ဆန်တာလို ၀တ်ဆင်ပြီး ကလေးဆေးရုံကို သွားရောက်ခဲ့တဲ့ ဘားရတ်အိုဘားမား

အမေရိကန်သမ္မတဟောင်းတစ်ဦးဖြစ်တဲ့ ဘားရတ်အိုဘားမားကို အခုခရစ္စမတ်ကာလမှာ ဆန်တာကလော့စ်ကြီးအဖြစ် မြင်ခဲ့ရပါတယ်။ အိုဘားမားဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာ ဆန်တာဦးထုပ်ဝတ်ဆင်ပြီး ၀ါရှင်တန် အမျိုးသားကလေးဆေးရုံကို သွားခဲ့ပါတယ်။ တွစ်တာမှာ တွေ့ရတဲ့ ဗီဒီယိုထဲမှာတော့ စိတ်လှုပ်ရှားနေကြတဲ့ ဆေးရုံထဲက လူအုပ်ကြီးဟာ နာတာလူးသီချင်းသီဆိုရင်း ဆေးရုံ စင်္ကြန်လမ်းမကြီးမှာ လမ်းလျှောက်လာတဲ့ အိုဘားမားကို ကြိုဆိုကြပါတယ်။

Instagram

အိုဘားမားဟာ လူနာတွေကို လက်ဆောင်ပစ္စည်းတွေ ပေးပြီး နှုတ်ဆက်ကာ ကပြခဲ့ပါတယ်။ အချို့လူနာတွေဆိုရင် အိုဘားမားကို ပွေ့ဖက်ပြီးတောင် နှုတ်ဆက်နေတာကိုလည်း မြင်တွေ့ရပါတယ်။ “ကျွန်တော်က ကလေးတွေနဲ့ တွေ့ဆုံပြီး သူတို့ မိသားစုတွေနဲ့ပါ စကားပြောခွင့်ရခဲ့ပါတယ်။ အထူးသဖြင့် ဒီအချိန်မှာဆို သူတို့အတွက် ဖြတ်သန်းရတာ တော်တော်လေး ခက်ခဲမှာပါ။ ကျွန်တော်ကိုယ်တိုင်ကလည်း သမီးနှစ်ယောက်အဖေ ဖြစ်တာမို့  အခုအချိန်မှာ စာနာမှု၊ နှစ်သိမ့်အားပေးမှုတွေ လိုအပ်နေတဲ့ ကလေးတွေအတွက် ကိုယ်ချင်းစာမိတာကြောင့်ပါ။” လို့ အိုဘားမားကဆိုပါတယ်။

READ
အိမ်ထောင်သက်(၈၂) နှစ်တာ ခိုင်မြဲခြင်းရဲ့ လျို့ဝှက်ချက်ကို ပြောပြခဲ့တဲ့ ဖိုးဖိုးနဲ့ ဖွားဖွား
Instagram
Instagram

အိုဘားမားဟာ ကလေးဆေးရုံက ၀န်ထမ်းတွေ၊ လူနာကလေးတွေနဲ့ လူနာရှင် မိသားစုဝင်တွေကိုလည်း သူ့ကို ဆန်တာအဖြစ် လက်ခံကြိုဆို ကြတဲ့အတွက် တွစ်တာပေါ်မှာ  ကျေးဇူးတင်စကား ဆိုခဲ့ပါတယ်။ အိုဘားမားဟာ လူနာရှင်ကလေးတွေရဲ့ မိသားစုဝင်တွေဆီကိုလည်း တစ်ခန်းဝင် တစ်ခန်းထွက် လိုက်နှုတ်ဆက်ကာ စကားပြောခဲ့ပါတယ်။ ဒါ့အပြင် အမေရိကန်သမ္မတဟောင်းတွေရဲ့ ဆဲလ်ဖီမရိုက်ရတဲ့ စည်းမျဉ်းကို ချိုးဖောက်ပြီး စိတ်လှုပ်ရှားနေတဲ့ ပရိသတ်တွေနဲ့လည်း ဓာတ်ပုံရိုက်ခဲ့ပါသေးတယ်။

Instagram
Instagram

ဝါရှင်တန်ပို့စ်အရတော့ အိုဘားမားဟာ ကလေးတွေအတွက် ဥာဏ်စမ်းကစားနည်း၊ ရီုမုတ်နဲ့ မောင်းနှင်ရတဲ့ ကားတွေ၊ လက်သည်းနီလေးတွေ စသဖြင့် ခရစ္စမတ်လက်ဆောင်လေးတွေ ပေးခဲ့ပါတယ်။ ဆေးရုံကနေ ပြန်တော့မယ့်အချိန်မှာတော့ အိုဘားမားဟာ ၀န်ထမ်းတွေကို ကျေးဇူးတင်ကြောင်း ပြောခဲ့ပါတယ်။ ဒါ့အပြင် ဗီဒီယိုအတိုလေးတစ်ခုကို ရိုက်ကူးခဲ့ပြီး ၄င်းဗီဒီယိုကိုတော့ ထိုနေ့မှာ ဆေးရုံမလာတဲ့သူတွေ ပြန်ကြည့်လို့ရအောင် ဆေးရုံတွင်း တီဗီစနစ်မှာ ပြသခဲ့ကြောင်း သိရပါတယ်။

လင်းလင်း (ShwMom)

READ
ကင်ဆာဝေဒနာသည်မိခင်ကို စောင့်ရှောက်ဖို့အတွက် ကျောင်းထွက်ခဲ့တဲ့ လူငယ်လေး

Ref: mashable

SHARE