ဘားဆိုင်နံရံပေါ်က ဒေါ်လာတွေကို ၀န်ထမ်းတွေအတွက် အကျိုးရှိရှိ ပြန်အသုံးချခဲ့တဲ့ ဆိုင်ရှင်

Jennifer Knox

များသောအားဖြင့် ဘားဆိုင်တွေမှာ ထူးခြားတဲ့ အပြင်အဆင်တွေရှိကြပါတယ်။ ရှေးဟောင်းပရိဘောဂတွေ သုံးထားတာ၊ ထူးထူးဆန်းဆန်း တိရစ္ဆာန်ပိုစတာတွေ ကပ်ထားတာ၊ နံရံအပြည့် မိသားစုဓာတ်ပုံတွေကပ်ထားတာ၊ ငွေအကြွေစေ့တွေလိုက်ကပ်ထားတဲ့ စသဖြင့် အများကြီးပါပဲ။ ဒါပေမဲ့ တစ်ချို့သော ဘားဆိုင်ပိုင်ရှင်တွေကတော့ အမျှော်အမြင်ရှိစွာနဲ့ ဆိုင်အပြင်အဆင်ဒီဇိုင်းတွေ ဖန်တီးခဲ့တာကို အခုလို သိရပါတယ်။

ဂျော်ဂျီယာနိုင်ငံ တိုင်ဘီးကျွန်းက Sand Bar အမည်ရတဲ့ ဘားဆိုင်တစ်ဆိုင်မှာ ဆိုင်အတွင်းပိုင်းကို ပိုက်ဆံတွေနဲ့ အလှဆင်ထားပါတယ်။ ဆိုင်နံရံပေါ်အလှဆင်ထားတဲ့ ပိုက်ဆံတွေဟာ ငွေအကြွေစေ့တွေမဟုတ်ပါဘူး။ တကယ်သုံးလို့ရတဲ့ ငွေစက္ကူဒေါ်လာချပ်တွေ ဖြစ်ပါတယ်။ ဒါပေမဲ့ အခုဆိုရင် အဲဒီပိုက်ဆံတွေက မရှိတော့ပါဘူး။ အကြောင်းရင်းကတော့ ဘားဆိုင်ပိုင်ရှင်ဟာ ဒီငွေစက္ကူတွေကို ဒီထက်ပိုပြီး အကျိုှးရှိတဲ့နေရာမှာ သုံးဖို့ ကြံစည်ခဲ့တာကြောင့်ပါ။ သူဟာ ဒီငွေစက္ကူတွေကို သေချာဖြုတ်ယူပြီး အလုပ်လက်မဲ့ဖြစ်သွားတဲ့ ဆိုင်ဝန်ထမ်းတွေကို အပိုသုံးစွဲဖို့အတွက် မျှဝေပေးခဲ့တာ ဖြစ်ကြောင်း boredpanda သတင်းကတဆင့် သိရပါတယ်။

READ
ဆေးရုံတက်နေတာတာင် မိတ်ကပ်တွေလိမ်းပြီး ချစ်သူလာမှာကို စောင့်နေတဲ့ မိန်းကလေး

လက်ရှိအချိန်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဘားဆိုင်တွေနဲ့ စားသောက်ဆိုင်အများစုဟာ ရုန်းကန်နေကြရပြီး ဆိုင်ပိုင်ရှင်တွေအနေနဲ့ ၀န်ထမ်းတွေကို လစာပေးနိုင်ဖို့ အမျိုးမျိုးစဉ်းစားနေရတဲ့အချိန် ဖြစ်ပါတယ်။

Twitter/Jennifer Knox

ဆိုင်ပိုင်ရှင် ဂျနီဖာနော့စ်ကတော့ သူမလိုအပ်တဲ့ငွေပမဏကို ရရှိဖို့အတွက် ဆိုင်နံရံပေါ်က ဒေါ်လာတွေကို ဖြုတ်ယူခဲ့ပါတယ်။

Twitter/Jennifer Knox

ဘားနံရံပေါ်မှာရှိနေတဲ့ ငွေစက္ကူဒေါ်လာရွက်တွေကို ဖြုတ်ယူဖို့အတွက် အချိန် (၃) ရက်ပဲ ပေးလိုက်ရပါတယ်။

Twitter/Jennifer Knox

စုစုပေါင်း ဒေါ်လာ (၃,၇၁၄) ကျပ်ရရှိပါတယ်။ အခုဆိုရင်တော့ အရင်က စတာပလာနဲ့ညှပ်ပြီး နံရံမှာကပ်ထားတဲ့ပိုက်ဆံစုစုပေါင်းနဲ့ အလုပ်လက်မဲ့ဖြစ်သွားရှာပြီဖြစ်တဲ့ ဘားဆိုင်ဝန်ထမ်း (၄) ယောက်နဲ့ ဂီတပညာရှင် (၂) ယောက်ကို ဝေမျှပြီးပေးလိုက်တာ ဖြစ်ပါတယ်။

Twitter/Jennifer Knox

ဘားဆိုင်အတွင်းထဲ စတာပလာနဲ့လိုက်ကပ်ထားတဲ့ ပိုက်ဆံတွေဟာ ဆိုင်တွင်းမှာ ရှိခဲ့တာ (၁၅) နှစ်ကျော်လောက်ရှိနေပါပြီ။

Twitter/Jennifer Knox

ဒါကတော့ ပိုက်ဆံတွေအကုန်ဖြုတ်ပြီးလို့ ရှင်းလင်းသွားတဲ့ ဘားဆိုင်လေးပဲ ဖြစ်ပါတယ်။ အခုလို ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဆိုင်ပိတ်ထားရမယ့်အချိန်မှာ ဆိုင်ဝန်ထမ်းတွေသုံးချင်ရာသုံးနိုင်ဖို့ ထူးထူးခြားခြား ငွေကြေးထောက်ပံ့ပေးခဲ့တဲ့ ဘားဆိုင်ပိုင်ရှင်ကိုတော့ အားလုံးက ချီးမွမ်းနေကြတယ်လို့ သိရပါတယ်။

Twitter/Jennifer Knox

လင်းလင်း (ShweMom)

SHARE