ငယ်စဉ်က ဟိန္ဒူဘာသာရေးကျမ်းတွေနဲ့ ကြီးပြင်းလာခဲ့တဲ့ Barack Obama

instagram/idtelugunews

Barack Obama ဟာ အိန္ဒိယနိုင်ငံကို သမ္မတဖြစ်တော့မှ ၂၀၁၀ခုနှစ်မှာရောက်ရှိခဲ့တာပါ။ အမေရိကန်သမ္မတဟောင်း Obama ဟာ ငယ်စဉ်ကလေးဘဝတုန်းက ဟိန္ဒူဒဏ္ဍာရီလာပုံပြင်တွေဖြစ်တဲ့ ရာမာယနနဲ့ မဟာဘာရတ္ထကျမ်းတွေကို နားထောင်ရင်း ကြီးပြင်းခဲ့တယ်ဆိုပါတယ်။ ပြီးတော့ ဗြိတိသျှတွေအုပ်စိုးမှုကို ဆန့်ကျင်ပြီး အကြမ်းမဖက်ဝါဒရဲ့အောင်မြင်မှုကို သက်သေထူခဲ့တဲ့ မဟတ္တမဂန္ဒီရဲ့ မွေးရပ်ဖြစ်လို့ Obama အတွက်တော့ အိန္ဒိယဟာ ထူးခြားတဲ့နေရာတစ်ခုဖြစ်နေတာပါ။

 

View this post on Instagram

 

A post shared by Lori Bell (@simply_mrsbell)

ဒီအကြောင်းကိုတော့ Obama က သူ့ရဲ့ကိုယ်တိုင်ရေးအတ္ထုပတ္ထိစာအုပ် A Promised Land မှာ ပြောသွားခဲ့တာပါ။ “ဒါက အိန္ဒိယရဲ့အရွယ်အစားကြောင့် ဖြစ်နိုင်တယ်။ ကမ္ဘာ့လူဦးရေရဲ့၆ပုံ၁ပုံ၊ ခန့်မှန်းခြေ လူမျိုးစုဝင် ၂ထောင်လောက်နဲ့ ဘာသာစကားပေါင်း ၇၀၀ ကျော်ပြောကြတယ်။”

READ
ခြောက်ရက်ဆက်တိုက် ဂိမ်းဆော့လို့ ခြေထောက်ပုပ်သွားတဲ့လူငယ်

သူ့စာအုပ်ထဲမှာတော့ ၂၀၀၈ခုနှစ်မှာ သူ အမေရိကန် ရွေးကောက်ပွဲကမ်ပိန်းဝင်တာကစလို့ သူ့ရဲ့ပထမသမ္မတသက်တမ်းအဆုံး ပါကစ္စတန်က al-Qaeda ခေါင်းဆောင် Osama bin Laden ရဲ့နေရာကိုဝင်စီးပြီး သုတ်သင်ခဲ့တဲ့အကြောင်းတွေ ပြောထားပါတယ်။

 

View this post on Instagram

 

A post shared by The Hindu (@the_hindu)

“အိန္ဒိယဟာ ကျွန်တော့်စိတ်ကူးထဲမှာ အမြဲတမ်းထူးခြားတဲ့နေရာတစ်နေရာက ရှိနေပါတယ်။ ဖြစ်နိုင်တာက ကျွန်တော့်ကလေးဘဝတုန်းက အင်ဒိုနီးရှားမှာ ဟိန္ဒူဒဏ္ဍာရီတွေဖြစ်တဲ့ ရာမာယန၊ မဟာဘာရတ္ထတွေကို နားထောင်ပြီးကုန်ဆုံးခဲ့လို့။”

“ဒါမှမဟုတ် အရှေ့တိုင်းဘာသာရေးအပေါ်မှာ ကျွန်တော်စိတ်ဝင်စားလို့။ ဒါမှမဟုတ်လည်း ကောလိပ်က ကျွန်တော့်ရဲ့ ပါကစ္စတန်နဲ့ အိန္ဒိယလူမျိုးသူငယ်ချင်းတွေက dahl နဲ့ keema ချက်နည်းတွေ၊ ဘောလီးဝုဒ်ရုပ်ရှင်တွေကြည့်တတ်အောင် သင်ပေးခဲ့တာတွေဖြစ်နိုင်ပါတယ်။” လို့ Obama က ရေးသားခဲ့တာပါ။ ဒါ့ပြင် Obama ဟာ မဟတ္တမဂန္ဒီကို လင်ကွန်း၊ မာတင်လူသာကင်း၊ မန်ဒဲလားတို့နည်းတူ အတုယူကြောင်းနဲ့ ဂန္ဒီဟာ သူ့အတွေးအခေါ်တွေအပေါ်မှာ လွှမ်းမိုးမှုရှိကြောင်း ရေးသားခဲ့တယ်လို့လည်း indianexpress အရသိရပါတယ်။

READ
စတိဗ်ဂျော့ဘ် ပိုင်ဆိုင်သမျှစည်းစိမ်တွေကိုလှူဒါန်းမယ်ဆိုတဲ့ စတိဗ်ဂျော့ဘ်ရဲ့ဇနီးသည်

ShweMom

SHARE