ဈေးဝယ်သူရဲ့ အမြင်ကိုလှည့်စားထားတဲ့ စီးပွားရေးသမားအချို့ရဲ့လှည့်ကွက်များ

twitter/kogamaruu

ကပ်ရောဂါအတွင်းမှာ စီးပွားရေးလုပ်ငန်းတော်တော်များများဟာ မနည်းရုန်းကန်နေရပါတယ်။ ဂျပန်နိုင်ငံက စတိုးဆိုင်လေးတွေကလည်း ဒေသတွင်းကုမ္ပဏီတွေနဲ့ပူးပေါင်းပြီး ဈေးဝယ်သူတွေအတွက် ကုန်ပစ္စည်းအသစ်တွေကို ဖန်တီးပေးဖို့ကြိုးစားလျက်ရှိနေပါတယ်။ ဒီထဲမှာတော့ 7-Eleven စတိုးဆိုင်တွေလည်း ပါဝင်ပါတယ်။ 7-Eleven ဟာ တိုကျိုအခြေစိုက် နို့ငှက်ပျောဖျော်ရည်ရောင်းတဲ့ ကုမ္ပဏီ Sonna Bananaနဲ့ အလုပ်တွဲလုပ်ခဲ့ပါတယ်။

နို့ငှက်ပျောဖျော်ရည်တွေကတော့ တိုကျိုမှာ တဖြည်းဖြည်းနဲ့ လူကြိုက်များလာတဲ့ဖျော်ရည်ဖြစ်နေပါတယ်။ အခုဆို အများစုက ပုလဲသီးဖျော်ရည်တွေအစား နို့ငှက်ပျောဖျော်ရည်တွေကို ပိုသဘောကျလာကြပါတယ်။ ဒါကြောင့် 7-Eleven က Sonna Banana နဲ့ပူးပေါင်းပြီး ဆိုင်မှာ နို့ငှက်ပျောဖျော်ရည်တွေတင်တဲ့အတွက် စားသုံးသူတွေက ကျေနပ်နေကြတာပါ။

READ
Miss Universe ပြိုင်ပွဲကို လုပ်ပွဲကြီးလို့ ပြောခဲ့တဲ့ Miss Grand International အလှမယ်

ဒါပေမဲ့လည်း ဒီလိုကျေနပ်မှုက ကြာကြာမခံလိုက်ပါဘူး။ ဘာလို့လဲဆိုတော့ စားသုံးသူတွေဟာ သူတို့သောက်တဲ့ ဖျော်ရည်ဘူးမှာ မူမမှန်တာကိုတွေ့လိုက်ရလို့ပါ။ နို့ငှက်ပျောဘူးတွေကို အပြင်ပန်းကြည့်ရင်တော့ ငွေပေးရတာနဲ့တန်အောင် ဘူးအပြည့်ဖြည့်ပေးထားသလို မြင်ရပါတယ်။ တကယ်တမ်းတော့ ဘူးထိပ်ပိုင်းမှာ ဖျော်ရည်အရောင်နဲ့တူအောင် ဒီဇိုင်းလုပ်ထားတာဖြစ်ပြီး ဘူးထဲမှာတော့ နို့ငှက်ပျောဖျော်ရည်ကို ဘူးတစ်ဝက်ကျော်ကျော်လောက်ပဲ ထည့်ပေးထားတာဖြစ်ပါတယ်။ ရုတ်တရက်ကြည့်လိုက်ရင် နို့ငှက်ပျောဘူးတွေက စင်ပေါ်မှာအစီအရီနဲ့ သောက်ချင်စဖွယ် ဖျော်ရည်တွေဘူးအပြည့်ထည့်ထားတယ်လို့ ထင်စရာပါ။

ယခုပို့စ်ကိုတော့ အွန်လိုင်းပေါ်ရှဲခဲ့ရာမှာ အခြားစားသုံးသူအများစုကလည်း စူပါမားကတ်တွေမှာ ၄င်းတို့ကြုံတွေ့ရတဲ့ အမြင်အာရုံကိုလှည့်ဖြားထားတဲ့ အစားအသောက် ထုတ်ပိုးပုံတွေကို မျှဝေခဲ့ကြပါတယ်။ ဥပမာပြောရရင် အောက်မှာတွေ့ရတဲ့အတိုင်း အသားဖတ်တွေထည့်ထားတဲ့သေတ္တာက မျက်စိရှေ့မှာမြင်ရတာထက် အများကြီးတိမ်တိမ်လေးဖြစ်နေတာရယ်၊ အသားညှပ်ပေါင်မုန့်ကလည်း အထဲမှာ အစာဘာမှမပါဘဲ အမြင်ကောင်းရုံလောက်ပြုလုပ်ထားတာကို တွေ့ရမှာပါ။ Soranews24 ကနေ ဖော်ပြပေးထားတာဖြစ်ပါတယ်။

ShweMom

SHARE