ကမ္ဘာပေါ်မှာ သီးမွှေးငှက်ပျောသီးတွေ မျိုးတုံးတော့မှာလား….

သေစေနိုင်တဲ့ အပူပိုင်းကူးစက်ရောဂါတစ်မျိုးကြောင့် ငှက်ပျောသီးတွေဟာ မျိုးတုံးမယ့် အလားအလာနဲ့ ရင်ဆိုင်နေရတယ်လို့ လေ့လာသူတွေက ပြောကြားလိုက်ပါတယ်။

ဒီရောဂါဟာ (၁၉၅၀) ပြည့်နှစ်မှာ ပနားမားနိုင်ငံမှ စတင်ပြန့်ပွားခဲ့တာဖြစ်လို့ ပနားမား ကူးစက်ရောဂါလို့ ခေါ်ပြီး မှိုရောဂါတစ်မျိုးလည်းဖြစ်တယ်။ လက်ရှိမှာ အာရှ၊ အာဖရိက၊ အရှေ့အလယ်ပိုင်း၊ သြစတေးလျနဲ့ အမေရိကတိုက်အလယ်ပိုင်းတို့မှာ ပျံနှံလျက်ရှိနေတယ်။

Shutterstock

တကယ်လို့ တောင်အမေရိကအထိ ပျံနှံ့သွားခဲ့မယ်ဆိုရင် လက်ရှိမှာ အများဆုံးရောင်းချပြီး တစ်ကမ္ဘာလုံးစားသုံးနေတဲ့ Cavendish (သီးမွှေးအမျိုးအစား) ငှက်ပျောသီးတွေ မျိုးတုံးတာနဲ့ ရင်ဆိုင်ရနိုင်ကြောင်း လေ့လာသူတွေက သတိပေးပြောကြားလိုက်ပါတယ်။

ဓာတု ဆေးဝါးတွေကလည်း ဒီ ပျံနှံ့မှုကို တားဆီးရာမှာ ထိရောက်မှုမရှိဘူး။ ဒါကြောင့် ရောဂါခြေချုပ်တဲ့နည်းလမ်း( ကူးစက်ခံရတဲ့ အပင်နဲ့ ခွဲထားတာ) တစ်ခုတည်းနဲ့သာ တားဆီနိုင်တယ်လို့ သိရတယ်။ ဒီ နည်းလမ်းနဲ့ ထပ်မပြန့်ပွားအောင်ပဲ တားဆီနိုင်တာပါ။ လုံးဝ ခြေမှုန်းနိုင်တာမဟုတ်သေးပါဘူး။

READ
ကမ္ဘာအရပ်ရပ်မှ ထူးထူးဆန်းဆန်းကြောက်လန့်ဖွယ် ဈာပနအခမ်းအနားအလေ့အထများ

ပနားမားကူးစက်ပိုးဟာ မှိုသတ်ဆေးတွေကို ကောင်းကောင်းခံနိုင်ရည်ရှိပြီး တစ်ပင်ကူးစက်တာကနေ တစ်ခင်းလုံး ကုန်သွားစေနိုင်တဲ့ အမျိုးအစားဖြစ်တယ်။

Shutterstock

Cavendish ငှက်ပျောသီးတွေဟာ မျိုးရိုးလိုက် တစ်ထပ်တည်း ပေါက်လေ့ရှိတဲ့ အတွက်ကြောင့် ပနားမားကူးစက်ရောဂါဟာ စိုက်ခင်းတစ်ခုလုံးကို ခဏလေးအတွင်းမှာ ဖျက်ဆီးလိုက်နိုင်ပါတယ်။ ဒီ ငှက်ပျောသီးအမျိုးအစားကို UK တစ်နိုင်ငံ တည်းနဲ့တင် တစ်နှစ်ကို ငါးဘီလီယံလောက် စားသုံးနေပါတယ်။

The Times

ဒါကြောင့် ပနားမားရောဂါကို ခံနိုင်ရည်ရှိပြီး အရိုင်းမျိုးစိတ်ဖြစ်တဲ့ ရှားပါး မာဒါဂတ်စကား အမျိုးနဲ့စပ်ပြီး မျိုးစိပ်အသစ်ကို ဖောက်ဖို့ ဇီဝပညာရှင်တွေ အလောတိုက် လုပ်ဆောင်နေပြီ လို့လဲသိရပါတယ်။

ဒါပေမယ့် မာဒါဂတ်စကားအမျိုးက အရသာမရှိဘဲ အစေ့ပဲထုတ်လုပ်နိုင်တာဖြစ်တယ်။ တစ်ကမ္ဘာလုံးမှာ ငါးပင်လောက်သာ ကျန်တော့တဲ့ မျိုးတုံးလုနီပါးဖြစ်နေတဲ့ အပင်မျိုးစိတ်လည်းဖြစ်တယ်။ Canvendish မျိုးလို့ စီးပွားဖြစ်စိုက်ပျိုးတာမျိုး မဟုတ်ဘဲ တောအုပ် အစပ်တွေမှာ ပေါက်ရောက်လေ့ရှိတယ်၊ ဥတုရာသီကိုလည်း ခံနိုင်စွမ်းမရှိဘူး။

READ
ဂျင်းဘောင်းဘီအရှေ့အိတ်ကပ်အပေါ်က အိတ်ကပ်သေးသေးလေအကြောင်း

ပုံမှန်မဟုတ်တဲ့ ရာသီဥတု၊ သစ်တော ခုတ်ထွင်မှု၊ တောမီးရှို့တာနဲ့ တောပြုန်းမှု၊ လယ်မြေချဲ့ထွင်မှုတို့ကြောင့်နဲ့ မာဒါဂတ်စကား ငှက်ပျောဟာ မျိုးတုံးပျောက်ကွယ်မယ့် အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။ IUCN ( Internatioanl Union for conservation of Nature) ရဲ့ အရေးပေါ် အနီရောင် စာရင်းထဲလည်း အခုအခါ ထည့်သွင်းထားပြီ ဖြစ်ကြောင်းသိရတယ်။

ဒီ့အတွက် ပညာရှင်တွေကလည်း အန္တရာယ် အသီးသီးရင်ဆိုင်နေရတဲ့ မျိုးနှစ်ခုကို စပ်ကာ စားကောင်းပြီး တာရှည်ခံတဲ့ အမျိုးသစ်ကို ဖောက်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်ဆိုတာကိုလည်း သိရတယ်။ ဒီ နည်းလမ်းနဲ့သာ အကောင်းဆုံးကာကွယ်နိုင်မှာ ဖြစ်သလို အောင်မြင်ဖို့လည်း မျှော်လင့်ထားကြောင့်သိရပါတယ်။ ပါနားမား ကူးစက်ပိုးကြောင့်နဲ့ (၁၉၅၀) ပြည့်နှစ်က Gros Michel (Big Mike) လို့ခေါ်တဲ့ ငှက်ပျောမျိုးတစ်မျိုး ပျောက်ကွယ်သွားဖူးတဲ့ မှတ်တမ်းတွေရှိကြောင်း ဖော်ပြလိုက်ရပါတယ်။

Source: Daily Mail

Matthew (Shwemom)

 

SHARE