်မာယာများပြီး နက်ရှိုင်းဆန်းကျယ်လှတဲ့ ပင်လယ်ကြီးထဲမှာ လူတွေကတော့ တတ်နိုင်သလောက် ဝင်ဆန့်လေ့လာနေခဲ့ကြတဲ့အပြင် ဆန်းဆန်းပြားပြား ပိုဖြစ်စေအောင်ဆိုပြီး ရေအောက်ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေဖွင့်တာတို့၊ ရေအောက်မှာ ဓာတ်ပုံရိုက်တာတို့ကို ပြုလုပ်ကာ စိတ်ဝင်စားမှုတွေကို ဆွဲဆောင်လျက်ရှိနေပါတယ်။

 

 

View this post on Instagram

 

‎ ‎مراحل عديدة وساعات عمل طويلة استمرت شهور من العمل من قبل فريق تقني متخصص لضمان اعلى مقاييس السلامة للبيئة البحرية.. ‎نأخذكم في هذا الفيديو في جولة لرحلة الطائرة من موقعها الرئيسي وصولاً الى محطتها الجديدة . . Over the past few months, a specialised technical team implemented the required procedures and preparations in order for the aircraft to be ready for submersion. Let us take you through the journey of the Boeing 747! ✈️🇧🇭 . . #DiveBahrain #Dive #Bahrain #Scubadiving #SCE #BahrainOursYours #ecotourism #underwater #underwaterworld

A post shared by Dive Bahrain (@divebahrain) on

Dive Bahrain မှာလည်း ခရီးသွားတွေ၊ လာရောက်လည်ပတ်မယ့်သူတွေရဲ့ စိတ်ကို ဆွဲဆောင်နိုင်ဖို့အတွက် အဓိကအရာတစ်ခုရှိပါတယ်။ အဲဒါကတော့ လေယာဉ်ပျံကြီးပါ။ ၇၀ မီတာရှည်လျားတဲ့ Boeing 747 လေယာဉ်ကြီးကို ပင်လယ်ရေအောက်ကို ချနေတဲ့ဗီဒီယိုလေးကို သူတို့ရဲ့ Instagram မှာ လွနခဲ့တဲ့ တစ်ကရက်ကပဲ တင်ထားခဲ့တာပါ။ ဝေဟင်မှာပျံနေကျ လေယာဉ်ကြီးကို ရေပြင်အောက်မှာ တွေ့ရမယ်ဆိုတာ တစ်မျိုးတစ်ဖုံတော့ စိတ်လှုပ်ရှားစရာ ကောင်းလှပါလေ။

READ
ဗီယက်နမ်နိုင်ငံက ဟာလောင်းပင်လယ်အော်ရဲ့ စိတ်ဝင်စားဖွယ်အချက် ၅ ချက်

 

လေယာဉ်ကြီးအပြင် ဥယျာဉ်အပြင်အဆင်တွေကို လှပအောင်ဆိုပြီး လူလုပ်သန္တာကျောက်တန်းတွေ၊ အနုပညာလက်ရာများစွာကိုလည်း ထည့်သွင်းသွားဦးမှာပါ။ ဒီအပြင် ဘာရိန်းရဲ့အထင်ကရဖြစ်တဲ့ ပုလဲကုန်သည်များအဆောက်အဦပုံစံတူကိုလည်း ထည့်သွင်းဦးမှာဖြစ်တယ်လို့ သိရပါတယ်။

READ
လူတစ်ကိုယ်စာ ဝင်ထိုင်နိုင်ရုံမက ကြီးမားလွန်းတဲ့ တိုင်ပေမြို့က ဧရာမကြာဗန်းကြီးများ

ကမ္ဘာ့အကြီးဆုံး ပင်လယ်ရေအောက်ဥယျာဉ်ကြီး ဖြစ်လာတော့မယ့် Dive Bahrain ရဲ့အကြောင်းလေးကို သူ့ရဲ့ တရားဝင် Instagram မှာ တွေ့မိလို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

 

Penny

SHARE