ကပ်ဘေးကာလအတွင်း ပထမဆုံးပြန်ဖွင့်တဲ့ပွဲကို ထူးထူးဆန်းဆန်းလုပ်ခဲ့တဲ့ အော်ပရာခမ်းမ

Website- Liceu Opera Barcelona

တစ်ကမ္ဘာလုံးရောဂါထိန်းချုပ်ဖို့အတွက် အတတ်နိုင်ဆုံး stay home တွေနေကြတယ်၊ social distancing တွေလုပ်ကြရတယ်။ ဒီတော့ လူစုလူဝေးဖြစ်စေတဲ့ စားသောက်ဆိုင်တွေ၊ စတိုးဆိုင်တွေကစလို့ ဖျော်ဖြေရေးနေရာတွေဖြစ်တဲ့ ရုပ်ရှင်ရုံတွေ၊ ရှိုးပွဲတွေ၊ ကလပ်တွေစတာတွေလည်း အားလုံးပိတ်ထားခဲ့ကြရပါတယ်။

အဲဒီအထဲ Barcelona Opera House လည်း ပါဝင်နေခဲ့ပါတယ်။ စစချင်း ဖြစ်ပွားခဲ့တုန်းကတော့ အော်ပရာခမ်းမကို လုံးဝကြီးပိတ်ထားခဲ့ပေမယ့်လို့ အခုလို အခြေအနေတွေ အနည်းငယ် ပြန်လည်တည်ငြိမ်လာစပြုတဲ့အချိန်မှာတော့ ပညာရှင်တွေအားလုံးပေါင်းပြီး ဖျော်ဖြေရေးအစီအစဉ်တွေကို ပြုလုပ်ခဲ့ကြပါမယ်။ ဒါပေမဲ့ ဧည့်သည်တွေတော့မပါဘူးပေါ့။

Website- Liceu Opera Barcelona
Website- Liceu Opera Barcelona
Website- Liceu Opera Barcelona

ဘာဆီလိုနာမှာရှိနေတဲ့ Gran Teatre del Liceu အော်ပရာခမ်းမဟာ သိပ်ကိုခမ်းနားလွန်းတဲ့ အအ်ာပရာခမ်းမတွေထဲ တစ်ခုအပါအဝင်ဖြစ်နေပါတယ်။ ပွဲကိုတော့ တူရိယာပညာရှင်တွေချည်းပဲ တီးမှုတ်ခဲ့ကာ ဇွန်လ ၂၂ ရက်နေ့မှာပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။ ဧည့်သည်လည်း မခ်ါရဘူးဆိုတော့ ဘယ်လိုစိတ်ဝင်စားအောင် လုပ်ကြမလဲဆိုပြီး စဉ်းစားကြတဲ့အခါ ပွဲစီစဉ်သူအနုပညာရှင် Egnio Ampudia က အပင်လေးတွေနဲ့ ခုံတွေကိုဖြည့်မယ်ဆိုတဲ့စိတ်ကူး ရသွားခဲ့တာပါတဲ့။

READ
အအိပ်မက်သူတွေကို အခကြေးငွေပေးပြီး ငှားရမ်းနေတဲ့ အိန္ဒိယကုမ္ပဏီ
Website- Liceu Opera Barcelona
Website- Liceu Opera Barcelona
Website- Liceu Opera Barcelona

ဒါကြောင့် အလှူရှင်တွေဆီကနေ အပင်တွေကို အလှူခံခဲ့ကြပါတယ်။ အပင်အလှူခံတာ အဲလောက်မခက်ခဲပေမယ့်လို့ အပင်တစ်ပင်ချင်းဆီကို အော်ပရာခမ်းမရဲ့ခုံတွေပေါ် တင်ရတာကတော့ သူတို့အတွက် တော်တော်လေး ခက်ခဲခဲ့ကြပါတယ်တဲ့။

ဒါပေမဲ့လည်းနောက်ဆုံးမှာတော့ အပင်ပေါင်း ၂,၂၉၂ ပင်နဲ့ အော်ပရာခမ်းမတစ်ခုလုံးပြည့်နှက်သွားခဲ့ပြီး တကယ့်ကို အနုပညာဆန်တဲ့ ဖျော်ဖြေပွဲတစ်ခုကို ပြုလုပ်ခဲ့ကြပါတော့တယ်။ ဖျော်ဖြေပွဲကိုလည်း အားလုံးကြည့်နိုင်အောင် YouTube နဲ့ Barcelona Opera House website မှာ တင်ပေးခဲ့ပါသေးတယ်။

READ
ဇာတ်ဝင်ခန်း ပိုပီပြင်စေဖို့ တကယ့်လေယာဉ်အစစ်ကို ဖောက်ခွဲခဲ့တဲ့ နာမည်ကျော် ဒါရိုက်တာ

Penny

SHARE