ဂျပန်ကိုရောက်နေတဲ့ ထိုင်းမင်းသမီးလေး Baifern Pimchanok

Image:IG/Baifern

Baifern Pimchanok ကတော့ ပုရိသတွေ ကြားမှာ အရမ်းကြီးတဲ့ ထိုင်းမင်းသမီးချောလေး ပါ။မြန်မာနိုင်ငံက မင်းသား ပိုင်တံခွန်နဲ့ တွဲပြီး ကြော်ငြာ တစ်ခု ရိုက်ကူးခဲ့ဖူးပါတယ်။ချစ်စရာကောင်းပြီး ချောမော လှပတဲ့ ရုပ်ရည် ကို ပိုင်ဆိုင်ထားတဲ့ သူမဟာ အခုဆိုရင်တော့ ထိုင်းမှာတင်မကပဲ အာရှတစ်လွှားမှာပါ အရမ်းကို နာမည်ကြီး အောင်မြင် နေပါပြီ။ပုရိသတွေ ရဲ့ အချစ်တော် ထိုင်းမင်းသမီးလေး ကတော့ လက်တလောမှာ ဂျပန်ကို ရောက်နေပါတယ်။

Image:IG/Baifern

Image:IG/Baifern

ဂျပန်ရောက်နေတဲ့ ပုံလေးတွေကိုတော့ သူမရဲ့ အကောင့်မှာ ဝေမျှ ပေးထားပါတယ်။ဂျပန်ကို ရောက်တုန်း ရောက် ခိုက် ဂျပန်ကီမိုနို ၀တ်စုံလေးကိုပါ ၀တ်ပြီး ဓါတ်ပုံရိုက်ခဲ့ပါတယ်။ဂျပန်က ဖူဂျီ တောင်  ခြေကိုလည်း ရောက်ခဲ့ပါတယ်။Yamanashi စီရင်စုမှာရှိတဲ့ တောင်ခြေ ကိုလည်း ရောက်ခဲ့ပါတယ်။အဲ့ဒီက ရွာကိုတော့ Saiko Iyashino-Sato Nenba လို့ ခေါ်ပြီး  “Healing Village,” ဆိုပြီး လူသိများတဲ့နေရာပါ။အဲ့ဒီနေရာမှာတော့ ကီမိုနိုဝတ်စုံကို ၀တ်ပြီး ဓါတ်ပုံရိုက်ခဲ့တာပါ။

READ
အပြုံးချိုချိုလေးတွေနဲ့ ပရိသတ်တွေရဲ့ ရင်ကို လှုပ်ခတ်စေပြန်တဲ့ နွယ်နွယ်ထွန်း
Image:IG/Baifern
Image:IG/Baifern

Baifern က တော့ 2010 တုန်းက Crazy Little Thing Called Love  ဆိုတဲ့ ဇာတ်ကားနဲ့ အာရှ တစ်လွှားမမှာ နာမည်ကြီးအောင်မြင်ခဲ့သူပါ။ဒီဇာတ်ကားမှာတော့ Mario Maurer နဲ့ အတူ တွဲ သရုပ်ဆောင်ခဲ့တာပါ။ (၁၉၉၂) ခုနှစ် စက်တင်ဘာ (၃၀)ရက်နေ့မှာ မွေးဖွားခဲ့တဲ့ သူမဟာ အခုဆိုရင်တော့ အသက် (၂၇)နှစ်ပါ။လက်ရှိမှာတော့ သူမရဲ့ အနုပညာအလုပ်တွေကို ပဲ ကြိုးစားလုပ်ကိုင်နေပါတယ်။အချစ်ရေး ကတော့ အခုထိ Single တစ်ယောက်ပါ။

Image:IG/Baifern
Image:IG/Baifern

Source:Baifern’s IG & Wiki

SHARE