အမေရိကန်မှာ ပစ္စည်းပြတ်တဲ့အထိ ရောင်းအားကောင်းနေတဲ့ Bane မျက်နှာဖုံး

Youtube/TheDarkKnightRises

လက်ရှိ COVID 19 ဖြစ်ပွားနေတဲ့ ဒီလိုအချိန် ကမ္ဘာတစ်ဝှမ်းမှာ Face mask ရောင်းအားတွေက တော်တော်တက်နေပါတယ်။ လူတွေကို ဘယ်လောက်ပဲ အိမ်ထဲမှာ နေခိုင်းခိုင်း တစ်လလောက်အိမ်ထဲမှာ နေရတာကြာလာရင် အိမ်အပြင်ကို တစ်နည်းမဟုတ်တစ်နည်းနဲ့ ထွက်ချင်ကြတဲ့ လူတွေချည်းပါပဲ။ ဒီလိုအိမ်အပြင်ထွက်မယ်ဆိုရင်တော့ ဘယ်သူမဆို Mask က တပ်ကိုတပ်ရမှာပဲ ဖြစ်ပါတယ်။ အခုဆိုရင်တော့ Mask တွေထဲမှာ The Dark Knight Rises ဇာတ်ကားထဲက ဗီလိန်တစ်ဦးဖြစ်တဲ့ Bane ရဲ့ မျက်နှာဖုံးဟာ ရောင်းအားအကောင်းဆုံးနဲ့ လူကြိုက်အများဆုံးဖြစ်ကြောင်း Hollywood reporter သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

အနောက်နိုင်ငံမှာရှိတဲ့ လူတော်တော်များများဟာ အိမ်အပြင်ထွက်တဲ့ အချိန်ကြရင် ရိုးရိုးတန်းတန်း Face mask ထက် ဒီဇိုင်းပိုဆန်းပြားတဲ့ Face mask တွေကို တပ်ဆင်လေ့ရှိပါတယ်။ သူတို့ ဝတ်လေ့ရှိတဲ့ Face mask အများစုကတော့ ကိုယ်ကြိုက်တဲ့ ဇာတ်ကောင်တွေရဲ့ ပုံစံကို အတုယူပြီး Face mask တွေ ဝတ်ဆင်လေ့ရှိပါတယ်။ လူအများစု ဝတ်ဆင်လေ့ရှိတဲ့ Face mask တွေကတော့ စူပါဟီးရိုးတွေရဲ့ မျက်နှာဖုံးတွေပဲ ဖြစ်ပြီး ဒီအထဲမှာတော့ Bane ရဲ့ မျက်နှာဖုံးကတော့ လူကြိုက်အများဆုံးနဲ့ ဝယ်ယူမှုအမြင့်တက်ဆုံးဖြစ်ပါတယ်။

READ
လက်ထပ်ဖို့ဖိအားအပေးခံရတဲ့ အိန္ဒိယက(၅)နှစ်အရွယ်ကောင်မလေး
Imdb/TheDarkKnightRises
Twitter/1st Armored Division

အမေရိကန်နိုင်ငံ စစ်သားတွေကြားမှာလည်း Bane မျက်နှာဖုံးတွေက ရေပန်းစားမှု မြင့်တက်နေပြီး ဟာသသဘောမျိုးလုပ်ကာ မ၀တ်ဖို့ တားဖြစ်တဲ့အထိ ဖြစ်နေပါတယ်။ ဒါ့အပြင် အမေရိကန်သမ္မတ Donald Trump ဟာလည်း Bane ဇာတ်ကောင်ရဲ့ ပရိသတ်တစ်ဦးဖြစ်တယ်လို့ ခန့်မှန်းမှုတွေ ရှိခဲ့ဖူးတာကြောင့် Bane မျက်နှာဖုံးတွေဟာ လူကြိုက်များနေတာဖြစ်မယ်လို့ costume.com ရဲ့ ပြောရေးဆိုခွင့်ရှိသူ David DeJac က သုံးသပ်ခဲ့ပါတယ်။

 

Bane မျက်နှာဖုံးဆိုတာ ရိုးရိုး Face mask မှာ Bane ရဲ့ပုံကို ရေးဆွဲထားတဲ့ Mask မဟုတ်ပါဘူး။ ရုပ်ရှင်ထဲမှာ Bane တပ်ဆင်ထားတဲ့ တကယ့် ပလပ်စတစ်မျက်နှာဖုံးကို ပြောတာပါ။ များသောအားဖြင့် ဒီမျက်နှာဖုံးတွေကို buycostumes.com, halloweencostumes.com နဲ့ Amazon တို့မှာ ဝယ်ယူနိုင်ပြီး မျက်နှာဖုံးတစ်ခုကို ဒေါ်လာ ၂၀ ဝန်းကျင်သာ ကျသင့်မှာ ဖြစ်ပါတယ်။ အဆိုပါ Bane မျက်နှာဖုံးတွေရဲ့ ဝယ်လိုအားဟာ ဧပြီလအစောပိုင်းကနေစပြီး ယခုအချိန်ထိတောက်လျှောက် ဝယ်လိုအားတွေ မြင့်တက်နေကြောင်း costume.com ရဲ့ ပြောရေးဆိုခွင့်ရှိသူ David DeJac ထံမှ သိရှိခဲ့ရပါတယ်။

READ
ဂျပန်ရဲ့ငယ်ရွယ်သူတွေကြား သတ်သေမှုနှုန်း နှစ် (၃၀) အတွင်း အမြင့်ဆုံးဖြစ်လာခဲ့

Pyi Hein Kyaw

SHARE