အရေးအကြောင်းတွေကို သက်သာပျောက်ကင်းစေတဲ့ ငှက်ပျောသီး Masks

ငှက်ပျောသီးမှာ ဗီတာမင်တွေနဲ့အာဟာရဓါတ်တွေ အများကြီးပါတယ်ဆိုတာ ကိုတော့ လူတိုင်းသိထားပြီးဖြစ်ပါတယ်။ဒါပေမယ့် ငှက်ပျောသီး Masks လုပ်ေ ပးခြင်းအားဖြင့် မျက်နှာမှာရှိတဲ့ အရေးအကြောင်းတွေကို သက်သာပျောက် က င်းစေတယ်ဆိုတာကိုတော့ သိသူနည်းပါးနိုင်ပါတယ်။ခန္ဓာကိုယ်ထဲမှာရှိတဲ့ ရှု ပ်ထွေးတဲ့ ဓါတုလုပ်ငန်းစဉ်တွေကနေ ထုတ်လွှတ်ပေးလိုက်တဲ့ မတည်ငြိမ် တဲ့ မော်လီကျူး(radicals)တွေကို ငှက်ပျောသီးက ကာကွယ်ပေးနိုင်ပါ တယ်။ ဒါကြောင့် ဈေးနှုန်းသက်သာပြီး နာကျင်မှုကင်းတဲ့ သဘာဝ Botox လို့ေ တာင် ပြောလို့ရပါတယ်။ငှက်ပျောသီးကို သုံးပြီး လုပ်လို့ရတဲ့ Face Masks တွေကတော့…..

(၁)ငှက်ပျောသီး

ဒါကတော့ တခြားပစ္စည်းတွေမပါပဲ သူတစ်ခုတည်းနဲ့ပြုလုပ်တဲ့ Face Mask ပါ။မှည့်နေတဲ့ ငှက်ပျောသီးတွေကို ကြိတ်ခြေပြီး မျက်နှာပေါ်မှာ ကပ်ထားပေးရ မှာဖြစ်ပါတယ်။(၁၅)မိနစ်လောက်ကြာရင်တော့ ရေအေးနဲ့ဆေးချပေးပါ။ပြီးရင်တော့ မျက်နှာကို ရေခဲတုံးလေးတွေနဲ့နှိပ်နယ်ပေးလို့ရပါတယ်။ဒီလိုလုပ်ပေးခြင်း အားဖြင့် တောက်ပတဲ့ မျက်နှာအသားအရေကို ပိုင်ဆိုင်နိုင်မှာဖြစ်သလို မျက်နှာ အသားအရေ နူးညံ့နေလာမှာဖြစ်ပါတယ်။

READ
မိန်းကလေးတိုင်း သိထားသင့်တဲ့ အလှအပရေးရာ နည်းလမ်းလေးများ

banana-honey-facepack-image

(၂)ငှက်ပျောသီး+ပျားရည်

ဒီနည်းကတော့ မျက်နှာအသားအရေကို ဖြူချင်သူတွေလုပ်ရမှာဖြစ်ပြီး မျက်နှာပေါ် က အမည်းစက်၊အမည်းကွက်တွေကို ကင်းစင်စေကာမျက်နှာကို ဖြူဝင်းလာစေ မှာဖြစ်ပါတယ်။ဒီ face masks မှာတော့ ကြိတ်ချေထားတဲ့ငှက်ပျောသီး တစ် လုံး၊ပျားရည်လက်ဖက်ရည်ဇွန်းတစ်ဇွန်း၊သံပရိုလက်ဖက်ရည်ဇွန်းတစ်ဇွန်းတို့ကို ရောပြီး မွှေပါ။ပြီးရင်တော့ မျက်နှာမှာ လိမ်းပေးပြီး မိနစ်အတော်ကြာထားပြီး ဆပ်ပြာအပျော့စားနဲ့ ဆေးချပေးပါ။

(၃)ငှက်ပျောသီး+မုန့်ဖုတ်ဆိုဒါ

တကယ်လို့မျက်နှာမှာ ၀က်ခြံတွေထွက်နေမယ် ဓါတုပစ္စည်းတွေလည်း အသုံး မပြုချင်ဘူးဆိုတဲ့ သူတွေအတွက် ဒီနည်းလမ်းကို အသုံးပြုနိုင်ပါတယ်။ပါဝင် ပစ္စည်းတွေကတော့ ကြိတ်ချေထားတဲ့ ငှက်ပျောသီးမှည့်တစ်လုံး၊မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်းဝက်၊နနွင်းလက်ဖက်ရည်ဇွန်းဝက်တို့ကို ရောပြီးမွှေပါ။အရမ်းပျစ်နေတယ်လို့ ခံစားရတယ်ဆိုရင်တော့ ရေအနည်းငယ်ရောပြီး ထည့်ပေးလိုက် ပါ။ make-up brush ကိုသုံးပြီး မျက်နှာကို လိမ်းပေးပါ။ (၁၀)မိနစ်၊(၁၅) မိနစ်လောက် ကြာေ အာင်ထားပြီးရင်တော့ မျက်နှာကို ရေနွေးနွေးလေး နဲ့ေ ဆးကြောပေးပါ။ဒီနည်းကိုတော့ တစ်ပတ်မှာ နှစ်ကြိမ် သုံးကြိမ်လောက် ပြု လုပ်ပေးနိုင်ပါတယ်။

READ
အမျိုးသမီးတွေရဲ့ လစဉ်နာကျင်မှု ဝေဒနာကို ကုစားနိုင်တဲ့ နည်းလမ်း(၅)မျိုး

cremas-hidratantes-para-pieles-grasas

(၄)ငှက်ပျောသီး+ဒိန်ချဉ်

ကြိတ်ချေထားတဲ့ ငှက်ပျောသီးတစ်လုံး၊ဒိန်ချဉ်လက်ဖက်ရည်ဇွန်းတစ်ဇွန်း လိမ္မော် ရည်အနည်းငယ်(အစက်အနည်းငယ်) ရောပါ။မျက်နှာပေါ်မှာ လိမ်းဖို့ အရမ်းထူ တယ်လို့ ခံစားရရင် ရေအနည်းငယ်ရောနိုင်ပါတယ်။မိနစ်အနည်းငယ်ကြာအောင် ထားပြီး မျက်နှာကို လက်ချောင်းတွေနဲ့ညင်သာ စွာနှိပ်နယ်ပေးပါ။ပြီးရင်ေ တာ့  ဆေးကြောသန့်စင်ပါ။နောက်တစ် နည်းကတော့သံလွင်ဆီနဲ့ငှက်ပျော သီးဖြစ်ပြီး သံလွင်ဆီကိုတော့ လက်ဖက် ရည်ဇွန်းဝက်လောက်နဲ့ရောနယ်ပေးပြီး မျက်နှာကို လိမ်းပေးရမှာပါ။(၁၅) မိန စ်လောက်ကြာရင် မျက်နှာကို ဆေး ချပေး ရမှာပါ။သံလွင်ဆီမှာ အဆီပါ ပြီြး ဖစ်တာကြောင့် အားလုံးပြီးရင် မျက်နှာကို moisturizer ထပ်လိမ်းပေးဖို့ မလိုပါဘူး။

Ref; ucnews

SHARE