Hip-hop သီချင်းတွေထဲ အဖော်အချွတ်တွေချည်းမထည့်သင့်ကြောင်းပြောခဲ့တဲ့ Obama

ပြီးခဲ့တဲ့ အင်္ဂါနေ့ (၂၀၁၉၊ ဖေဖော်ဝါရီလ ၁၉ ရက်နေ့) တုန်းက Hip-hop လောက၊ Rap လောကနဲ့ ပတ်သက်ပြီး အမေရိကန်သမ္မတဟောင်း Obama ဟာ သူ့ရဲ့ထင်မြင်ယူဆချက်တွေကို ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် လူစိတ်ဝင်စားမှုများ ခံနေရပါတယ်။

AP

Obama ဟာ My Brother’s Keeper Alliance ဆိုတဲ့ လူငယ်စိတ်ဓာတ်မြှင့်တင်ပေးရေးနဲ့ အကြမ်းဖက်ကာကွယ်ရေး foundation ကို ထူထောင်ထားတာ (၅) နှစ်ပြည့်သွားခဲ့ပါပြီ။ (၅) နှစ်ပြည့်ပွဲမှာအဓိကပြောသွားခဲ့တဲ့အကြောင်းအရာတွေကတော့ အရွယ်ရောက်ပြီးသားယောက်ျားတစ်ယောက်ပီသစွာ နေထိုင်နည်းတွေ၊ အထက်တန်းဆန်စွာနေထိုင်တဲ့ လူမည်းတစ်ယောက်ဖြစ်အောင် ဘယ်လိုနေထိုင်ရမယ်ဆိုတဲ့အကြောင်းတွေပဲဖြစ်ပါတယ်။ ဒီအပြင် နောက်ထပ်ထည့်သွင်းပြောသွားတာကတာ့ လူမည်းအများစုကြီးဆိုးနေတဲ့ rap နဲ့ hip hop လောကမှာ အများဆုံးဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကိုလည်း ဝေဖန်ခဲ့ပါတယ်။

Instagram

“မင်းသာ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိမယ်ဆိုရင် (music video တွေထဲ) twerk လုပ်နေတဲ့ အမျိုးသမီး (၈) ယောက်လောက် ဝန်းရံထားဖို့မလိုပါဘူး” ဆိုပြီး အစချီခဲ့ပါတယ်။ အစမှာတင် ပရိတ်သတ်တွေရဲ့ ရယ်သံတွေနဲ့ ပြည့်နှက်သွားခဲ့တာပါ။

READ
လူမျက်နှာနဲ့နွားကို ဟိန္ဒူဘာသာဝင်များ လာရောက်ဝတ်ပြုသည်အထိ အလေးထားနေ
AP

“ဝန်ခံလိုက်ကြရအောင်၊ အခုနောက်ပိုင်း hip hop နဲ့ rap သီချင်းတွေတော်တော်များများဟာ ငါကမင်းထက် ပိုက်ဆံပိုရှိတယ် ဒါကြောင့်မင်းကိုဂရုစိုက်စရာမလိုဘူး အဲဒီအတွက်လည်း မင်ဘာမှ မတတ်နိုင်ဘူး ဒါကြောင့်မင်းအကြောင်းကိုငါလှောင်ပြီး သီချင်းလုပ်တယ် ဒီအကြောင်းတွေပဲ ဆိုနေကြတယ်မဟုတ်လား” လို့လည်း ဝေဖန်ခဲ့ပါတယ်။ အကယ်၍ သူတို့ကသာ ကိုယ့်ရဲ့ပိုင်ဆိုင်မှုဝင်ငွေအပေါ် ယုံကြည်မှုရှိမယ်ဆိုရင် လည်ပင်းမှာ (၈) ပေါင်လောက်လေးတဲ့ ဆွဲကြိုးကြီးတွေဆွဲထားမှာ မဟုတ်ဘူးလို့လည်း ပြောခဲ့ပါတယ်။

ထပ်မံပြီး လူမျိုးရေးခွဲခြားမှုရဲ့ သားကောင်မဖြစ်ဖို့ကိုလည်း သတိပေးသွားခဲ့ပါသေးတယ်။ ဒီပွဲဟာ California ရဲ့ Oakland မှာ (၂) ရက်ကြာကျင်းပခဲ့တဲ့ ပွဲဖြစ်ပါတယ်။ နယ်ပယ်အရပ်ရပ်မှ ထူးချွန်တဲ့ လူမည်းအမျိုးသား (၂၄) ယောက်လောက်ကို စင်ပေါ်သို့ဖိတ်ခေါ်ကာ ဂီတ၊ ယုံကြည်မှု၊ လိင်ပိုင်းဆိုင်ရာ အယူအဆတွေနဲ့ အရိုးစွဲယောက်ျားဝါဒီတွေအကြောင်းကို ဆွေးနွေးစေခဲ့ပါတယ်။

Instagram

Source: Daily Mail

READ
ရေကန်ထဲကို လူမဆန်စွာ အားကုန်လွှင့်ပစ်ခံခဲ့ရတဲ့ ကြောင်ကလေး

Penny

 

SHARE