ကမ္ဘာ့အကောင်းဆုံး ဟိုတယ်အဖြစ် ရွေးချယ်ခံထားရတဲ့ ဘာလီကျွန်းက ဟိုတယ်လှလှလေး

Instgram/Capella Ubud

ခရီးတစ်ခုသွားတော့မယ်ဆိုရင် သေချာလေး စဉ်းစားပြီးမှ စီစဉ်သင့်တဲ့အထဲ “ဘယ်မှာတည်းမှာလဲ” ဆိုတဲ ကိစ္စလည်း အပါဝင်ပါပဲ။ လက်တလောမှာတော့ ကပ်ရောဂါဘေး ခံစားနေရတဲ့အတွက်ကြောင့် ခရီးသွားဖို့တော့မလွယ်သေးပေမယ့်လည်း ကမ္ဘာ့အကောင်းဆုံး ဟိုတယ်လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

ဟိုတယ်လေးဟာ ဘာလီကျွန်းမှာရှိနေတဲ့အတွက်ကြောင့် နီးနီးနားနားလည်း သွားရလွယ်ရလွယ်တာကြောင့် မျှဝေပေးလိုက်ပါတယ်။

ဟိုတယ်နာမည်ကတော့ Capella Ubud ပဲဖြစ်ပါတယ်။ နယူးယောက်မဂ္ဂဇင်း Travel & Leisure ရဲ့ ကမ္ဘာ့အကောင်းဆုံးဟိုတယ် ၁၀၀ အတွင်း ထိပ်ဆုံးမှာ ပါဝင်ခဲ့တဲ့ဟိုတယ်လေးလည်းပါတယ်။ ခေတ်ဆန်ပြီး ကွဲထွက်နေတဲ့ ပုံစံတွေကို Bill Bensley မှ တည်ဆောက်ထားတာဖြစ်ပါတယ်။

ဘာလီကျွန်း၊ Ubud ရဲ့ Keliki Valley မှာ တည်ရှိနေပြီးတော့ တောင်တန်းတွေ၊ အေးချမ်းတဲ့ရွာငယ်လေးတွေ၊ ဘုရားကျောင်းတွေနဲ့ ဝန်းရံထားပါတယ်။ တောအုပ်စိမ်းစိမ်းတွေကြားထဲ camping ထွက်နေသလို သီးသန့်ခံစားမှုလေးတွေ ခံစားရမှာဖြစ်တဲ့အတွက် အေးအေးဆေးဆေးနေချင်တဲ့လူတွေနဲ့ သဘာဝတရားကြီးကို ခံစားချင်တဲ့လူတွေအတွက်တော့ အသင့်လျော်ဆုံးပါပဲ။

READ
ကားအသုံးပြုခွင့် ပိတ်ပင်ထားတဲ့ ထူးထူးခြားခြား မြို့ငယ်လေး

ဒီအပြင် Wos မြစ်ကြီးကိုလည်း ဘေးမှာလှမ်းမြင်နေတရတဲ့အတွက်ကြောင့် တကယ့်ကို မှော်ဆန်ဆန်လောကတစ်ခုထဲရောက်သွားသလို ခံစားရမှာပါ။

သွားရောက်တည်းခိုဖူးတဲ့လူတွေကတော့ Capella Ubud ဟာ ဟိုတယ်ဆောက်ထားပုံတင် ဆန်းဆန်းလေးနဲ့လှတာမဟုတ်ဘဲ ဝန်ဆောင်မှုလည်းကောင်းပြီး အစားအသောက်ဟာလည်း ပြောစရာမရှိပါဘူးလို့ မှတ်ချက်ကောင်းတွေပေးထားခဲ့ကြပါတယ်။

ဘာလီကတော့ နိုင်ငံတကာမှ ခရီးသွားဧည့်သည်တွေကို လာမယ့် စက်တင်ဘာလ ၁၁ ရက်နေ့မှာ ပြန်လည်လက်ခံတော့မယ်ဆိုပြီး News. AU မှာ ဖော်ပြထားပါတယ်။

READ
သဘာဝတရားရဲ့ ထူးခြားတဲ့ ၀ိသေသတွေကို လက်ဆောင်ရထားတဲ့ အံ့ဖွယ်ကမ်းခြေများ

Penny

SHARE