အမျိုးသားတွေရဲ့စိတ်ခံစားချက်တွေ အားလုံးကို ဆံပင်ညှပ်ရင်း ရင်ဖွင့်နိုင်မယ့် ဆံသဆိုင်လေး

sheisnotyourrehab

ချစ်သူရည်းစား သို့မဟုတ် အိမ်ထောင်ရေးတစ်ခုမှာ အမျိုးသမီးတွေရဲ့ အနိုင်ကျင့်ခြင်းကို ခံနေရတဲ့ ယောက်ျားသားတွေ ဒီကမ္ဘာပေါ်မှာရှိနေတယ်လို့ပြောရင် သင်ယုံကြည်နိုင်ပါ့မလား။ အနိုင်ကျင့်တယ်ဆိုတဲ့နေရာမှာ ရုပ်ပိုင်းဆိုင်ရာအရချည်းသာမဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာအရ ဖိနှိပ်ထိန်းချုပ်ခံနေရမှုတွေ ပါဝင်နေပါတယ် ဒီအကြောင်းတွေကို အမျိုးသားတော်တော်များများက ရင်မဖွင့်တတ်ကြပါဘူးတဲ့။

ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့စိတ်ထဲမှာ ကြီးစိုးထားတဲ့ မသိစိတ်က ကျားဝါဒတွေကြောင့်ပါ။ ဟုတ်လည်းဟုတ်ပါတယ်။ ငါ့ကိုငါ့ချစ်သူက သိပ်နိုင်တာပဲ၊ ငါ့မိန်းမကိုကြောက်လို့ မလိုက်တော့ပါဘူးကွာစတဲ့စကားတွေကို ဘယ်အမျိုးသာားမှ သူတို့နဲ့သိတဲ့လူတွေကို ပြောပြချင်ကြမှာမဟုတ်ပါဘူး။ နောက် အမျိုးသားတွေဟာ ရင်ဖွင့်တယ်ဆိုတာ သူတို့နဲ့မဆိုင်တဲ့ ဝေါဟာရတစ်ခုလို့ တော်တော်များများသတ်မှတ်ထားတဲ့အတွက်ကြောင့်လည်း ငါများရင်ဖွင့်လိုက်ရင် င့ါကို အထင်သေးသွားမလား၊ ပျော့ညံ့တယ်လို့ထင်သွားမလားနဲ့ တွေးပူတတ်ကြပါတယ်။

sheisnotyourrehab

Bored Panda မှ သတင်းတစ်ပုဒ်အရ Matt Brown ဆိုတဲ့ ဆံသဆရာတစ်ယောက်ဟာ ဆယ်စုနှစ်တစ်ခုကြာရခဲ့တဲ့ အတွေ့အကြုံတွေအရ အမျိုးသားအများစုဟာ ဆံပင်ညှပ်ဆိုင်လာပြီဆိုရင် ဆံပင်ညှပ်ဖို့၊ ခေါင်းလျှော်ဖို့ထက် ကိုယ်မသိတဲ့ တခြားအမျိုးသားတစ်ယောက်ဆီမှာ သူတို့မိတ်ဆွေနဲ့မိသားစုတွေကို ရင်မဖွင့်နိုင်တဲ့အကြောင်းအရာတော်တော်များများကို စကားစမြည်ပြောရင်းနဲ့ ပြောပြတတ်ကြပါတယ်တဲ့။ ဒါကတော့ Matt Brown တစ်ယောက် သူများဆိုင်ရဲ့ ဆံသဆရာအဖြစ် လုပ်ခဲ့တုန်းက အတွေ့အကြုံတွေပေါ့။

READ
သားဖြစ်သူကို iPhone လက်ဆောင်ပေးသလိုနဲ့ April fool လုပ်ခဲ့တဲ့ဖခင်

အမျိုးသမီးတွေကတော့ သူငယ်ချင်းအချင်းချင်း သို့မဟုတ် မိသားစုအချင်းချင်း ရင်ဖွင့်တတ်လေ့ရှိကြလို့ ကိစ္စမရှိပေမယ့် အမျိုးသားတွေအတွက်ကြတော့ ဒီလိုမရှိပါလားဆိုပြီး သိလိုက်ရတဲ့အချိန်မှာ သူဟာ New Zealand က Christchurch မြို့မှာ ကိုယ်ပိုင် ဆံပင်ညှပ်ဆိုင်လေးတစ်ဆိုင်ဖွင့်လာခဲ့ပါတယ်။ စစချင်းတုန်းကတော့ အိမ်အနောက်ဖက် မြေကွက်လပ်မှာ တစ်ယောက်တည်းနဲ့ စခဲ့ပေမယ့်လို့ အခုအချိန်မှာတော့ Matt Brown ရဲ့ ဆံသဆိုင်ဟာ တခြားဘယ်သူနဲ့မှ မတူညီတဲ့ ဝန်ဆောင်မှုမျိုးပေးတာကြောင့် ဝန်ထမ်းတွေပါ ထပ်မံခေါ်ယူနေခဲ့ရပါပြီတဲ့။

sheisnotyourrehab
sheisnotyourrehab

ထူးခြားတဲ့ဝန်ဆောင်မှုဆိုတာကတော့ တခြားမဟုတ်ဘဲ ဆံသပေးရင်းနဲ့ ရင်ဖွင့်တာတွေကို နားထောင်ပေးကာ အကြံပေးတာမျိုးပါ။ ဒါကြောင့် သူ့ဆိုင်က ဆံသဆရာတွေဟာ စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်လို့ ကျွမ်းကျင်ရမယ်၊ ပြီးရင် ဧည့်သည်တွေ ရင်ဖွင့်တဲ့ ကိစ္စမှန်သမျှကို ဝန်ထမ်းအချင်းချင်းတောင်မှပဲ ပြန်မပြောခိုင်းစေခဲ့ပါဘူး။ အခုတော့ Matt Brown ရဲ့ ဆံသဆိုင်လေးကနေ “She Is Not Your Rehab” ဆိုတဲ့ဆောင်ပုဒ်နဲ့ လှုပ်ရှားမှုအဖွဲ့အစည်းလေးတစ်ခုတောင် New Zealand မှာ နာမည်ကြီးနေခဲ့ပါတယ်။

READ
ကိုယ့်သွေးသားမဟုတ်ပေးမယ့် သွေးသားထက်ပိုတဲ့ မေတ္တာကို ခံစားခဲ့ရတဲ့ ဖခင်
sheisnotyourrehab

နောက် relationship တစ်ခုတင်မဟုတ်ဘဲနဲ့ တစ်ချိန်တုန်းက လူဆိုးဂိုဏ်းဝင်ဖူးခဲ့သူတွေ၊ သေကြောင်းကြံစည်ဖူးသူတွေ၊ ထောင်ထဲဝင်ခဲ့ဖူးသူတွေနဲ့ ဆိုးခဲ့မိုက်ခဲ့တာတွေကို နောင်တရသူတွေအတွက်လည်း ရင်ဖွင့်ဖို့ဝန်ဆောင်မှုတွေ ပေးနေခဲ့တာပဲဖြစ်ပါတယ်။ နောက်ပြီး ဘယ်သူ့ကိုမှ မပြောပြဖူးတဲ့ သူတို့ဘဝရဲ့ trauma တွေကိုလည်း ပြောပြတဲ့လူတွေရှိနေပါတယ်တဲ့။ တချို့အမျိုးသားတွေဆိုရင် ဘဝမှာကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ရင်ဖွင့်ရင်း ချုံးပွဲချ ငိုသွားခဲ့သူတွေလည်းရှိတာကြောင့် သူ့ဖက်က တကယ့်ကို စိတ်ပိုင်းဆိုင်ရာနှိမ့်သိမ့်ဆွေးနွေးမှုနဲ့ပတ်သက်ပြီး တစ်ဖက်မှာလည်း လေ့လာခဲ့ရပါသေးတယ်တဲ့။

ဒါကတော့ Matt Brown ရဲ့ TED Talk မှာ ဟောပြောသွားခဲ့တဲ့ video လေးတွေပါ။

သင်ရော အမျိုးသားတွေအနေနဲ့ အခုလိုမျိုး ရင်ဖွင့်ချင်ရဖွင့်လို့ရနိုင်မယ့် စိတ်ချရတဲ့နေရာကောင်းလေးတစ်ခု ဒီမှာရောရှိနေဖို့လိုအပ်နေပြီလို့ ထင်ပါသလား။

Penny

SHARE