၆ – ၁ နဲ့ PSG ကို အနိုင်ရကာ ကွာတားဖိုင်နယ်ကို တက်ရောက်သွားခဲ့တဲ့ ဘာစီလိုနာ

ဘာစီလိုနာအသင်းဟာ PSG အသင်းကို ပထမအကျော့မှာ ၄-၀ နဲ့ ရှုံးနိမ့်ခဲ့ပေမဲ့ ဒုတိယအကျော့ အိမ်ကွင်းနူးကမ့်မှာ ၆-၁ နဲ့ ပြန်လည်ချေပခဲ့ပြီး ချန်ပီယံလိဂ် ကွာတားဖိုင်နယ် အဆင့်ကို အံအားသင့်ဖွယ်တက်ရောက်သွားခဲ့ပါတယ်။၉၅ မိနစ်မှာ သွင်းယူခဲ့တဲ့ ဆာဂျီယို ရိုဘတ်တိုရဲ့ သွင်းဂိုးကြောင့် ဘာစီလိုနာ အသင်းဟာ ချန်ပီယံလိဂ် သမိုင်းတစ်လျှောက် ပထမအကျော့မှာ ၄-၀ နဲ့ရှုံးနိမ့်ထားပြီးမှ နောက်တစ်ဆင့်တက်အောင် စွမ်းဆောင်နိုင်တဲ့ ပထမ အသင်းအဖြစ် စာရင်းဝင်ခဲ့ပြီး ကွာတားဖိုင်နယ်ကို ၁၀ နှစ်  ဆက်တိုက် တက်ရောက်နိုင်ခဲ့ပါတယ်။

၃ မိနစ်မှာ သွင်းယူခဲ့တဲ့ လူးဝစ် ဆွာရတ်ဇ်ရဲ့ ၁ ဂိုး၊PSG အသင်းမှ ကာဇာဝါက ၄၀ မိနစ်မှာ OG တစ်ဂိုး၊၅၀ မိနစ်မှာ မက်ဆီရဲ့ ပယ်နယ်တီ သွင်းဂိုးတစ်ဂိုး၊နေမာက ၈၈ မိနစ်နဲ့၊၉၀+၁ မိနစ် ပယ်နယ်တီသွင်းဂိုး စုစုပေါင်း ၂ ဂိုး၊ ၉၀+၅ မှာ သွင်းယူခဲ့တဲ့ ဆာဂျီရဲ့ နောက်ဆုံးသွင်းဂိုးတို့ကြောင့် ဘာစီလိုနာအသင်းဟာ နှစ်ကျော့ပေါင်း ၆- ၅ နဲ့ နောက်တစ်ဆင့်ကို တက်လှမ်းသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။ဘာစီလိုနာအသင်းဟာ ၈၈ မိနစ်မတိုင်ခင်အထိ နှစ်ကျော့ပေါင်းရလဒ် ၅-၃ နဲ့ ရှုံးနေဆဲဖြစ်ပေမဲ့ နောက်ဆုံး ၇ မိနစ် အသွင်းမှာ ၃ ဂိုးသွင်းယူပြီး အနိုင်ယူခဲ့တာ ဖြစ်ပါတယ်။

READ
အင်္ဂလန် VS ရုရှ (ပွဲကြို-အထူးခန့်မှန်းချက်)

ပွဲအပြီးမှာတော့ ဘာစီလိုနာ ကွင်းလယ်လူ အိုင်ဗန် ရာကီတစ်က ” ပွဲစဉ်က လုံးဝ မယုံနိုင်စရာပါပဲ။အသင်းဖော်တွေ၊ကမ္ဘာအနှံက လူတွေ၊ပရိတ်သတ်တွေနဲ့ ဒီကွင်းကို ကျေးဇူးတင်ပါတယ်။ ပဲရစ်မှာ  ကစားခဲ့ရတဲ့ပထမ အကျော့ ပွဲစဉ်ဟာ ကျွန်တော်တို့ အတွက် တကယ်ခက်ခဲ့ပါတယ်။ဒါပေမဲ့ ဒီနေ့ကတော့ သမိုင်းဝင်နေ့ပါပဲ။ပထမအကျော့ ၄-၀ နဲ့ရှုံးနိမ့်ခဲ့တာ ဟာ တကယ်ခက်ခဲပေမဲ့ ဘောလုံးမှာ ဘာမဆိုဖြစ်သွားနိုင်ပါတယ်။ကျွန်တော်တို့တော့ ကမ္ဘာအကောင်းဆုံး အသင်းအဖြစ် ကမ္ဘာကြီးကို ကြေညာလို့ရပါပြီ။ကျွန်တော်တို့ ဆက်ကြိုးစားသွားဦးမှာပါ ” လို့ဆိုခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့မှာ ကန်ခဲ့တဲ့ ဘာကာ PSG ပွဲစဉ်မှာ ဘာစီလိုနာ အသင်းဟာ ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် ဒုတိယအကျော့မှာ အကောင်းဆုံး ပြန်လည် အနိုင်ယူခဲ့တဲ့ အသင်းအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။

အရင်ကမှတ်တမ်းတင်ထားခဲ့တဲ့ ဒုတိယအကျော့မှာ အကောင်းဆုံးပြန်လည် အနိုင်ယူခဲ့တဲ့ အသင်းကတော့ ဒီပို့တီပို့ အသင်းဖြစ်ပြီး ချန်ပီယံလိဂ် ချန်ပီယံ အေစီမီလန်ကို ၂၀၀၄ ခုနှစ်မှာ အနိုင်ယူပြီး နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ဒီပွဲစဉ်မှာ ဒီပို့တီပို့ အသင်းဟာ ကွာတားဖိုင်နယ်ပထမ အကျော့မှာ ၁-၄ နဲ့ ရှုံးနိမ့်ခဲ့တာ ဖြစ်ပြီး ဒုတိယအကျော့မှာ ၄-၀၊ နှစ်ပွဲပေါင်းရလဒ် ၅-၄ နဲ့ နောက်တစ်ဆင့်ကို တက်လှမ်းခဲ့တာ ဖြစ်ပါတယ်။

READ
၂၇-၈-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Arkar Hein (Shwemom)

Ref : The Sun/BBC

SHARE