အိမ်ဖြူတော်မှာနေထိုင်စဉ် အိမ်ထောင်ရေးခက်ခဲခဲ့ပုံကို ရင်ဖွင့်လာတဲ့ Obama

instagram/barackobama

အမေရိကန်သမ္မတဟောင်း Barack Obama က သူ့ရဲ့ကိုယ်တိုင်ရေးအတ္ထုပတ္ထိစာအုပ်ဖြစ်တဲ့ A Promised Land မှာ သမ္မတတာဝန်ယူထားရစဉ်အတွင်း အိမ်ထောင်ရေးမှာ ပင်ပန်းခက်ခဲမှုတွေရှိခဲ့တဲ့အကြောင်း ပြောပြခဲ့ပါတယ်။ အရင်တုန်းက Barack ဟာ သမ္မတအဖြစ် အရွေးချယ်ခံဖို့ ဇနီးသည် Michelle ကိုခေါ်ကာ တိုင်ပင်ခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ သူဟာ လုပ်ရမယ့်အလုပ်တွေကိုတောင် အစပျိုးထားပြီးပါပြီ။

 

View this post on Instagram

 

A post shared by Barack Obama (@barackobama)

ဒါကို Michelle က သူ့ကို စူးစူးဝါးဝါးကြည့်ပြီး “ဘုရားရေ Barack.. ရှင် ဘယ်အချိန်ထိ ဒါဆက်လုပ်နေဦးမှာလဲ..” လို့ပြောခဲ့တာပါ။ ပြီးတဲ့အခါ Barack ပြန်အဖြေကိုတောင် မစောင့်ဘဲ ထိုင်နေရာကနေထသွားပြီး အိပ်ခန်းထဲဝင် တံခါးပိတ်ခဲ့ကြောင်း Barack က ပြောပြခဲ့ပါတယ်။ အိမ်ဖြူတော်ထဲနေထိုင်စဉ်အတောအတွင်း သူတို့လင်မယားကြားထဲမှာ ဖိအားတွေရှိခဲ့တယ်လို့ Barack က ပြောပြတာပါ။

 

View this post on Instagram

 

A post shared by Barack Obama (@barackobama)

“အမှောင်ထဲ Michelle ဘေးနားမှာလှဲရင်း အတိတ်က အကြောင်းတွေကို ကျွန်တော်ပြန်တွေးမိတယ်။ ကျွန်တော်တို့နှစ်ယောက်ရဲ့ဆက်ဆံရေး ပေါ့ပါးခဲ့တဲ့အချိန်တွေ၊ သူ အမြဲတမ်းပြုံးခဲ့တဲ့အချိန်တွေ၊ ပြီးတော့ ကျွန်တော်တို့အချစ်ကို ဝန်ပေါ့စေခဲ့တဲ့အချိန်တွေပေါ့။ ဒီလိုရက်တွေကို ကျွန်တော် ပြန်ရတော့မှာမဟုတ်ဘူးလို့ တွေးမိလေလေ ကျွန်တော့်နှလုံးသားထဲမှာ တင်းကြပ်လာလေလေပဲ။”

 

View this post on Instagram

 

A post shared by Barack Obama (@barackobama)

People မဂ္ဂဇင်းအသစ်အတွက် Barack ဟာ ပုဂ္ဂိုလ်ရေးအင်တာဗျူးဖြေကြားခဲ့ပါသေးတယ်။ Barack က “Michelle ဟာ ကျွန်တော်လုပ်တဲ့အလုပ်ပေါ်မှာ အရမ်းယုံကြည်မှုရှိပါတယ်။ ဒါပေမဲ့ အကောင်းမြင်တာတော့ နည်းတယ်။ သူက နိုင်ငံရေးကို သိပ်အယုံအကြည်မရှိဘူး။ မိသားစုအပေါ် ဘယ်လိုစွန့်လွှတ်အနစ်နာခံရမလဲဆိုတာပဲ ပိုဂရုစိုက်တယ်။”

 

View this post on Instagram

 

A post shared by Barack Obama (@barackobama)

“အိမ်ဖြူတော်မှာလည်း ပျော်ရွှင်မှုတွေတော့ ရှိခဲ့ပါတယ်။ အိမ်ဖြူတော်မှာ နေထိုင်ရတာဟာ တကယ့်အခွင့်ထူးပဲလို့ ကျွန်တော်တို့အမြဲ အသိအမှတ်ပြုခဲ့ပါတယ်။ အရေးကြီးတာက ကျွန်တော်တို့ ကလေးတွေ ကောင်းကောင်းမွန်မွန်ကြီးပြင်းလာခဲ့တာပါ။ Michelle ကတော့ စိတ်ဖိစီးတွေရှိခဲ့တာပေါ့။ သူ ဒေါသထွက်တဲ့အချိန်တွေ ဝမ်းနည်းစိတ်ပျက်ရတဲ့အချိန်တွေရှိတာပေါ့။ ဒါပေမဲ့ ကျွန်တော့်မှာလည်း တခြားနိုင်ငံရေးကိစ္စတွေရှိတော့ သူပဲလျှော့ရတာပေါ့။” လို့ ပြောခဲ့ပါသေးတယ်။ သမ္မတသက်တမ်းကုန်ဆုံးတဲ့အခါတော့ သူလည်း အသက်ရှူရချောင်သွားတဲ့အပြင် အခုတော့ တာဝန်ပေါ့ပါးစွာနဲ့ ပိုသက်တောင့်သက်သာရှိတဲ့ဘဝကို ပိုင်ဆိုင်နေပြီဖြစ်တယ်လို့လည်း Barack က ဆိုခဲ့ပါတယ်။

READ
Live လွှင့်ပြီး အိမ်မွေးခွေးနဲ့အတူ တိုက်ပေါ်မှ ခုန်ချသေကြောင်းကြံခဲ့တဲ့ အမျိုးသမီး

ShweMom

SHARE