Valentine’s Day မှာ အပြန်အလှန်စာလေးတွေရေးပြီး ရိုခဲ့ကြတဲ့ Obama တို့ဇနီးမောင်နှံ

Chicago သူ Michelle နဲ့ Barack Obama တို့ဟာ Chicago မှာရှိတဲ့ ဥပဒေအကြံပေး ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်ကြရင်းတွေ့ခဲ့ကြပြီး ချစ်ကျွမ်းဝင်ခဲ့ကြတာပါ။ အခုဆိုရင်တော့ သူတို့ရဲ့ အိမ်ထောင်သက်တမ်းဟာ (၂၆) နှစ်ကျော်လာခဲ့ပြီပဲဖြစ်ပါတယ်။

Instagram

Obama သမ္မမဖြစ်ခင်ဘဝမှစလို့ သမ္မတရာထူးကနေ နှုတ်ထွက်ပြီးနောက်ပိုင်း အခုအချိန်အထိ သူတို့မိသားစုဟာ ပျော်ရွှင်စည်းလုံးစွာနဲ့ အတူတကွ ရှိနေခဲ့ကြပါတယ်။ Michelle ဟာ ၂၀၁၈ နိုဝင်ဘာလတုန်းက Becoming: Michelle Obama ဆိုတဲ့ စာအုပ်ကို ထုတ်ဝေခဲ့ပါတယ်။ ဒီစာအုပ်ဟာလည်း ရက်ပိုင်းအတွင်း စံချိန်ချိုျးသွားကာ အရောင်းရဆုံးစာအုပ်အဖြစ် ရပ်တည်ခဲ့ပါတယ်။

Instagram

Michelle Obama ကို နိုင်ငံတကာမှ ထူးချွန်ထက်မြက်ပြီး အမျှော်အမြင်ရှိလှတဲ့ သမ္မတဟောင်းကတော်အဖြစ် အသိအမှတ်ပြုကြတဲ့အပြင် Obama ရဲ့ အရေးပေးမှု၊ ဂရုစိုက်မှုနဲ့ ကြင်နာသစ္စာရှိမှုတွေကို ခံရတဲ့အတွက် ကံအကောင်းဆုံး အိမ်ထောင်ရှင် အမျိုးသမီးတစ်ယောက်ဆိုတာကိုလည်း လက်ခံနေကြပါတယ်။

Instagram

သမ္မတတာဝန်ကို ထမ်းဆောင်စဉ်မှာတောင် Obama ရဲ့ မိုးရွာထဲ သူကထီးမဆောင်းဘဲ Michelle ကိုသာ ထီးဆောင်းစေတာတို့၊ Michelle ခရီးစဉ်တစ်ခုက ပြန်လာတာကို အလုပ်မအားလပ်တဲ့ကြားက လေဆိပ်သို့ကိုယ်တိုင်ကိုယ်ကျ သွားကြိုတာတို့အပြင် မီဒီယာတွေမှ နှစ်ယောက်တွဲရိုက်မိထားခဲ့တဲ့ လျှပ်တပြတ်ပုံတွေမှာဆိုလည်း Michelle ကို ကြင်နာတဲ့အကြည့်နဲ့ အမြဲတမ်း ကြည့်နေတာကို မြင်တွေ့ခဲ့ရပါတယ်။

READ
တံငါသည်တွေရဲ့ အပိုင်းပိုင်းဖြတ်တောက်ခံလိုက်ရတဲ့ ဝေလငါးကြီးရဲ့ဘဝ
Instagram

၂၀၁၉ ခုနှစ်မှာကျရောက်တဲ့ ချစ်သူများနေ့၊ Valentine’s Day မှာတော့ နှစ်ယောက်ဟာ Instagram နဲ့ Twitter account တို့မှာ အပြန်အလှန်ကြင်နာတဲ့စကားလုံးလေးတွေနဲ့ wish လုပ်ခဲ့ကြပါတယ်။

 

Instagram

Barack Obama မှ  အလွန်တရာမှ ထက်မြက်၊ လှပပြီး ဟာသဥာဏ်လည်းရွှင်တဲ့ တစ်ဦးတည်းသော Michelle ရေ၊ Happy Valentine’s Day ပါ ဆိုပြီး သူတို့နှစ်ဦးသားကနေတဲ့ ဓာတ်ပုံလေးနဲ့ အတူတကွတွဲတင်ထားခဲ့ပါတယ်။

 

View this post on Instagram

 

So lucky to call these three my valentines for all these years. 💕

A post shared by Michelle Obama (@michelleobama) on Feb 14, 2019 at 11:01am PST

Michelle ကတော့ သမီးနှစ်ယောက်အပါအဝင် မိသားစုလေးရဲ့ ဓာတ်ပုံလေးတင်ကာ Valentine’s wish လုပ်ခဲ့ပါတယ်။ ဓာတ်ပုံနှစ်ပုံကိုတင်ထားပြီး ပထမတစ်ပုံက Barack Obama သမ္မတစစဖြစ်ချင်းတုန်းက မိသားစုပုံလေးဖြစ်ပြီး ဒုတိယပုံကတော့ လတ်တလောရိုက်ထားတဲ့ ပုံလေးဖြစ်ပါတယ်။

READ
၂၀၃၀ခုနှစ်တွင် လက်ရှိနှုန်းထားထက် ကမ္ဘာ့လူဦးရေ (၁)ဘီလီယံ တိုးလာဖွယ်ရှိနေ
Instagram

ဘာမှမဟုတ်ခင်တုန်းကလည်း အတူတူရုန်းကန်ခဲ့ပြီး နိုင်ငံတစ်နိုင်ငံရဲ့ဖခင်နေရာမှာ ကြီးလေးတဲ့တာဝန်ကို ယူထားတုန်းကလည်း ဘေးမှာအခက်အခဲမှန်သမျှကို အတူတူရင်ဆိုင်ဖြေရှင်းကာ သမ္မတအဖြစ်မှ အနားယူခဲ့တော့လည်း ချစ်ဆဲချစ်မြဲ ကြည်နူးပျော်ရွှင်ဆဲဖြစ်တဲ့ Obama ဇနီးမောင်နှံပါ။

Source: Bet, The Hill, Instagram

Penny

SHARE