လူကြီးပုံသဏ္ဍာန် ဖြစ်လာခဲ့ပြီဖြစ်တဲ့ Donald Trump ရဲ့ သားချောလေး Barron

Instagram/BaronTrumphoto

အမေရိကန်သမ္မတ Donald Trump မှာ တရားဝင်ဇနီးသည်အနေနဲ့ Ivana Zelníčková,  Marla Maples နဲ့ Melania Knauss ဆိုပြီး ရှိနေပါတယ်။ Ivana နဲ့ကတော့ ၁၉၂၂ ခုနှစ်မှာကွာရှင်းလိုက်ခဲ့ကာ Marla နဲ့တော့ ၁၉၉၉ ခုနှစ်မှာပဲ ကွာရှင်းလိုက်ခဲ့ပါပြီ။ လက်ရှိ Melania နဲ့ကတော့ ၂၀၀၅ ခုနှစ်မှာ လက်ထပ်ခဲ့ကာ လက်ရှိအချိန်အထိ လက်တွဲနေခဲ့တာပဲဖြစ်ပါတယ်။

ပထမဇနီးသည် Ivana နဲ့ကတော့ Donald Jr., Ivanka နဲ့ Eric ဆိုတဲ့ သား ၂ ယောက်၊ သမီး ၁ ယောက်ထွန်းကားလာခဲ့ပြီး ဒုတိယအိမ်ထောင် Marla နဲ့ကတော့ Tiffany ဆိုတဲ့သမီးတစ်ယောက် ထွန်းကားခဲ့ပါတယ်။ လက်ရှိ Ivana နဲ့ကတော့ သားအငယ်ဆုံးလေး Barron Trump ပဲဖြစ်ပါတယ်။

Barron လေးဟာ ဖခင် Trump သမ္မတစဖြစ်တဲ့အချိန်တုန်းကတောင် အသက် ၁၁ နှစ်ပဲရှိပါသေးတယ်။ အသက် ၁၁ နှစ်ဆိုတဲ့အရွယ်ဟာ ကလေးသာသာအရွယ်လေးပဲရှိပါသေးတယ်။ မိခင် Melania ရဲ့ အုပ်ထိန်းမှုအောက်မှာ Barron လေးဟာ ဖခင်ရဲ့နိုင်ငံရေးအရှုပ်အထွေးထဲ ဘယ်တော့မှ ကြားညပ်သွားလေ့မရှိပါဘူး။

READ
အရှိန်လျော့ထားတဲ့ကားဆီဝင်တိုးပြီး ပိုက်ဆံညှစ်ဖို့ကြိုးစားခဲ့တဲ့ အမျိုးသမီး

အရင်တုန်းက ခရီးစဉ်တချို့မှာ Trump ရဲ့နောက် တွေ့တွေ့နေရတဲ့ ကလေးလေး Barron ဟ အခုဆိုရရင် ဖခင်ထက်တောင်အရပ်ရှည်နေတဲ့ လူပျိုကြီး ဖားဖားဖြစ်နေခဲ့တာကို အခုရက်ပိုင်းအတွင်းတွေ့လိုက်ရပါတယ်။ လူကြးထဲမထွက်တာလည်း အမြဲတမ်းလိုလို ခပ်ကြဲကြဲဖြစ်နေခဲ့တာကြောင့်လားမသိဘူး ဒီတစ်ခေါက် Barron လေးရဲ့ပြောင်းလဲမှုကတော့ တော်တော်လေးကို သိသာနေခဲ့ပါတယ်။

၂၀၀၆ ခုနှစ်ဖွားဖြစ်တာကြောင့်အခုဆိုရင် အသက် ၁၃ နှစ်သာ ရှိဦးမှာပါ။ သာမန် ၁၃ နှစ်သားတစ်ယောက်ရဲ့ပုံသဏ္ဍာန်အချိုးအစားထက် ပိုထွားနခေဲ့ကာ မျက်နှာထားလေးကလည်း တော်တော်လေး ရင့်ကျက် တည်ငြိမ်တာလာကို တွေ့ရမှာပါ။

Penny

SHARE