ဘဏ်လုံခြုံရေး software အရာရှိမှ program ရေးဆွဲပြီး ပိုက်ဆံတွေသဲ့ထုတ်နေတဲ့ဖြစ်ရပ်

SCMP

တရုတ်နိုင်ငံဘဏ်တစ်ခုမှ senior programmer တစ်ဦးဟာ အလုပ်လုပ်တဲ့ဘဏ်မှ (၁) မီလီယံဒေါ်လာကို ATM ထဲမှ ထုတ်နေခဲ့ရာ မိသွားတဲ့အတွက် ထောင်ဒဏ် (၁၀) နှစ်နဲ့ (၆) လတိတိချမှတ်ခံခဲ့ရတဲ့အပြင် ဒဏ်ကြေးအနေနဲ့ ယွမ် (၁၁,၀၀၀) ပါပေးဖို့ အမိန့်ချမှတ်ခဲ့ပါတယ်။ နည်းပညာတွေတိုးတက်လာနဲ့ညီ ဘဏ်စနစ်တွေဟာလည်း လူကိုယ်တိုင်ဘဏ်သို့သွားရောက်ပြီး ငွေထုတ်၊ ငွေလွှဲစရာမလိုတော့တဲ့ ATM တို့လို ကဒ်စနစ်တွေအပြင် mobile banking, i-banking လို software စနစ်တွေအထိပါ တိုးတက်ပြောင်းလဲခဲ့ပါတယ်။

ဒီစနစ်တွေအတွက် program ရေးပေးမယ့်အပြင် လုံခြုံရေးနဲ့ စနစ်တစ်ကျလည်ပတ်နိုင်ဖို့အတွက် IT ပညာရှင်တွေလိုအပ်လာပါတယ်။ အသက် (၃၄) နှစ်အရွယ် Qin Qisheng ဟာ တရုတ်နိုင်ငံ၊ ဘေကျင်းမှာရှိတဲ့ Xuaxia ဘဏ်ရဲ့ technology development centre မှ မန်နေဂျာတစ်ဦးပါ။ အကြီးပိုင်း programmer တစ်ဦးဖြစ်တာနဲ့အညီ ဘဏ်ရဲ့စနစ်မှန်သမျှဟာ သူ့လက်ထဲမှာပဲ ရှိနေပါတယ်။

READ
မျက်ခွံကိုချိတ်နဲ့ချိတ်ပြီး အုတ်ခဲ,မပြခြင်းအပြင် အသဲယားစရာ ပြကွက်များဖြင့် ဖျော်ဖြေနေသူ
SCMP

တစ်ရက်မှာတော့ ဘဏ်မှတာဝန်ရှိသူများဟာ ဘဏ်စာရင်းထဲ account တစ်ခုမှ ညသန်းခေါင်အချိန်မှ ATM စက်မှတစ်ဆင့် ပိုက်ဆံတွေထုတ်ထုတ်နေခဲ့တာကို စတင်သတိထားမိခဲ့ပါတယ်။ ATM မှာ ညသန်းခေါင်ကြီး ပိုက်ဆံထုတ်တာ အဆန်းမဟုတ်ပေမယ့် ဆန်းတာဟာ ထုတ်လိုက်တဲ့အကြိမ်တိုင်း စနစ်မှာပြန်မပေါ်တာပါပဲ။

စုစုပေါင်း (၁) မီလီယံဒေါ်လာတန်ကြေးရှိနေပါပြီ။ ဒါကြောင့်ပဲ ဒီကိစ္စကို တိတ်တဆိတ်စုံစမ်းလိုက်တဲ့အခါ ငွေထုတ်သူဟာ စနစ်လုံခြုံရေးမန်နေဂျာ Qin ဖြစ်နေခဲ့ပါတယ်။ Qin ကို ထိန်းသိမ်းပြီးမေးမြန်ရာမှတော့ သူဟာ ဘဏ်စနစ်ရဲ့လုံခြုံရေးမန်နေဂျာတစ်ဦးဖြစ်ပြီး programming အပိုင်းမှာ တာဝန်ယူထားတာမို့ လုံခြုံရေးအရ စမ်းသတ်ခဲ့တယ်လို့သိရပါတယ်။

သို့ပေမယ့် ဒီလိုငွေထုတ်ယူမှုတွေပြုလုပ်နေတာဟာ ၂၀၁၆ ခုနှစ်ကတည်းကပါ။ Qin ရဲ့ ထွက်ဆိုချက်အရ ၂၀၁၆ ခုနှစ်ကတည်းက Qin ဟာ ဘဏ်စနစ်ရဲ့အားနည်းချက်ကို သင်္ကာမကင်းဖြစ်ခဲ့တယ်လို့ဆိုပါတယ်။ ဒါကြောင့် အဲဒီအားနည်းတဲ့အပိုင်းကို ပြန်ပြင်လိုက်၊ ပိုက်ဆံထုတ်ကြည့်လိုက်၊ ပြန်ပြင်လိုက်နဲ့ စမ်းသပ်နေခဲ့တာပါတဲ့။ ၂၀၁၆ ခုနှစ် နိုဝင်ဘာလမှ ၂၀၁၈ ဇန်နဝါရီအတွင်း ထုတ်ယူခဲ့တဲ့ ပိုက်ဆံပေါင်းဟာ (၁) မီလီယံဒေါ်လာတောင်ရှိနေခဲ့ပြီး ပိုက်ဆံအားလုံးဟာ Qin ရဲ့ ဘဏ်စာရင်းထဲကို ထည့်ထားပါတယ်။ သူအခုလိုပြန်ပြင်လိုက် စမ်းလိုက်လုပ်နေတာကို အထက်လူကြီးတွေက အသေးစိတ်မသိခဲ့ပါဘူး။

READ
ကလေးတွေကိုဘီကီနဲ့မော်ဒယ်လုပ်ခိုင်းလို့ ဝေဖန်ခံနေရတဲ့ဖက်ရှင်ရှိုးပွဲ
SCMP

ရဲပါပါလာတဲ့အချိန်မှာတော့ Qin ဟာ စနစ်ရဲ့လုံခြုံရေးကိုပြင်မယ်ဆိုပြီး တင်ခဲ့တဲ့စာကို ထုတ်ပြကာ အထက်လူကြီးတွေသိကြောင်း ဘဏ်ဘက်မှသက်သေလိုက်တဲ့အနေနဲ့ ထုတ်ပြခဲ့ပြီး ဒါဟာဘဏ်လုံခြုံရေးအရ လုပ်ရိုးလုပ်စဉ်တွေဖြစ်တာကြောင့် Qin ဘက်မှ ပိုက်ဆံတွေအကုန်ပြန်ပေးပါက Qin ကို လွှတ်ပေးပြီး အမှုရုတ်သိမ်းပေးဖို့သက်ဆိုင်ရာကိုပြောခဲ့ပါတယ်။ သို့ပေမယ့် Qin ဟာ ထုတ်ယူထားတဲ့ (၁) မီလီယံဒေါ်လာရဲ့ အချို့တစ်ဝက်သာ ဘဏ်ထဲမှာရှိနေပြီး အချို့ကိုတော့ ရင်းနှီးမြှုပ်နှံမှုပြုလုပ်ထားတဲ့အတွက် ဒါဟာ စနစ်ကိုစမ်းသပ်ချင်တဲ့သဘောကြောင့်မဟုတ်ဘဲ ကိုယ်ကျိုးကြောင့်ခိုးယူခဲ့တာမှန်း ထင်ရှားနေပါတယ်။

ဘဏ်ကိုယ်တိုင်ကိုက Qin ရဲ့လုပ်ရပ်ကိုသိသိလျက်နဲ့ ဖုံးကွယ်ဖို့လုပ်တယ်ဆိုတာ ပြည်သူတွေအနေနဲ့ သူတို့ဘဏ်အပေါ်ယုံကြည်မှု ပပျောက်သွားမှာစိုးတဲ့အတွက်ကြောင့်လည်း ဖြစ်နိုင်တယ်လို့ ခန့်မှန်းရတဲ့အတွက် တာဝန်ရှိသူများအနေနဲ့ကတော့ ပိုက်ဆံတွေပြန်ထည့်ပြီးပြီဆိုရင်တောင်မှ အမှုပိတ်လို့မရကြောင်းပြောကြားခဲ့ပါတယ်။

Source: SCMP

Penny

 

SHARE