Barbie ကုမ္ပဏီမှ ပုံတူအရုပ်လေးထုတ်ပေးခဲ့တဲ့ ပထမဆုံး မလေးရှားမလေးဖြစ်လာခဲ့တဲ့သူမ

YouTube-Mattel

သူမနာမည်ကတော့ Farah Ann Abdul Hadi ပါ။ မလေးရှားမလေးဖြစ်ပြီးတော့ ဂျွမ်းဘားမယ်တစ်ဦးလည်းဖြစ်ပါတယ်။

သူမဟာ အိုလံပစ်ပွဲတွေမှာလည်း ကိုယ်စားပြူတွေ သွားရောက်ယှဉ်ပြိုင်ခဲ့ပါသေးတယ်။ လုံးဝနာမည်ကြီးသွားစေခဲ့တဲ့ ပွဲတစ်ပွဲကတော့ ၂၀၁၈ ခုနှစ်တုန်းကပြုလုပ်ခဲ့တဲ့ ၂၉ ကြိမ်မြောက် ကွာလာလမ်ပူရဲ့ SEA Game ပွဲတစ်ပွဲမှာပါ။ နောက် ၂၀၁၈ ခုနှစ်တုန်းကလည်း Queensland မှာ ပြုလုပ်ခဲ့တဲ့ Commonwealth Games ပွဲမှာလည်း လူသိများလာခဲ့ပါသေးတယ်။

 

 

View this post on Instagram

 

A post shared by Farah Ann Abdul Hadi (@farahann94)

သူမဟာ မလေးရှားနိုင်ငံရဲ့ ဂျွမ်းဘားလောကမှာ ကမ္ဘာကို ထိုးဖောက်နိုင်ခဲ့တဲ့ အားကစားမယ်တစ်ဦးအဖြစ် အသိအမှတ်ပြုခြင်းကို ခံနေခဲ့ရတာပါ။ ဒါကြောင့်ပဲ Farah ရဲ့ ပုံစံတူကို အရုပ်လေးလုပ်ဖို့အတွက်ကမ်းလှမ်းခဲ့ပါတယ်။

READ
ကျောင်းဆရာမတစ်ဦးက သူမရဲ့နာရေးလာမယ့်သူတွေအတွက် တောင်းဆိုခဲ့တဲ့နောက်ဆုံးဆန္ဒ

 

 

View this post on Instagram

 

A post shared by Farah Ann Abdul Hadi (@farahann94)

YouTube-Mattel

အရုပ်လေးက တခြားတော့မဟုတ်ပါဘူး။ မိန်းကလေးတိုင်း သဘောကျရတဲ့ ဘာဘီရုပ်လေးတွေပါ။ Farah ကတော့ ကိုယ်ပိုင်ဘာဘီရုပ်လေးကို ပိုင်ဆိုင်ခဲ့ပါပြီ။ ၂၉ ကြိမ်မြောက်အိုလံပစ်ပြိုင်ပွဲမှာတုန်းက ပြင်ဆင်ခဲ့တဲ့ ပြိုင်ပွဲဝင်ပုံစံအတိုင်းလေးပဲ ဆံပင်လေးကိုစုစည်းထားခဲ့ပြီး အပြာရောင်ဝတ်စုံလေးကို ဘာဘီရုပ်လေးမှာ ဆင်ပေးထားခဲ့ပါတယ်။ ဒီအပြင် အဲဒီနေ့မှာဝတ်ခဲ့တဲ့ ပန်းဆီရောင်နဲ့ အဖြူရောင် စပ်ကြားဝတ်စုံလေးကိုလည်း ဘာဘီရုပ်လေးရဲ့ အပိုအင်္ကျီအဖြစ် ထည့်သွင်းပေးထားခဲ့တာပါတဲ့။

YouTube-Mattel
YouTube-Mattel

Barbie ကုမ္ပဏီအနေနဲ့ အခုလိုမျိုး Farah နဲ့ ပူးပေါင်းခဲ့တယ်ဆိုတာ မိန်းကလေးငယ်လေးတွေရဲ့ စိတ်ထဲမှာ့ မဖြစ်နိုင်ဘူးဆိုတာ ဘာမှမရှိကြောင်းနဲ့ သတ္တိရှိနေဖို့အတွက် ရည်ရွယ်တာပါတဲ့လေ။

penny

SHARE