PSGကို ၄ဂိုးပြတ်ရှုံးနိမ့်ခဲ့တဲ့ ဘာစီလိုနာအသင်း ဘာတွေများမှားနေခဲ့လဲ

PSG အသင်း အိမ်ကွင်း Parc des Princes မှာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမ ကျော့ ပွဲစဉ်အဖြစ်ကစားခဲ့တဲ့ PSG  အသင်းနဲ့ ဘာစီလိုနာ အသင်းတို့ ကစားခဲ့တဲ့ ပွဲစဉ်မှာ ဘာစီလိုနာအသင်းဟာ ၄-၀ ဖြင့် ဂိုးပြတ်ရှုံးနိမ့်ခဲ့ပါတယ်။ဒီမာရီယာဟာ သူ့ရဲ့ ၂၉ နှစ်ပြည့်မွေးနေ့မှာ ပဲ ရီးရဲလ်အသင်းမှာကစားကတည်းကယှဉ်ပြိုင်ခဲ့ရတဲ့ မဟာပြိုင်ဘက်အသင်းကို တိကျတဲ့ ဖရီးကစ်မှ တဆင့် အဖွင့် ဂိုးသွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ဘာစီလိုနာ အသင်းဟာ နေမာ၊ဆွာရက်ဇ်နဲ့ မက်ဆီ အစရှိတဲ့ ကြယ်ပွင့် ကစားသမားတွေနဲ့ ပွဲထွက်လာခဲ့ပေမဲ့လည်း ဒီမာရီယာ ၂ဂိုး၊ဒရက်စလာ၊ကာဗာနီတို့ တစ်ဂိုးစီသွင်းယူခဲ့တာကို ခွင့်ပြုခဲ့ရတာ ဖြစ်ပါတယ်။

nintchdbpict000301866270

မတ်လ ၉ ရက်နေ့၊ဘာစီလိုနာ အိမ်ကွင်း နူးကမ့်မှာ ဒုတိယ အကျော့အနေနဲ့ ဆက်လက်ယှဉ်ပြိုင်ကစားဦးမှာ ဖြစ်ပြီး ဒီမာရီယာကတော့ ” ဒီလိုထူးခြားတဲ့ မွေးနေ့ မျိုးဖြတ်သန်းရတာ တကယ်အမှတ်တရပါပဲ။ဒီထက်ကောင်းတဲ့ ပျော်ရွှင်မှုတောင် မရှိတော့ ပါဘူး။ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က ချန်ပီယံလိဂ် ဖလားကို ယူဖို့ပါ။အခုကန်ခဲ့ရတဲ့ ပွဲဟာ တော်တော်ခက်ခဲတဲ့ ပွဲဖြစ်ပြီး ကမ္ဘာအကောင်းဆုံး ကလပ်အသင်းတစ်သင်းကို အနိုင်ယူကစားခဲ့တာ ဖြစ်ပါတယ်။ကျွန်တော်တို့ အကောင်းဆုံး ကစားနိုင်ခဲ့ပါတယ်။ကျွန်တော်တို့ မိနစ် ၉၀ လုံးလုံး ထိန်းချုပ်ကစားနိုင်ခဲ့ပြီး နေမာ၊ဆွာရက်ဇ်၊မက်ဆီတို့ကို ထိန်းထားနိုင်ဖို့ ဆိုတာ မလွယ်ပါဘူး။ကျွန်တော်တို့နူးကမ့်မှာ ဒီနေ့ပွဲစဉ်လိုမျိုး ဒါမှမဟုတ် ဒီနေ့ထက်သာ တဲ့ ခြေစွမ်း ဆက်လက် ကစားဖို့ လိုအပ်ပါတယ်။” လို့ဆိုခဲ့ပါတယ်။

READ
ဘောလုံးသမားသာမဖြစ်ခဲ့ရင် လူသတ်သမားဖြစ်မှာလို့ဖွင့်ဟလိုက်တဲ့Flipe Melo

ဘာစီလိုနာ နည်းပြ လူးဝစ် အင်းနရစ်ကတော့ ” ရလာဒ်ဟာ ကျွန်တော်တို့ ကွင်းထဲမှာ ဘယ်လိုကစားခဲ့သလဲဆိုတာကို သက်သေပြနေပါတယ်။ကျွန်တော်တို့ အသင်းကစားပုံဆိုးရွားခဲ့ပါတယ် ” လို့ပြောကြားခဲ့ပါတယ်။ဘာကာ ကွင်းလယ်လူ ဆာဂျီယို ဘတ်ကွက်စ်ကလည်း ” သူတို့ ပိုကောင်းစွာ ကစားနိုင်ခဲ့ပါတယ်။နည်းဗျူဟာ ပိုင်းအရလည်း ပိုကောင်းခဲ့သလို ကွင်းထဲမှာလည်း ကောင်းစွာ ကစားနိုင်ခဲ့ပါတယ်။ ” လို့ဆိုခဲ့ပါတယ်။

nintchdbpict000301878193

ဒီလိုဂိုးပြတ်ရှုံးနိမ့်မှုကြောင့် ဘာစီလိုနာအသင်းဟာ ဒုတိယအကျော့ပွဲစဉ်မှာ အကောင်းဆုံး ကစားဖို့ လိုအပ်ပါတယ်။ဒါပေမဲ့ ချန်ပီယံလိဂ် သမိုင်းတစ်လျှောက်မှာ ပထမအကျော့ ၄ ဂိုးပြတ် ရှုံးနိမ့်ခဲ့ရင် နောက်တစ်ဆင့်ကို ဘယ်အသင်းမှ တတ်မလာနိုင်သေးတဲ့ မှတ်တမ်းရှိပါတယ်။PSG  အသင်းဟာ နိုင်ငံလိဂ်မှာတော့ ၂၀၁၃ ခုနှစ်ကတည်းကစပြီး ပြင်သစ်လိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပြီး ချန်ပီယံလိဂ် ပြိုင်ပွဲမှာတော့ အောင်မြင်မှုကြီးကြီးမားမား မရရှိသေးပါဘူး။

READ
တန်းတက်ခဲ့လို့ ကစားသမားတွေကို ယူရို(၃)သန်းစီ ဆုကြေးပေးတဲ့ တရုတ်ကလပ်အသင်း

C4qGJhUWYAAv1pS

ဒါပေမဲ့ ယခုပွဲအပြီးမှာPSG  အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ဘာစီလိုနာ အသင်းကို ၄ ဂိုးသွင်းယူနိုင်ခဲ့တဲ့ အသင်းအဖြစ် ၆ သင်းမြောက်ဖြစ်လာခဲ့ပါတယ်။(1994 မီလန်၊ဒိုင်နမိုကိယဗ်၊ဗလင်ဆီယာ၊ချဲလ်ဆီး၊ဘိုင်ယန် မြူးနစ်)
ဒီမာရီယာဟာ ဒီပွဲအပြီးမှာ ချန်ပီယံလိဂ် သွင်းဂိုး ၄ ဂိုးသွင်းယူထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

Lumos (Shwemom)

Ref : The Sun

SHARE