တစ်ကမ္ဘာလုံးကပ်ရောဂါဘေးကို ခံစားနေရတာ နှစ်ဝက်တောင် ကျော်လာခဲ့ပေမယ့်လည်း အခုချိန်ထိ ဘယ်သွားသွား၊ ဘာလုပ်လုပ်စိတ်မချရသေးတာကြောင့် အပြင်သွားလျှင် mask တပ်ပါ၊ လက်ကိုဆပ်ပြာနဲ့ စက္ကန့် ၂၀ ကြာအောင် ပွတ်တိုက်ဆေးပါ၊ လူစုလူဝေးရှောင်ရှားပါဆိုတဲ့ စည်းကမ်းချက်တွေကို လိုက်နာနေရဦးမှာပါပဲ။
ဒါပေမဲ့လည်း လူတွေဟာ ဖြစ်ခါစကနဲ့ယှဉ်ရင် ဖြစ်ပွားမှုနှုန်း နည်းလာတဲ့အတွက်ကြောင့် လူတွေဟာလည်း စည်းကမ်းချက်တွေအပေါ် တဖြေးဖြေးနဲ့ပေါ့လျာ့လာခဲ့ကြပါပြီ။ အပြင်သွားရင် mask ကို မေးစေ့မှာချိတ်ရုံတင်မကတော့ဘူး။ တချို့ဆို လုံးဝ mask မပါဘဲ လိုင်းကားတိုးစီးတဲ့အထိ ဖြစ်လာခဲ့ကြတာပါ။ တချို့ လူသွားလူလာများတဲ့နေရာတွေမှာ အရင်ကတော့ mask မပါရင် ပေးမဝင်ဘူးဆိုတဲ့ စနစ်ကိုကျင့်သုံးခဲ့ကြပေမယ့် အခုနောက်ပိုင်းမှာတော့ မသိမသာတစ်ယောက်စ နှစ်ယောက်စကို mask မပါလည်းဘဲ မသိချင်ယောင်ဆောင်ကာ ဘာမှကိုမပြာတောတာပါ။
ဒီလိုစည်းကမ်းတွေ ဖရိုဖရဲဖြစ်နေတဲ့အချိန်မှာ ကော်ဖီဆိုင်ကဝန်ထမ်းလေးတစ်ယောက်ကတော့ စည်းကမ်းမလိုက်နာတဲ့ စားသုံးသူတစ်ယောက်ကို ယဉ်ကျေးစွာနဲ့ပဲ ဈေးမရောင်းဘဲ ပြန်လွှတ်ခဲ့လို့ ဒေါ်လာထောင်နဲ့ချီပြီး မုန့်ဖိုးအပေးခံရခဲ့တယ်လို့ Gwinnett မှာ ဖော်ပြထားခဲ့ပါတယ်။

ပြီးခဲ့တဲ့တနင်္လာနေ့တုန်းက Lenin Gutierrez ဆိုတဲ့ အသက် ၂၄ နှစ်အရွယ် ကောင်လေးဟာ ထုံးစံအတိုင်းပဲ Starbucks မှာ အလုပ်ဆင်းနေခဲ့ပါတယ်။ ဆိုင်ဖွင့်လို့ မကြာသေးတဲ့အချိန်မှာပဲ အမျိုးသမီးတစ်ယောက် ဆိုင်ထဲကို mask မပါဘဲ ခပ်တည်တည်နဲ့ဝင်လာခဲ့ပြီး ကော်ဖီတစ်ခွက်မှာခဲ့ပါတယ်။ ဒါပေမဲ့ Lenin Gutierrez ကနေပြီး အမျိုးသမီးကို ပြေပြေလည်လည်ပဲ mask ပါရင် ဆိုင်စည်းကမ်းအရ ရောင်ခွင့်မရှိလို့ mask လေးတပ်ပေးပါလို့ပြောတာကို အဲဒီအမျိုးသမီးကနေပြီး Lenin Gutierrez ကို အောဟစ်ပြီး ဆဲရေးတိုင်းထွာခဲ့တယ်လို့ ပြောပြခဲ့ပါတယ်။
ဒါကို အားလုံးမြင်တွေ့ခဲ့တဲ့ နောက်ထပ်စားသုံးသူ Amber Lynn Gilles ဟာ ဗီဒီယိုရိုက်၊ တာဝန်ကျေလှတဲ့ ဝန်ထမ်းလေး Lenin Gutierrez ကို ဓာတ်ပုံရိုက်ကူးခဲ့ပြီး အခုလိုပဲ Facebook မှာ post တင်လာခဲ့ပါတယ်။
Meet lenen from Starbucks who refused to serve me cause I’m not wearing a mask. Next time I will wait for cops and bring a medical exemption.
Posted by Amber Lynn Gilles on Monday, June 22, 2020
ဒီတင်မကသေးဘဲ ဒီ Facebook post ကို မြင်သွားခဲ့တဲ့ Matt Cowan ဆိုသူ အမျိုးသားဟာ ဝန်ထမ်းလေးကို ဘောက်စူးပေးရအောင်ဆိုပြီး အလှူခံခဲ့ပါတယ်။ အလှူခံတာ ၆ ရက်ပဲရှိသေးတယ် အခုဆိုရင် ဒေါ်လာ ၉ သောင်းကျော်တောင် ရနေခဲ့ပါပြီ။ အလှူပေးတဲ့ပုဂ္ဂိုလ်တွေရှိနေသ၍ Lenin Gutierrez ကို ပိုက်ဆံတွေ တစ်ပြားမကျန် အကုန်ပြန်လှူဒါန်းသွားမှာဖြစ်တယ်လို့ Matt Cowan ကလည်း CNN ကိုပြောလာခဲ့ပါတယ်။
အဓိက Lenin Gutierrez ကို လူတွေ သဘောကျချီးကျူးရတဲ့အကြောင်းအရင်းကတော့ တစ်ယောက်လေး ရောင်းလိုက်လည်း ဘာမှမဖြစ်ပါဘူးလေဆိုပြီး စည်းကမ်းဖျက်တဲ့လူတွေထဲ မပါလို့ပါပဲတဲ့။

Penny