အတွင်းခံ ကြော်ငြာ ဓါတ်ပုံတွေ ဝေမျှ ပေးလိုက်တဲ့ Baifern Pimchanok

Image:IG/Baifern Pimchanok

မြန်မာပရိသတ်တွေကြားမှာ အရမ်းကို နာမည်ကြီးတဲ့ ထိုင်းမင်းသမီးချောလေး Baifern Pimchanok  ကတော့ သူမရဲ့ IG မှာ ပုံအသစ်တွေ ဝေမျှ ထားပါတယ်။ပုံတွေကတော့ ဘရာကြော်ငြာ ပုံလေးတွေပါ။ပုံထဲမှာတော့ မြင် နေကျ နဲ့ မတူပဲ Sexy ကျကျပုံစံမျိုးနဲ့ ဘရာကြော်ငြာထားတဲ့ Baifern Pimchanok  ကို တွေ့ရမှာပါ။sabina ဆိုတဲ့ အမျိုးသမီးအတွင်းခံကြော်ငြာ အတွက် ဓါတ်ပုံရိုက်ပေးခဲ့တယ်။

Image:IG/Baifern Pimchanok
Image:IG/Baifern Pimchanok
Image:IG/Baifern Pimchanok
Image:IG/Baifern Pimchanok

Baifern Pimchanok  ကတော့ မြန်မာပရိသတ်တွေ နဲ့ အထူးမိတ်ဆက်ပေးဖို့ မလိုတဲ့ မင်းသမီးချောလေးပါ။။နာမည်အရင်းကတော့ Pimchanok Luevisadpaibul  ဖြစ်ပြီး Baifern လို့ လူသိများပါတယ်။(၁၉၉၂) ခုနှစ် စက်တင်ဘာ (၃၀)ရက်နေ့မှာ မွေးဖွားခဲ့သူလေးပါ။ Crazy Little Thing Called Love ကတော့ သူမကို အကြီးအကျယ်အောင်မြင်စေခဲ့တဲ့ ဇာတ်ကားပါ။ဒီကားမှာတော့ Mario Maurer နဲ့ အတူတွဲ သရုပ်ဆောင် ခဲ့တာ ပါ။မြန်မာ ပရိသတ်တွေနဲ့ ထိုင်းပရိသတ်တွေကြားမှာ တင်မကပဲ အာရှတစ်လွှားမှာရှိတဲ့ ပရိသတ်တွေ ကြားမှာပါ အရမ်းကို အောင်မြင်ခဲ့တဲ့ ဇာတ်ကားပါ။

READ
အထင်လွဲနေကြတဲ့ ပရိသတ်ကြီးကို ပြန်လည်ဖြေရှင်းလိုက်တဲ့ နေမင်း
Image:IG/sabina
Image:IG/sabina
Image:IG/sabina

သူမဟာ(၂၀၁၅)ခုနှစ်က Srinakharinwirot တက္ကသိုလ်ကနေ  Bachelor of Arts ဘွဲ့ရခဲ့တာပါ။(၂၀၁၆) တည်းက freelance မင်းသမီးအဖြစ် လုပ်ခဲ့တာပါ။ဇာတ်ကားအနေနဲ့ ဆိုရင်တော့ Love Summer ၊Suddenly It’s Magic ၊ Die A Violent Death 2 ၊ Cat A Wabb ၊ Back to the 90s ၊ The Guys တို့ မှာ ပါဝင် ထားပါတယ်။(၂၀၁၉)ကမှ ထွက်ထားတဲ့ Friend Zone ဇာတ်ကားကတော့ မြန်မာပရိသတ်တွေပါ အကြိုက် တွေ့ ခဲ့တဲ့ ဇာတ်ကားလေးပါ။ဒရမ်မာဇာတ်ကားအနေနဲ့ ဆိုရင်တော့ Yuttakarn Prab Nang Marn (devil angel ) ကလည်း ပရိသတ်တွေ ကြားမှာ တော်တော်လေးကို နာမည်ကြီးခဲ့ပါတယ်။

READ
ချစ်စရာ အမူအယာလေးတွေ လုပ်ပြလိုက်တဲ့ သင်ဇာဝင့်ကျော်
Image:IG/sabina
Image:IG/Baifern Pimchanok

‘Bai Mai Tee Plid Plew’. ဆိုတဲ့ The Fallen Leaf  ဆိုတဲ့ ဇာတ်ကားမှာတော့ Baifern Pimchanok နဲ့ ပါးချိုင့်မင်းသားချောလေး , Dj Push နဲ့ အတူ သရုပ်ဆောင်ထားပါတယ်။အဲ့ဒီဇာတ်လမ်းတွဲထဲမှာတော့ နီရာ ဆိုတဲ့ လိင် ပြောင်း တစ်ယောက် အဖြစ် သရုပ်ဆောင်ထားပါတယ်။သူမရဲ့ ဇာတ်ကားသစ် The Sand Princess (2019)  ကိုလည်း ပရိသတ်တွေ က အရမ်းကြိုက်ကြတာကိုတွေ့ရပါတယ်။အဲ့ဒီဇာတ်ကားမှာတော့ Dan Worrawech Danuwong ၊March Chutavuth Pattarakhumphol၊Arm Weerayut Chansook၊Alice Tsoi၊Ae Maneerat Kumoun တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။

Image:IG/Baifern Pimchanok

Ref:mydramalist/wikipedia

SHARE