ဆံသဆိုင်တွေမှာတွေ့နေကျ စိတ်ဝင်စားစရာကောင်းတဲ့ ဖြူနီပြာတိုင်လုံးများအကြောင်း

unsplash/Dan Gold

ကမ္ဘာတစ်လွှားက ဆံသဆိုင်အများစုမှာ အဖြူခံပေါ် အနီနဲ့အပြာလိုင်းစင်း ပြေးနေတဲ့ တိုင်လုံးလေးတွေကို တွေ့ဖူးမှာပါ။ အခုဖော်ပြပေးမှာကတော့ worldofbuzz သတင်းကနေတွေ့ရတဲ့ ဒီိတိုင်လုံးလေးတွေနောက်ကွယ်က စိတ်ဝင်စားဖွယ် သမိုင်းကြောင်းပါ။

အလယ်ခေတ်အချိန်တုန်းက ဆံသဆရာတွေဟာ ဆံညှပ် မုတ်ဆိတ်ရှင်းအလုပ်တင်မဟုတ်ပဲ ခွဲစိတ်တဲ့အလုပ်နဲ့ သွားအလှပြုပြင်ရေးဆိုင်ရာ အလုပ်တွေကိုလည်း လုပ်ဆောင်ပါတယ်။ တစ်နည်းအားဖြင့် ခွဲစိတ်တဲ့အလုပ်နဲ့ ဆေးကုသပေးတာ ဖြစ်ပါတယ်။ ဥပမာပြောရင် အရိုးဆက်ပေးတာ၊ သွားနှုတ်ပေးတာ၊ သွေးဖောက်တာ၊ မျှော့နဲ့သွေးစုပ်ထုတ်ပေးတာ၊ သွေးထုတ်တာစတဲ့ အလုပ်တွေကို လုပ်ကိုင်ပေးတာ ဖြစ်ပါတယ်။

အရင်ခေတ်တွေတုန်းက ဆရာဝန်နဲ့ခွဲစိတ်ဆရာဝန်ကလွဲရင် ဘုန်းတော်ကြီးတွေဟာ နာမကျန်းသူတွေကို ဆေးကုသပေးရတဲ့ အလုပ်လုပ်ကြပါတယ်။ ဘုန်းတော်ကြီးတွေကို ကူညီပေးရတာကတော့ ဆံသဆရာတွေပါ။ ဆံသဆရာတွေဟာ ထက်မြတဲ့ကိရိယာတွေကို အသုံးပြုရာမှာ ကျွမ်းကျင်တာကြောင့် သူတို့ဟာ ဘုန်းကြီးတွေကို လူနာတွေဆီ သွေးဖောက်ထုတ်တဲ့အလုပ်မှာ ကူညီပေးရပါတယ်။

READ
ကြောင်တွေက တိရစ္ဆာန်အသေတွေကို အိမ်ဆီချီသယ်လာရတဲ့ အကြောင်းရင်း              
unsplash/Arthur Humeau

သွေးဖောက်ထုတ်တဲ့အလုပ်ဟာ ဟိုးခေတ်တွေတုန်းကတော့ တော်တော်ခေတ်စားခဲ့ပါတယ်။ ဂျူးသမ္မာကျမ်းစာနဲ့ အစောပိုင်းအစ္စလာမ်စာရေးဆရာတွေ ရေးသားတဲ့စာအုပ်တွေထဲမှာ သွေးဖောက်ထုတ်တဲ့အကြောင်းကို ဖော်ပြထားတာတွေ ရှိပါတယ်။ ရောဂါဝေဒနာတစ်ခုဖြစ်နေရင် အမြန်ဆုံး သက်သာစေဖို့ ဘယ်ခန္ဓာကိုယ်အစိတ်အပိုင်းကို သွေးဖောက်ထုတ်ရမယ်ဆိုပြီး ညွှန်ပြထားတာတွေ ဖြစ်ပါတယ်။

(၁၁၆၃) ခုနှစ် ပုပ်အလက်စန္ဒား(၃) လက်ထက်မှာတော့ သူဟာ ဘုန်းတော်ကြီးတွေကို လူနာတွေဆီ သွေးဖောက်ထုတ်တဲ့အလုပ်မလုပ်ရတော့ဘူးဆိုပြီး သတ်မှတ်လိုက်ပါတယ်။ အဲ့ဒီအချိန်ကစလို့ အရင်တုန်းက ဘုန်းတော်ကြီးတွေနဲ့ အလုပ်တွဲလုပ်ခဲ့ဖူးတဲ့ ဆံသဆရာတွေဟာ ဘုန်းတော်ကြီးတွေအစား သွေးဖောက်ပေးတဲ့ဝန်ဆောင်မှုကို ဆက်လက်ပေးပြီး ဆံသ-ခွဲစိတ်ဆရာဝန်တွေ ဖြစ်လာကြပါတယ်။

The Burns Archive

ဆံသဆိုင်တွေမှာ တွေ့ရတဲ့ ၄င်းတိုင်လုံးတွေကတော့ သွေးဖောက်တဲ့ဝန်ဆောင်မှုပေးသည်ဆိုတဲ့ အမှတ်လက္ခဏာပဲ ဖြစ်ပါတယ်။ History.com မှာ ဖတ်ရတဲ့ အချက်အလက်အရ  တိုင်လုံးမှာပါတဲ့ အနီရောင်လိုင်းစင်းဟာ သွေးကို ရည်ညွှန်းပါတယ်။ အဖြူရောင်ကတော့ သွေးတိတ်အောင် ပြုလုပ်ရာမှာ အသုံးပြုတဲ့ ပတ်တီးတွေကို ဖော်ပြပါတယ်။ အပြာရောင်ကတော့ အလုပ်လုပ်စဉ်အတောအတွင်းမှာ လူနာဆီက ဖြတ်တောက်ပစ်ရတဲ့ သွေးကြောကို ရည်ညွန်းပါတယ်။

READ
တော်ရုံ စိတ်ကူးမိမှာ မဟုတ်ပေမယ့် သင့် အသက်ကို ကယ်တင်ပေးနိုင်မယ့် အချက် (၆) ချက်
unsplash/Jonathan Weiss

ထူးခြားတာတစ်ခုက တကယ်လို့များ တောင်ကိုရီးယားနိုင်ငံမှာ အခုလိုဖြူနီပြာလိုင်းစင်းတိုင်လုံး နှစ်လုံးကိုပူးတွေ့ရတယ်ဆိုရင်တော့ ပြည့်တန်ဆာလုပ်ငန်းပါ ၀န်ဆောင်မှုပေးတယ်လို့ အဓိပ္ပါယ်ရပါတယ်။ ယနေ့အခါမှာတော့ ဆံသဆိုင်တွေဟာ သွေးဖောက်တဲ့လုပ်ငန်းတွေကို မလုပ်ကိုင်တော့ပေမယ့်  အခုလို ဖြူနီပြာလိုင်းစင်း တိုင်လုံးတွေကိုတော့ ဆံသဆိုင်တွေရဲ့ သင်္ကေတအဖြစ် ဆက်လက်တွေ့မြင်နေရဆဲပဲ ဖြစ်ပါတယ်။

လင်းလင်း (ShweMom)

SHARE