ဂျပန်တစ်နိုင်ငံလုံးမှာ တစ်ဆိုင်တည်း အထာကျကျဖွင့်ထားတဲ့ ငှက်ပျောသီးဖျော်ရည်ဆိုင်

[email protected]

နေရာတစ်နေရာမှာ ဆိုင်တစ်ဆိုင်ဖွင့်မယ်ဆိုရင် အဓိကက ကိုယ့်ရဲ့ဆိုင်ကို လူစိတ်ဝင်စားဖို့ပါပဲ။ ပတ်ဝန်းကျင်အနေအထားအရ လူသွားလူလာ သိပ်မရှိရင်တောင်မှ ကိုယ့်ရဲ့ဆိုင်ကို လူစိတ်ဝင်စားရင် အချိန်မရွေး တကူးတကလာတဲ့လူ ရှိကိုရှိပါတယ်။ ဒါ့ကြောင့် ဆိုင်တစ်ဆိုင်ဖွင့်မယ်ဆိုရင် အဓိကက တစ်ခြားဆိုင်တွေလို သမာရိုးကျဖြစ်မနေပဲ လူစိတ်ဝင်စားများအောင် လုပ်နိုင်ဖို့ပါပဲ။ အခုလည်း ဂျပန်နိုင်ငံက ငှက်ပျောသီးဖျော်ရည်ဆိုင်လေးတစ်ဆိုင်ဟာ ဆိုရှယ်မီဒီယာမှာ လူစိတ်ဝင်စားများနေသလို ဆိုင်လေးကလည်း သာမန်အသီးဖျော်ရည်ဆိုင်နဲ့ကို မတူကြောင်း Sora News 24 သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

 

အဆိုပါ ငှက်ပျောသီးဖျော်ရည်ဆိုင်လေးဟာ ဂျပန်နိုင်ငံ၊ Aichi စီရင်စုပြည်နယ်အတွင်းမှာရှိတဲ့ Okazaki မြို့မှာ ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။  အဆိုပါ ငှက်ပျောသီးဆိုင်လေးရဲ့ နာမည်ကတော့ Furuhonya Shoten လို့ အမည်ရပြီး လမ်းထောင့်လေးတစ်ထောင့်မှာ ဖွင့်လှစ်ထားတာပဲ ဖြစ်ပါတယ်။

READ
ဝိတ်ချပြီးကျန်ခဲ့တဲ့အဆီပိုတွေကိုဖယ်ဖို့ ပေါင်(၉)သောင်းကျော် အကုန်ခံခဲ့သူ

 

အဆိုပါ ငှက်ပျောသီးဖျော်ရည်ဆိုင်လေးမှာ ငှက်ပျောသီးဖျော်ရည်တစ်မျိုးတည်းကိုသာ ရရှိနိုင်ပြီး တစ်ခွက်ကို ဂျပန်ယန်းငွေ ၅၀ မှ ၄၅၀ အထိ ကျသင့်မှာပဲ ဖြစ်ပါတယ်။ ဆိုင်အခင်းအကျင်းဆိုတာလည်း လုံးဝမရှိပဲ ဆိုင်ရှေ့တည့်တည့်မှာ လူ ၃ ယောက်လောက်သာ ထိုင်နိုင်မယ့် ခုံတန်းလေးတစ်ခုပဲ ရိပါတယ်။ ဆိုင်ရဲ့ထူခြားချက်ကတော့ ခေါင်းတစ်လုံးဝင်ဆံ့စရာ အပေါက်လေးတစ်ခုပဲရှိပြီး အဲဒီအပေါက်လေးကနေ ငွေပေးငွေယူနဲ့ အအေးခွက်ကိုပေးနိုင်ပါတယ်။ ဒါ့အပြင် နောက်ထပ်ထူးခြားချက်ကတော့ ဆိုင်ရှေ့တည့်တည့်မှာ ငှက်ပျောသီးဖျော်ရည်ရောင်းတဲ့ဆိုင်မှန်း သိရအောင် သီးမွှေးငှက်ပျောသီးတစ်ဖီး ချိတ်ဆွဲထားတာပဲ ဖြစ်ပါတယ်။

 

“ဆိုင်ရဲ့ အနေအထားက လက်ရှိ COVID 19 ကာလမှာ အကောင်းဆုံးအနေအထားလေးတစ်ခု ဖြစ်သွားတာပါပဲ။ ဆိုင်ကတော့ ဒီကာလမှာ တော်တော်လေးကို ရောင်းအားကောင်းခဲ့ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ထိတွေ့ဆက်ဆံမှုလဲမရှိတော့သလို social distancing လဲ အလိုလို လုပ်ပြီးသား ဖြစ်သွားပါတယ်”လို့ အဆိုပါငှက်ပျော်သီးဆိုင်ပိုင်ရှင်က ပြောကြားခဲ့ပါတယ်။

READ
ကမ္ဘာတစ်ဝန်းမှ ကလေးများရဲ့ ကျောင်းသွား၊ကျောင်းပြန်ခရီးကြမ်း

 

Pyi Hein Kyaw

SHARE