ထိုင်းမင်းသမီးချောလေး Baifern Pimchanok ကတော့ ပုရိသတွေ ကြားမှာ အရမ်းကို နာမည်ကြီးသူပါ။ Baifern လေးကိုတော့ (၁၉၉၂) ခုနှစ် စက်တင်ဘာ (၃၀)ရက်နေ့မှာ မွေးဖွားခဲ့တာပါ။Crazy Little Thing Called Love ကတော့ သူမကို အကြီးအကျယ်အောင်မြင်စေခဲ့တဲ့ ဇာတ်ကားပါ။ ဒီကားမှာတော့ Mario Maurer နဲ့ အတူတွဲ သရုပ်ဆောင် ခဲ့တာ ပါ။ ဒီဇာတ်ကားကတော့ သူမကို အာရှတစ်ခွင်မှာပါ အောင်မြင်စေခဲ့တဲ့ ဇာတ်ကားကောင်းလေးဖြစ်ခဲ့ပါတယ်။အလုပ်တွေကိုပဲ ကြိုးစားလုပ်နေပြီး ချစ်သူမရှိတဲ့ Single လေးပါ။


ပရိသတ်တွေရဲ့ အချစ်တော်လေး Baifern ကတော့ သူမရဲ့ IG မှာ ပုံနဲ့ ဗီဒီယိုဖိုင်အသစ်လေးတွေ တင်ထားပါတယ်။ထိုင်း Vivo ငါးနှစ်ပြည့်ပွဲလေးကို တက်ရောက်ဖြစ်ခဲ့တာပါ။သီချင်းလေးနဲ့ ပါ သီဆို ကပြ ဖျော်ဖြေ ခဲ့ပုံတွေကိုလည်း သူမရဲ့ IG မှာ တင်ထားပါတယ်။ဘဲ လေးကချေ သည်တွေ ၀တ်တဲ့ ပုံစံ မျိုးလို ၀တ်စုံလေးပါ။အဖြူ လည်ပင်းသိုင်းကြိုးပုံစံလေးပါ။


Baifern Pimchanok ကတော့ သူမရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း ထုတ်ပြောခဲ့ပါတယ်။ တခြားသူတွေလို မရှင်းမလင်း ဖြေတာ မဟုတ်ပဲ တကယ့်ကို တိတိကျကျ ခိုင်ခိုင်မာမာကို ဖြေခဲ့ တာပါ။ သတင်းထောက် တွေက သူမကို လက်ရှိ အချစ်ရေးနဲ့ ပတ်သက်ပြီးမေးတဲ့ အခါမှာတော့…အချစ်ရေးကတော့ 100% single ပါ လို့ ဖြေခဲ့ပါတယ်။“အချစ်ရေးလား၊အခုမရှိသေးပါဘူး။ ကျမက 100% single ပါ။ အလုပ်တစ်ခုတည်းကိုပဲ လုပ်ဖြစ်နေတယ်။ အခု ကျမရဲ့ အသက်က (၂၇)ဆိုတော့ (၃၀)နားနီးလာပြီလေ။ ကျမလည်း လူကောင်းတစ်ယောက်ကို တော့ လိုချင် ပါတယ်။

ဒါပေမယ့် ကျမဆီကို တစ်ယောက်မှ ရောက်မလာကြဘူး။ တကယ်လို့ များ အချစ်က အခုကျမဆီကို ရောက်လာရင် တောင်မှ ဒါက right time တော့မဟုတ်သေးဘူး။ တကယ်လို့ များ အဲ့ဒီလူက right one ဆိုရင်တော့ သူက ရောက် လာပါလိမ့်မယ်…” ဆိုပြီး ပြောခဲ့ပါတယ်။ သူမဘ၀ အတွက် တကယ့်ကို စစ်မှန်တဲ့ သူဆိုရင်တော့ ရောက်လာ လိမ့်မယ်လို့ ပြောခဲ့ပါတယ်။ လက်ရှိကတော့ တစ်ရာရာခိုင်နှုန်း Single ပါလို့ ရဲရဲဝံ့ဝံ့ ထုတ်ပြောလိုက်ပါတယ်။
Ref;Wiki/Baifern ‘s IG/thaiupdate