
ဆရာ၊ဆရာမတွေဆိုတာ ကိုယ်တွေရဲ့ ငယ်ဘဝကို တစ်ချိန်တုန်းက အလင်းပြပေးခဲ့တဲ့ ပုဂ္ဂိုလ်တွေပါ။ ကိုယ်တွေကသာ အသက်ကြီးလာလို့ သတိရချင်မှရတာပါ။ ဆရာ၊ဆရာမတွေဆိုတာ ကိုယ်တွေနဲ့လမ်းမှာတွေ့ရင် ဒီနေ့ဒီအချိန်အထိ ဘယ်သူဘယ်ဝါဆိုတာ တပ်အပ်ပြောနိုင်နေပြီး ငယ်ငယ်တုန်းက ဘယ်လိုတွေနေခဲ့တယ်၊ ဘယ်လိုတွေလုပ်ခဲ့လဲဆိုတာကို တောက်လျှောက်ပြန်ပြောပြနေနိုင်တုန်းပါ။ အခုလည်း အိန္ဒိယက ဘဏ်လုပ်ငန်းရှင် CEO အမျိုးသားတစ်ယောက်ဟာ တစ်ချိန်တုန်းက သူ့အပေါ်ကို ကျေးဇူးရှိခဲ့ပြီး အစစအရာရာ ကူညီပေးခဲ့တဲ့ ဆရာတစ်ယောက်ကို သူအောင်မြင်တဲ့အချိန်မှာ မရမက ရအောင်လိုက်ရှာပြီး ကျေးဇူးဆပ်ခဲ့ကြောင်း Storypick သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။
The MD & CEO of IDFC First bank is V.Vaidyanathan. I have met Vaidya a few times when he was at ICICI and found him to…
Posted by Peri Maheshwer on Tuesday, October 6, 2020
အဆိုပါ ပုဂ္ဂိုလ်ကတော့ တစ်ခြားမဟုတ်ပါဘူး။ IDF First Band ရဲ့ CEO ဖြစ်သူ V Vaisyanathan ပဲ ဖြစ်ပါတယ်။ V ဟာ ဒီဘဏ်လုပ်ငန်းရဲ့ CEO မဖြစ်ခင် ဟိုးအရင်နှစ်တွေတုန်းက ဘဝမှာ တော်တော်လေးကို အဆင်မပြေဖြစ်ခဲ့ပါတယ်။ ဒီလိုမျိုး အဆင်မပြေဖြစ်နေတဲ့ကြားက သူ့ရဲ့ သင်္ချာဆရာဖြစ်သူ Gurdial Saini ရဲ့ အားပေးမှုတွေကြောင့် ဘဝကို ရှေ့ဆက်လျှောက်လှမ်းနိုင်ခဲ့ပြီး Mesra မြို့ရှိ Birla Institute of Technology တက္ကသိုလ်မှာ အင်ဂျင်နီယာဘွဲ့ကို အရယူပြီး ပညာကို ဆုံးခန်းတိုင်အောင် လေ့လာသင်ကြားခဲ့ပါတယ်။ ဒီလိုနဲ့ တက္ကသိုလ်ပြီးသွားတဲ့အချိန် လုပ်ငန်းခွင် ဝင်ရောက်ဖို့အတွက် အင်တာဗျူးသွားဖြေဖို့တောင် သွားစရိတ်လာစရိတ် မတက်နိုင်လို့ V ကို သူ့ရဲ့ သင်္ချာဆရာဖြစ်သူ Gurdial Saini က ရူပီး ၅၀၀ ထုတ်ချေးခဲ့ပါသေးတယ်။ ကံကောင်းထောက်မစွာနဲ့ပဲ အဆိုပါ အင်တာဗျူးဖြေတာ အောင်သွားပြီး လုပ်ငန်းခွင်ကို တန်းဝင်ရောက်ခဲ့ရတာကြောကင့် V နဲ့ Gurdial တို့ ဆရာတပည့်နှစ်ယောက် အဆက်အသွယ်ပြတ်သွားခဲ့ကြပါတယ်။

ဒီလိုနဲ့ V တစ်ယောက် အောင်မြင်တဲ့ ဘဏ်လုပ်ငန်းရှင်တစ်ယောက် ဖြစ်လာခဲ့တဲ့ အချိန်မှာတော့ တစ်ချိန်က သူ့ကို ရူပီး ၅၀၀ ထုတ်ပေးခဲ့တဲ့ သူ့ဆရာ Gurdial ကို မရရအောင် လိုက်ရှာခဲ့ပြီး ရူပီးသိန်း ၃၀ ကို လက်ဆောင်အဖြစ် ဆရာဖြစ်သူကို ပြန်လည်ထောက်ပံ့ကာ ကျေးဇူးဆပ်နိုင်ခဲ့ပါတယ်။ “အစက ဆရာ့ကို လိုက်ရှာတာ မတွေ့ဘူးဗျ။ ဆရာက ကျောင်းကနေ အနားယူသွားတယ်လို့ သိလိုက်ရတယ်။ ဒါ့ကြောင့် ကျောင်းရဲ့ အကူအညီနဲ့ ဆရာကို ပြန်လိုက်ရှာတော့ နောက်ဆုံးပြန်တွေ့ခဲ့ရပါတယ်။ ကျွန်တော်အနေနဲ့ကတော့ တော်တော်လေးကို ပျော်ရပါတယ်။ ဆရာသာ အဲဒီအချိန်တုန်းက ယုံယုံကြည်ကြည်နဲ့ မကူညီခဲ့ရင် ကျွန်တော်ဒီလိုဘဝကို အိမ်မက်တောင် မက်နိုင်မှာမဟုတ်ပါဘူး”လို့ V က ပြောကြားခဲ့ပါတယ်။

Pyi Hein Kyaw