ခရီးသွားတွေကြောင့် ရေအရင်းအမြစ် ပြတ်တောက်မယ့် ပြဿနာကြုံနေတဲ့ ဘာလီကျွန်း

Twitter/Seminyak

တစ်နေ့က ဘာလီကျွန်းအကြောင်းရေးထားတဲ့ သတင်းတစ်ခုကို worldofbuzz.comမှာ ဖတ်လိုက်ရပါတယ်။ တော်တော်စိတ်မကောင်းစရာပါပဲ။ အဲဒီသတင်းကတော့ ဘာလီကျွန်းမှာရှိတဲ့ မြစ်တွေရဲ့ လေးပုံပုံ သုံးပုံဟာ ရေတွေခန်းခြောက်သွားတယ်ဆိုတဲ့ သတင်းပဲဖြစ်ပါတယ်။

ဘာလီကျွန်းကို လာရောက်လည်ပတ်မှုတွေများလာတာကြောင့် အင်ဒိုနီရှားအစိုးအရအနေနဲ့ လိုအပ်တဲ့ ချိုးရေ၊သောက်ရေတွေကို အနီးအနားရှိမြစ်များမှ ထောက်ပံ့နေရပြီး ယခုအခါမှာတော့ အနီးအနားရှိမြစ်တွေလည်း ခန်းခြောက်နေပြီဖြစ်ပါတယ်။ ခရီးသွားအတော်များများအတွက်တော့ စိတ်ပူစရာမလိုပေမယ် ဒီဒေသမှာနေထိုင်တဲ့ ဒေသခံတွေအတွက်တော့ အိမ်မက်ဆိုးတစ်ခုလိုပါပဲ။

Twitter/IanNeubauer

Indonesia’s Environment Protection Agency က တရားဝင်ထုတ်ပြန်တဲ့ သတင်းအရဆိုရင်တော့ မြစ်လေးရာကျော်ရှိတဲ့အနက်မှာ (၂၆၀)နီးပါး ခန်းခြောက်သွားပြီလို့ သိရပါတယ်။ လက်ရှိဒီရေဘေးပြဿနာကို ကိုင်တွယ်နေတဲ့ အင်္ဂလန်အနောက်ပိုင်းတက္ကသိုလ်တစ်ခုက ပါမောက္ခတစ်ဦးရဲ့ တိုင်းထွာချက်အရဆိုရင် ကျွန်းရဲ့ အကြီးဆုံးရေကန်ကြီးဖြစ်တဲ့ “Lake Buyan”ကန်ကြီးရဲ့ ရေပြင်ဟာ ယခင်ထင် ၃မီတာခွဲကျော်နိမ့်ကျသွားတယ်လို့ သိရှိရပါတယ်။ဒီလိုအကြီးဆုံးရေကန်ကြီးတောင် ရေမျက်နှာပြင် တော်တော်နိမ့်ကျသွားတာဟာ တော်တော်စိတ်ပူစရာကောင်းကြောင်း ထပ်မံပြောကြားခဲ့ပါသေးတယ်။

Twitter/IanNeubauer

Al-Jazeera သတင်းဌာနရဲ့ အင်တာဗျူးကို ကျွန်းပေါ်က အလုပ်သမားတစ်ယောက်က ဖြေဆိုခဲ့ရာမှာလည်း “လာလည်တဲ့သူတွေက တော်တော်များတာဗျ။ ဘာလီကျွန်းက အပူပိုင်းဒေသလည်းဖြစ်တော့ ရေပိုဆာကြတယ်ဗျ။ ခရီးသွားတွေ သောက်သုံးတဲ့ရေပဲ ပျမ်းမျှတွက်ကြည့်မယ်ဆိုရင် တစ်နေ့ကို လီတာ(၂၀၀၀)ကနေ (၄၀၀၀) ကြားရှိတယ်ဗျ။ကြာလာတော့လည်း အနီးအနားကမြစ်တွေလည်း ခမ်းခြောက်ကုန်တာပေါ့ဗျာ”လို့ ဖြေကြားခဲ့ပါတယ်။

Pyi Hein Kyaw

SHARE