တွစ်တာဟာ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ပ်ရဲ့အကောင့်ကိုဆိုင်းငံ့လိုက်ပြီဖြစ်ကြောင်း ပြီးခဲ့တဲ့သောကြာနေ့ညနေက ကြေညာခဲ့ပါတယ်။ @realDonalTrump အကောင့်က တွစ်တွေဟာ ရှေ့လျှောက် အကြမ်းဖက်မှုကိုလှုံ့ဆော်ပေးပြီး တွစ်တာရဲ့စည်းကမ်းတွေကိုချိုးဖောက်နေတယ်လို့ တွစ်တာက ဆိုခဲ့တာပါ။
ထရမ့်ပ်ဟာ သောကြာနေ့နေလည်ခင်းမှာ တွစ် ၂ခုနောက်ဆုံးတင်ပြီးနောက် အကောင့်ဘန်းခံလိုက်ရတာပါ။ ပထမတွစ်ကတော့ ထရမ့်ပ်ကိုထောက်ခံသူတွေအကြောင်းဖြစ်ပါတယ်။ “အမေရိကန် ကမ္ဘာ့ပထမဖြစ်ဖို့ အမေရိကန်ကိုပြန်လည်ကြီးကျယ်အောင်လုပ်ဖို့ ကျွန်တော့်ကိုမဲပေးခဲ့ကြတဲ့ အမေရိကန်မျိုးချစ်ပုဂ္ဂိုလ် ၇၅,၀၀၀,၀၀၀ တို့ဟာ အနာဂတ်မှာ အကြီးကြီးအားပေးထောက်ပံ့မှုရလိမ့်မယ်။ သူတို့ကို မလေးမစားဆက်ဆံတာ၊ မမျှမတဆက်ဆံတာမျိုး ဘယ်လိုပုံစံနဲ့မှမခံစားရဘူး။”
After close review of recent Tweets from the @realDonaldTrump account and the context around them we have permanently suspended the account due to the risk of further incitement of violence.https://t.co/CBpE1I6j8Y
— Twitter Safety (@TwitterSafety) January 8, 2021
ဒုတိယတွစ်ကတော့ ထရမ့်ပ်က ဂျိုးဘိုင်ဒန်ရဲ့ သမ္မတကျမ်းသစ္စာကျိန်ဆိုတဲ့အခမ်းအနားကို တက်ရောက်ဖို့အစီအစဉ်မရှိဘူးလို့ ပြောထားတာဖြစ်ပါတယ်။ တွစ်တာကတော့ ထရမ့်ပ်က ကျမ်းသစ္စာအခမ်းအနားကိုတက်ဖို့ ငြင်းဆိုတာဟာ ရွေးကောက်ပွဲက တရားဝင်မဟုတ်ဘူးလို့ရည်ရွယ်တာနဲ့အတူတူပဲဖြစ်ကြောင်း ဆိုပါတယ်။
ကျမ်းသစ္စာအခမ်းအနားကို သူတက်ရောက်မှာမဟုတ်တဲ့အတွက် အကြမ်းဖက်ဖို့စိတ်ချရကြောင်း သွယ်ဝိုက်ပြောတာနဲ့ အတူတူပဲဆိုပြီး တွစ်တာက ကောက်ချက်ချခဲ့တာဖြစ်ပါတယ်။ ထရမ့်ပ်ရဲ့နောက်ထပ်စာကြောင်းတစ်ကြောင်းထဲမှာတော့ ရွေးကောက်ပွဲ အနိုင်ရသူဟာ ထရမ့်ပ်ဖြစ်ကြောင်း ယုံကြည်သူတွေကို ဆက်လက်ပြီးပံ့ပိုးထောက်ပံ့ပေးသွားဖို့ စိတ်ကူးထားတယ်ဆိုလည်း ဆိုခဲ့တာပါ။
However, we made it clear going back years that these accounts are not above our rules and cannot use Twitter to incite violence. We will continue to be transparent around our policies and their enforcement.
— Twitter Safety (@TwitterSafety) January 8, 2021
တွစ်တာကတော့ ထရမ့်ပ်ရဲ့ @realDonaldTrump ဆိုတဲ့အကောင့်ကိုဘန်းထားတာဖြစ်ပြီး ဘန်းတာကို ရှောင်ဖို့ ထရမ့်ပ်က နောက်ထပ်အကောင့်အသစ်သုံးပြီး တွစ်တာစည်းကမ်းတွေချိုးဖောက်မယ်ဆိုရင်လည်း ထပ်ပြီးဘန်းဦးမယ်လို့ဆိုပါတယ်။ ဒါပေမဲ့ အစိုးရအကောင့်တွေဖြစ်တဲ့ @POTUS နဲ့ @WhiteHouse တို့ကိုတော့ မဘန်းပေမယ့် ၄င်းတို့ကို အကန့်အသတ်နဲ့အသုံးပြုခွင့်ပေးမှာဖြစ်ကြောင်း CNN သတင်းအရ သိရပါတယ်။
ShweMom