ဖောက်သည်ပြတဲ့အတိုင်း အတိအကျ ညှပ်ပေးလိုက်ပေမယ့် လွဲသွားတဲ့ အဖြစ်

လူတိုင်းပဲ ဆံပင်သွားညှပ်တဲ့အခါမှာ ဆံသဆရာကို ကိုယ်လိုချင်တဲ့ ပုံစံ စတိုင်လ် တိတိကျကျ ထွက်အောင် ညှပ်ပေးစေလိုကြပါတယ်။ သွားကတည်းက ဘယ်လိုပုံ ညှပ်မယ်၊ ဘယ်သူ့လို ညှပ်မယ် စတဲ့ စိတ်ကူးလေးတွေရှိထားကြပါတယ်။ ကိုယ်လိုချင်တဲ့ ပုံမရရင်လည်း စိတ်တွေ ဘယ်လောက်ဆင်းရဲရသလား အားလုံးအသိပါပဲ။

ဒါပေမယ့် တရုတ်နိုင်ငံက အမျိုးသားတစ်ယောက်ကတော့ သူရဲ့ သိပ်တိကျတဲ့ ဆံသဆရာကြောင့် အကြီးအကျယ် အံ့အားသင့်ခဲ့ရပါတယ်။ ဖက်ရှင်အမြင်ရှိတဲ့ ဖောက်သည်က သူရဲ့ ဆံသဆရာကို သူလိုချင်တဲ့ ပုံရဖို့ ဗီဒီယိုတစ်ခုကို ဖွင့်ပြခဲ့ပါတယ်။ ဒါပေမယ့် ညှပ်ပြီး ထွက်လာတဲ့ပုံက သူ မျှော်လင့်ထားနဲ့ သိပ်ကို ကွဲလွဲနေတာကိုကြုံတွေ့ခဲ့ရတယ်။

Weibo

အဲ့ဒီ့ ဖောက်သည်က ဘေးနှစ်ဖက်ကို အပေါ်ကအောက် ပြေပြေလေးဆင်းလာတဲ့ ရှိတ်မျိုးထိုးဖို့ ဗီဒီယိုဖွင့်ပြခဲ့ပါတယ်။ ဖြစ်ချင်တော့ လိုချင်တဲ့ပုံကို ပြဖို့ ဗီဒီယိုကို ရပ်လိုက်တဲ့အခါ “play” ခလုတ်ပုံက သူပြတဲ့ ဗီဒီယိုထဲကလူရဲ့ ဘေးရှိတ်ထိုးထားတဲ့ နေရာနဲ့ ကွက်တိကျနေခဲ့တယ်။

READ
ခိုလှုံရာ ရှာနေတဲ့ နားရွက်ပြတ်နေတဲ့ ကြောင်ကလေး Ross

ဆံသဆရာကလည်း တိကျလိုက်ပုံများ ဘာမှန်း ညာမှန်း သေချာတောင်မကြည့်ဘဲ ရပ်ထားတဲ့ ဗီဒီယိုကို ဆက်သွားဖို့အတွက် ပြထားတဲ့  “Play” ခလုတ်ပုံကို ဒဲ့ကြီးထိုးပေးခဲ့လိုက်ပါတယ်။

Weibo
Weibo

ဒီအဖြစ်အဖျက်ကို  Tian Xiu Bot ဆိုတဲ့ လူသိများတဲ့ ဘလော့ဂ်ကာတစ်ဦးက တရုတ်ဆိုရှယ်မီဒီယာ Weibo မှာ ဒီဇင်ဘာ (၃၀) ရက်နေ့က ဖော်ပြခဲ့ပါတယ်။ အဲ့ဒီပိုစ့်ဟာဆိုရင် ဆိုရှယ်မီဒီယာပေါ်မှာ အကြိမ်အရေအတွက် (၂၀၀၀၀) ကျော်လောက် ပြန်လည် ဖော်ပြခံခဲ့ရသလို ကောမန့် (၂၀၀၀၀)၊ လိုက်ခ် (၇၀၀၀၀၀) ကျော်ရခဲ့တဲ့ထိ ပြန်နှံ့ခဲ့ပါတယ်။

Weibo

ဆံသဆရာက ညှပ်မယ့်သူပြတဲ့ ပုံကိုကြည့်ပြီး  တြိဂံပုံတွေကို တကယ် ရိတ်ထိုးမှာလားဆိုတာမေးခဲ့တယ်လို့ သိရပါတယ်။ ဆံသဆရာ ဘာမေးလည်း မသဲကွဲဘဲ “ဟုတ်တယ်” ဆိုပြီးပြောခဲ့ပြီးမှ အခုလို ပုံထွက်လာမှ ဘာကို ဆိုလိုသလဲ ဖောက်သည်မှာ နားလည်သွားခဲ့တယ်။

READ
ရုရှနိုင်ငံက နည်းပညာမြင့် တိုက်ခိုက်ရေးစက်ရုပ်ကားငယ်များ ထုတ်လုပ်

ဆံပင်စတိုင်လ်အသစ်ကို ကျေနပ်ပြီး အခန်းထဲမှာ ဟန်ပါပါနဲ့ လျှောက်ထွက်သွားတဲ့ ဖောက်သည်ရဲ့ ဗီဒီယိုကိုလည်း ဘလော့ဂ်ဖြစ်သူက ဖော်ပြခဲ့ပါသေးတယ်။

ဆံသဆရာကတော့ အခုလို ပုံစံမျိုးက အပြင်မှာ လုံးဝရှိမှာမဟုတ်ဘဲ သူ့အနေနဲ့လည်း တစ်ခါမှ မညှပ်ပေးဖူးသေးဘူးလို့ ပြောပြခဲ့ကြောင်း ဖော်ပြပေးလိုက်ရပါတယ်။

Ref: Daily Mail, Lad Bible

Matthew (ShweMOM)

 

SHARE