Baking Soda က ဆံပင်ကျွတ်တာတွေ ကာကွယ်ပေးနိုင်ပြီး ဆံပင်ရှည်မြန်စေပါတယ် …

Baking Soda မှာ ဆံပင်အတွက် အစွမ်းထက်စေမယ့် အာနိသင်တွေပါတယ်။ ပထမအနေနဲ့ Bakind Soda က သင့်ဆံပင်ကို ပြောင်ပြောင်လက်လက်ဖြစ်စေပြီး နူးညံ့ ပျော့ပျောင်းလာအောင် လုပ်ပေးနိုင်တယ်။ နောက်ပြီး Soda က ဆံပင်ကို အရှည်မြန်လာစေနိုင်ပါတယ်။ ပျက်ဆီးနေတဲ့ ဆံပင်တွေကိုလည်း ပြန်ကောင်းစေနိုင်တယ်။

Baking Soda မှာ ဓာတ်ပစ္စည်းတွေမပါတဲ့ သဘာဝပစ္စည်းတွေပဲ ပါတယ်။ ဒါကြောင့် သင့်ဦးရေပြားအတွက် ကောင်းစေပြီး ပျက်ဆီးနေတာတွေကိုလည်း ပြန်ပြုပြင်ပေးနိုင်တယ်။ ဒါပေမယ့် သင့်က Sensitive ဖြစ်တတ်တယ်ဆိုရင် Baking Soda နဲ့ ခေါင်းမလျှော်ခင် သင့်အသားအရေပေါ်မှာ အရင်စမ်းကြည့်ပေးပါ။ နည်းလမ်းကတော့ – Bakind Soda ကို ရေနဲ့ရောပေးပါ။ ဒီအရောကို ဦးရေပြားနဲ့ ဆံပင်တွေကို လိမ်းပေးပါ။ မိနစ်အနည်းငယ် စောင့်ပေးပြီး ခေါင်းလျှော်ပေးပါ။ ဒီနည်းကိုပဲ ပန်းသီးရှာလကာရည် ထပ်ထည့်ပြီး လျှော်ပေးလို့ရတယ်။

READ
မိန်းကလေးတွေလက်တွဲဖော်ရှာရင် ရုပ်ရည်ထက် ဦးစားပေးရွေးချယ်သင့်တဲ့အရာများ

Baking Soda ရဲ့ ဆံပင်နဲ့ပတ်သက်ပြီး အစွမ်းထက်ပုံတွေကတော့ (၁) ဆံပင်ပစ္စည်းတွေ အားလုံးက သင့်ဆံပင်ကို ပျက်ဆီးစေနိုင်တယ်။ Soda က သဘာဝ သန့်စင်နည်းတစ်မျိုးပဲဖြစ်တယ်။ (၂) Baking Soda က Chlorine တွေကို ဖယ်ရှားပစ်နိုင်တယ် (ဥပမာ-  ရေကူးပြီးအချိန်)။ Chlorine က ဆံပင်တွေ ပျက်ဆီးစေပြီး ကြမ်းလာစေတယ်။ (၃) Baking Soda က သင့်ဆံပင်ကို မြန်မြန်ရှည်လာစေနိုင်တယ်။ ဖုန်မှုန့်တွေ ၊ အညစ်အကြေးတွေများတဲ့နေရာမှာ ဆံပင်ကို သန့်ရှင်းဖို့ဆိုရင် Baking Soda နဲ့က ပိုအဆင်ပြေတယ် ။

sorce : betterme

Hannwe Soe (Shwemom)
SHARE