Barron Trump ကတော့ Donald Trump ရဲ့ အငယ်ဆုံးသားလေးပါ။ Baron အနေနဲ့ အသက် ၁၄ နှစ်ရှိနေပြီဖြစ်ပေမယ့်လည်း အခုအချိန်ထိ ဆိုရှယ်မီဒီယာမှာ လုံးဝမတွေ့ရတဲ့အပြင်ကိုမှ အမြဲတမ်းလိုလို တမှိုင်မှိုင်တထိုင်ထိုင်နဲ့ပဲ မြင်တွေ့နေရတာပါ။
လက်တလောမှာတော့ Tiktok မှာ Barron လေးအကြောင်းခေတ်စားနေပါတယ်။ ခေတ်စားတဲ့ပုံကလည်း တော်တော်လေးကို ဆန်းကျယ်နေခဲ့တာပါ။ Barron Trump လေးကို ကယ်ကြပါဆိုပြီးတော့ ဗီဒီယိုတွေတက်နေခဲ့တာပဲဖြစ်ပါတယ်။

@jenna_barbowski##greenscreen anonymous come steal barron ##barrontrump ##savebarron ##savebarron2020 ##foryoupage ##fyp♬ To Build A Home – The Cinematic Orchestra & Patrick Watson
Tiktok က ဗီဒီယိုတစ်ချို့ကို ဖော်ပြပေးပါမယ်။ @purpleteletubbie ဆိုတဲ့ account ရဲ့ ဗီဒီယိုကတော့ “Barron လေးဟာ အတန်းထဲမှာလည်း ငိုခဲ့တယ်တဲ့။ ဘာလို့လဲဆိုတော့ သူဟာ LGBTQ+ ဖြစ်နေခဲ့တာကြောင့် ဖိနှိပ်မှုများနေတဲ့ အိမ်ကိုမပြန်ချင်ဘဲနဲ့ အခန်းထဲက သူငယ်ချင်းတွေရဲ့ အားပေးမှုတွေကြောင့် စိတ်မကေင်းတွေဖြစ်ပြီးတော့ ငိုခဲ့တာပါတဲ့။

နောက်ထပ် @awesomely.h0echelle ရဲ့ ဗီဒီယိုအရတော့ Barron ဟာ Donald Trump ကြောင့်ပဲ အားကစားဆိုလည်းကျောင်းမှာမလပ်ရ၊ ဆိုရှယ်မီဒီယာလည်းမသုံးရ၊ စောင့်ကြည့်နေတဲ့ သက်တော်စောင့်တွေကြောင့်လည်း သူငယ်ချင်းမထားရဲဘဲရှိနေခဲ့ပါတယ်တဲ့လေ။ ဆယ်ကျော်သက်ပီပီ ဂိမ်းလေးဆော့ချင်တာတောင် account ဗလး ခိုးဖွင့်ထားခဲ့ရတာပါတဲ့လေ။ Anime လေးတွေကြည့်လိက် roblox မှာ ဂိမ်းလေးဆော့လိုက်နဲ့ ဘ၀ကြီးကို အထီးကျန်စွာ ဖြတ်သန်းနေရပါတယ်တဲ့။

ဒီလိုမျိုး “Save Barron Trump” ဆိုတဲ့ ဗီဒီယိုတွေဟာ Tiktok မှာ တော်တော်လေးကို ပြန့်နှံ့နေခဲ့တာပါ။ တင်သမျှလူတိုင်းဟာလည်း Barron နဲ့ အသက်မတိမ်းမယိမ်း ဆယ်ကျော်သက်လေးတွေချည်းပါပဲ။ ဒီအပြင် Barron ရဲ့ဘ၀ဟာ Donald Trump ရဲ့ ထိန်းချုပ်မှုအောက်မှာ တင်းကြပ်စွာရှိနေခဲ့တာဖြစ်ပြီးတော့ ကလေးသူငယ်အခွင့်အရေး ချိုးဖောကခံနေရတယ်ဆိုပြီးလည်း လူတွေက ထင်ကြေးပေးနေခဲ့ကြပါတယ်။
@barronsacoolguyWe love you Barron❤️ ##fyp ##savebarron2020 ##savebarron♬ Origami sound by lillianhepler – .

အရင်တုန်းက “Save Barron Trump” လိုမျိုး “Free Melania” ဆိုတဲ့ trend တစ်ခုလည်း ပေါ်ခဲ့ပါသေးတယ်။ အဲဒီတုန်းကတော့ Barron ရဲ့ မိခင် သမ္မတကတော်ဟောင်း Melania ဟာ ခင်ပွန်းဖြစ်သူ Donald Trump ရဲ့ လက်ဝါးကြီးအုပ်ထားခြင်ကိုခံနေရပြီးတော့ စိတ်ပိုင်းဆိုင်ရာအရ ထိန်းချုပ်ခြင်းခံနေရတယ်ဆိုပြီး ပြောစမှတ်တွင်ခဲ့ပါသေးတယ်။
penny